cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးအရေခွံစားခြင်းနဲ့ ကောင်းကျိုးများ

. Health Articles
ငါးအရေခွံကိုစားသုံးခြင်းက ကောင်းကျိုးတွေရှိပါတယ်။ သံဓါတ်နဲ့ အိုမီဂါ-၃ ဓါတ်တွေပါလို့ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ သူ့မှာပါဝင်တဲ့ဓါတ်တွေကတော့
    • ပရိုတင်း (Protein) 
    • အိုမီဓါ-၃ ဖက်တီအက်ဆစ် (Omega-3 fatty acids) 
    • ဗိုက်တာမင် ဒီ (Vitamin D) 
    • ဗိုက်တာမင် အီး (Vitamin E) 
    • အိုင်အိုဒင်း (Iodine) 
    • ဆီလီနီယမ် (Selenium) 
    • တာရင်း (Taurine) 

     

    ဒါကြောင့် ငါးအရေခွံစားခြင်းဖြင့် အောက်ပါကောင်းကျိုးတွေရရှိစေပါတယ်- 

    ၁။ ပရိုတင်းဓါတ်ရရှိစေခြင်း 

    ငါးအရေခွံမှာ ပရိုတင်းဓါတ်ပါဝင်ပြီး ကျန်းမာရေးအတွက်ဆိုရင် ကြီးထွားနှုန်းရပ်တန့်စေခြင်း၊ သံဓါတ်ပမာဏနည်းခြင်းနဲ့ ခန္ဓာကိုယ်ရောင်ယမ်းတာတွေကို လျော့ပါးစေပါတယ်။ 

    ၂။ အိုမီဂါ-၃ ဓါတ်ကြွယ်ဝခြင်း 

    ငါးအရေခွံမှာပါဝင်တဲ့ အိုမီဂါ-၃ ဓါတ်ဟာ နှလုံးကျန်းမာရေးအတွက် ကောင်းပါတယ်။ ကိုယ်ဝန်ဆောင်တွေ အတွက်လည်းကောင်းသလို ဦးနှောက်နဲ့ အာရုံကြောအတွက်လည်း ကောင်းပါတယ်။ 

    ၃။ အရေပြားကျန်းမာရေးအတွက်ကောင်းခြင်း 

    ငါးအရေခွံမှာ ကော်လဂျင်နဲ့ ဗိုက်တာမင်အီး (Collagen & Vitamin E)ဓါတ်တွေပါဝင်ပြီး ဒါတွေဟာ အသက်ကြီးလာချိန် အရေပြားရွဲတာတွေ၊ အရေပြားရေဓါတ်ဆုံရှုံးတာတွေကို လျော့ပါးစေပါတယ်။ 

    ၄။ အာဟာရဓါတ်ပြည့်ဝစေခြင်း 

    ငါးအရေခွံစားတာဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေကိုဖြည့်စီးပေးရာရောက်လို့ စားသုံးသင့်ပါကြောင့် အကြံပြုလိုက်ပါတယ်ခင်ဗျာ။ 

    ထွက်တိုး 

    Source: Can You Eat Fish Skin, and Is It Healthy? (healthline.com) 


    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes9comments0
views2310