cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“မျောက်ငိုသီးပင်စိုက်ပျိုးနည်း”

. Cultivation Methods
အစိမ်းရောင်ရှိပြီး တညင်းသီးနှင့် အနံ့၊ အရ သာ ဆင်တူသော မျောက်ငိုသီးများကို အရှေ့ တောင်အာရှတစ်ဝိုက်နှင့် ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံ၌ပါ တွင်ကျယ်စွာ စားသုံးလာကြပြီဖြစ်ပါ သည်။ မျောက်ငိုသီးကို အင်္ဂလိပ်လို Stink bean/Bitter bean/ Twisted cluster bean ဟု ခေါ်ကြပြီး မလေးရှားဘာသာစကားအတိုင်းPetai ဟုလည်း အမည်တွင်ပါသည်။ မြန်မာနိုင်ငံတွင် မျောက်ငိုသီးကို သစ်လိမ်သီး၊သစ်ကဇော်၊ဇောင်းသစသည်ဖြင့် ဒေသအလိုက် အခေါ်အဝေါ်အမျိုးမျိုးနှင့် ခေါ်ဝေါ်ကြ ပါသည်။ ရုက္ခဗေဒအမည်မှာ Parkia speciosa ဖြစ်ပါသည်။ ပဲမျိုးရင်းဝင်အုပ်စု (Fabaceae) တွင် ပါဝင်ပြီး မျောက်ငိုသီး၏မူရင်းဒေသမှာ မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ထိုင်းတောင်ပိုင်းနှင့် ဖိလစ်ပိုင် တို့ဖြစ်သည်။
  • သွင်ပြင်လက္ခဏာ 

    မျောက်ငိုပင်သည် ထောင်မတ်ရှည်လျားသည့် သစ်မာပင် အမျိုးအစားဖြစ်ကာ နှစ်ရှည်ပင် ဖြစ်ပြီး ပေ (၅၀) မှ ပေ (၁၀ဝ) အထိ အမြင့်ရှိသည်။ အစိမ်းရောင်ရှိသော အသီးတောင့်သည် ရှည်ပြီး အပြားလိုက် လိမ်ကောက်နေပါသည်။ တချို့မှာ မျောက်ငိုသီးကို ဘောစကိုင်း(အဝေယာ)သီးနှင့် လွဲတတ်ကြပါသည်။ 

    ရာသီဥတု 

    မျောက်ငိုပင်သည် အပူအအေး သမမျှတ သော ရာသီဥတုကို ကြိုက်နှစ်သက်ပါသည်။ပျမ်းမျှ အပူချိန်မှာ (၂၀-၂၈) ဒီဂရီစင်တီဂရိတ်ဖြစ်ပါသည်။ သို့သော် (၁၆-၃၆) ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည် ရှိကြသည်ဟုလည်း သိရပါသည်။ သင့်တော်သည့် တစ်နှစ် ပတ်လုံးအတွက် ပျမ်းမျှ မိုးရေချိန်မှာ (၃-၆) လက်မ ဖြစ်ပါသည်။ 

    မြေအမျိုးအစား 

    ရေစီးရေလာကောင်းသော နုန်းမြေ၊ ရွှံ့နုန်း မြေများတွင် ကောင်းစွာ ဖြစ်ထွန်းနိုင်ပါသည်။ထို့ပြင် ရေလွှမ်းသောမြေများတွင်လည်း ပေါက်ရောက်နိုင်ကြောင်း တွေ့ရှိရပါသည်။ သင့်တော်သည့် စံမှာ (၅.၅-၇) ဖြစ်သည်။ 

    စိုက်ပျိုးခြင်း 

    များသောအားဖြင့် အစေ့မှပျိုးထောင်ပြီး စိုက်ပျိုးကြပါသည်။ ကိုင်းဖြတ်ဆက်နည်း/ အဖူးမြှုပ် ခြင်းနည်းတို့ဖြင့်လည်း စိုက်ပျိုးနိုင်သည်။ မျိုးစေ့များကို မြေသြဇာ ကောင်းစွာထည့်သွင်းထား သော ပျိုးဘောင်(သို့)ပျိုးအိတ်များထဲသို့ ပျိုးထောင်စိုက်ပျိုးထားနိုင်ပါသည်။ ပျိုးထောင်မည့်မြေသည် နွားချေးဆွေး၊ ဖွဲပြာ၊ မြေကြီးတို့ကို ဆတူရောနှောထားသော မြေမျိုးဖြစ်ဖို့ လိုအပ်ပါသည်။ ပျိုးသက် (၁၀) လ-တစ်နှစ်ရှိသောအခါ အမြင့်သုံးပေခန့်ရှိလာသည့် ပျိုးပင်ငယ်များကို မြေဆွေး အပြည့် ထည့်ထားသော (၂) ပေ၊ (၃) ပေပတ်လည် စိုက်ကျင်းများထဲသို့ ပြောင်းရွှေ့စိုက်ပျိုးနိုင်ပြီဖြစ်ပါ သည်။ ပင်ကြားတန်းကြားမှာ ပေ (၃၀) x ပေ (၃၀) ဖြစ်ပါသည်။ ငှက်ပျောကဲ့သို့သော စီးပွားဖြစ်သီးနှံ များနှင့် သီးညှပ်စိုက်ပျိုးနိုင်သလို ကော်ဖီစိုက်ပျိုးခြင်းနှင့်အခြားသော ပျိုးခင်းများအတွက်လည်း အရိပ် ပင်အဖြစ် အသုံးပြု စိုက်ပျိုးနိုင်ပါသည်။ 

    မြေသြဇာကျွေးခြင်းနှင့်အပင်ပြုစုစောင့်ရှောက်ခြင်း 

    အပင်ငယ်စဉ်တွင် ကွန်ပေါင်းဓာတ်မြေသြ ဇာ ၁၅ပတ်လည် (NPK - 15:15:15) ကို ခြောက်လ တစ် ကြိမ် ကျွေးပေးရမည်။ မျိုးပွားအဆင့်ဖြစ်သော ပန်းပွင့်ပြီး အသီးသီးသည့်အချိန်မျိုးတွင် ကွန် ပေါင်း ဓာတ်မြေသြဇာ(NPK - 12:24:12)ကို ခြောက် လတစ်ကြိမ် ကျွေးပေးနိုင်ပါသည်။ အနည်းဆုံး တစ်နှစ်လျှင်တစ်ကြိမ် ပေါင်းရှင်းခြင်းကိုလည်း လုပ်ဆောင်ပေးရမည်။ ခူးဆွတ်ရန် သင့်တော်သော အမြင့်ရှိနေရန်အတွက် ကိုင်းချိုင့်ခြင်းကို အစောပိုင်း အဆင့်များတွင် လုပ်ဆောင်ပေးထားသင့်ပါသည်။ သီးကိုင်းများစေရန်အတွက်လည်း အပင်ငယ်စဉ်ကတည်းက ခေါင်နှိမ်ပြုပြင်ပေးသင့်ပါသည်။ 

    သီးပွင့်ခြင်းနှင့်ရိတ်သိမ်းခူးဆွတ်ခြင်း 

    မျောက်ငိုပင်၏ ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ် သည် အဓိကအားဖြင့် လင်းနို့များနှင့် လုပ်ဆောင် ပါသည်။ မျောက်ငိုပင်သည် အပင်သက်တမ်း ၅နှစ် -၇နှစ်ဆိုလျှင် အသီးအပွင့်များ စတင်ရရှိပါသည်။ ပန်းစပွင့်သည့်အချိန်မှစပြီး ခူးဆွတ်သည့်အချိန် အထိ ကာလသည် နှစ်လကျော်ကျော်ခန့် ကြာမြင့် တတ်ပါသည်။ အပင်သက်တမ်းနှင့် ဖြစ်ထွန်းမှု အပေါ် မူတည်ပြီး တစ်ပင်လျှင် သီးခိုင်ပေါင်း ၅၀ မှ ၂၅၀ အထိ ရှိပါသည်။ သီးခိုင်တစ်ခုလျှင် အစေ့ ၁၀ စေ့မှ ၁၈ စေ့ပါပြီး အသီးတောင့် ခုနစ်တောင့်မှ အတောင့် ၃၀အထိပါရှိတတ်ပါသည်။ 

    တောင်ပေါ်ဒေသများတွင် သြဂုတ်လမှ စတင် သီးပွင့်လေ့ရှိပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ အသီးများ လှိုင်လှိုင်ထွက်ကြသည့်ကာလဖြစ်ပါသည်။မြေပြန့်ဒေသများတွင်မူ အသီးအပွင့် နောက်ကျတတ်ပါသည်။ 

     

    ကျရောက်လေ့ရှိသောဖျက်ပိုးများ 

     မျောက်ငိုပင်တွင် ပင်စည်သစ်ခေါက်ထိုးပိုး၊ သီးတောင့်ထိုးပိုး၊ အရွက်စားပိုး၊ ငှက်တို့ကျရောက် တတ်ပါသည်။ 

    ဈေးကွက်အခြေအနေ 

    မျောက်ငိုသီးသည် အိမ်နီးချင်းနိုင်ငံများဖြစ် သော အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ လာအို၊ စင်ကာပူ နိုင်ငံတို့တွင် လူကြိုက်များပြီး နှစ်ကြိုက်ကြသော သီးနှံတစ်မျိုး ဖြစ်ပါသည်။ မြန်မာနိုင်ငံက ထွက် သော မျောက်ငိုသီးများကို အိန္ဒိယနိုင်ငံက နှစ်စဉ် ဝယ်ယူလေ့ရှိကြသည်ဟုလည်း သိရသည်။ ယခု နောက်ပိုင်းတွင် မြန်မာနိုင်ငံတစ်ဝန်း မျောက်ငိုသီး စားသုံးမှုမှာ တဖြည်းဖြည်း တိုးပွားလာလျက်ရှိ သည်။ ထို့ကြောင့် မကြာခင်၌ မျောက်ငိုသီး၏ ပြည်တွင်းဈေးကွက်မှာလည်း ကျယ်ပြန့်လာနိုင် ဖွယ်ရှိပါသည်။ 

    References; 

    http://animagro.blogspot.com/ 2011/11/nama-lain-petai.html 

    https://uses.plantnet-project.org//en/Parkia_speciosa_(PROSEA) 

    http://tropical.theferns.info/view-tropical.phpid=Parkia+speciosa 


  • article
likes
8
comments
0
views
2665