cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ချင်း (ဂျင်း) ၏ဘေးထွက်ဆိုးကျိုးများ

. Health Articles
လူများတွင် အန္တာရယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Clinical safety data) အရ ချင်းသည် ပုံမှန်သုံးစွဲလျှင် ကြီးမားသော ဘေးထွက်ဆိုးကျိုး (Side effect) မရရှိနိုင်ပါ။
  • ဆိုးကျိုးများ

    -------------------------------------

    ဓာတ်ခွဲခန်းတွင် ချင်း၏ အန္တရာယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Pre-clinical safety data) နှင့် လူများတွင် အန္တာရယ်ကင်းရှင်းမှု စမ်းသပ်ချက်အဖြေများ (Clinical safety data) အရ ချင်းသည် ပုံမှန်သုံးစွဲလျှင် ကြီးမားသော ဘေးထွက်ဆိုးကျိုး (Side effect) မရရှိနိုင်ပါ။ ထို့ကြောင့် ကျွန်တော်တို့ နေစဉ်စားနေကြသည့် ဟင်းရန်များတွင် အမြဲထည့်ချက်၍ ရခြင်းဖြစ်ပါသည်။ ယနေ့ အသုံးပြုနေသည့် အနောက်တိုင်းဆေးဝါးများထက်လည်း ဘေးထွက်ဆိုးကျိုး အလွန်နည်းပါသည်။ သို့သော် လိုအပ်သည့်ပမာဏထက် များသွားခဲ့လျှင် ရင်ပူတတ်ပါသည်။ LD50 ဟုခေါ်သည့် ကြွက်များတွင် ၅၀% သေစေနိုင်သည့် ပမာဏမှာ 5 g/kg body weight ဖြစ်ပါသည်။ လူနှင့်နှိုင်းယှဉ်လျှင် ပေါင် ၁၀၀ ရှိသော လူတစ်ယောက်သည် ၂၅၀ ဂရမ်ကို တစ်ခါတည်းစားခဲ့လျှင် သေစေနိုင်ကြောင်း ခန့်မှန်းရသည့် ပမာဏဖြစ်သည်။ လက်တွေ့၌လည်း ၂၅၀ ဂရမ် (၁၅ ကျပ်သား) ရှိသည့်ပမာဏကို တစ်ထိုင်တည်းစားသုံးရန် မဖြစ်နိုင်ပါ။


    ဆေးဖက်ဝင်အာနိသင် အပြည့်အဝရရှိရန် စားသုံးနည်း

    --------------------------------------------

    ဆေးဖက်ဝင်အာနိသင်များ ပါဝင်မှုသည် ခြောက်နေသည့်ချင်းထက် အစိုဓာတ် အနည်းငယ်ရှိသော ချင်းတွင် ပိုမိုပါဝင်ပါသည်။ အပူနှင့်တွေ့လျှင် ဂျင်ဂျီရော (Gingerol) များသည် ဇင်ဂျီရုန်း (Zingerone) အဖြစ် ပြောင်းသွားသည့်အတွက် အာနိသင်လျော့သွားနိုင်သောကြောင့် ဟင်းချက်စားခြင်းထက် သန့်ရှင်းသောရေဖြင့် ချင်းကို ဆေးကြောပြီး ပါးပါးလှီးကာ အစိမ်းအတိုင်း ဝါးစားလျှင် ပို၍ကောင်းပါသည်။ မြန်မာနိုင်ငံတွင် အများစားသုံးလေ့ရှိသည့် ချင်းသုပ် သုပ်စားသည့် အလေ့အထမှာလည်း လွန်စွာကောင်းမွန်ပါသည်။ ချင်းဇီးပြားစသည့် သရေစာများမှာလည်း မှိုမတက်လျှင် အကျိုးရှိပါသည်။

    အကောင်းဆုံးနည်းလမ်းမှာ ချင်းကို အဆီအနှစ် (Extract) ထုတ်ယူပြီး ပျားရည်နှင့်ရောကာ ချင်းပျားရည်အဖြစ် သောက်သုံးခြင်းဖြစ်ပါသည်။ ပျားရည်နှင့် ရောထားသည့်အတွက် အနံ့၊ အရသာနှင့် ပြည့်စုံကာ တာရှည်အထားခံပြီး အူနံရံကို ထိခိုက်စေသည့် ဘေးထွက်ဆိုးကျိုးလည်း လျော့နည်းစေပါသည်။ အအေးမိဖျားနာနေလျှင် ချင်းတစ်မျိုးတည်း သို့မဟုတ် ပျားရည်နှင့်ရောထားသည့် ချင်းပျားရည်ကို သောက်ပါက သွေးကြောလေးများ ကျယ်လာပြီး နွေးသွားစေပါသည်။

    ထို့ကြောင့် ချင်းကို ယခုအခါတွင် သဘာဝနည်းဖြင့် ဖော်စပ်ပြုလုပ်ထားသည့် အအေးမိဖျားနာပျောက်ဆေး (Cold tablet) များ၌ ထည့်သွင်းအသုံးပြုလာကြသည်။ အမျိုးသမီးများ ဓမ္မတာမမှန်ခြင်းနှင့် ဓမ္မတာလာစဉ် ကိုက်ခဲခြင်းတို့ကို ပျောက်ကင်းစေခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက်အဆစ်အမျက် ကိုက်ခဲခြင်းတို့ကို သက်သာစေခြင်း၊ သွေးခဲခြင်းနှင့် သွေးကြောပိတ်ခြင်းများကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှု ကောင်းစေခြင်း အစရှိသည့် အကျိုးအာနိသင်များရှိသော ချင်းကို နည်းလမ်းမှန်မှန်ဖြင့် ပုံမှန်စားသုံးသင့်ကြောင်း အကြံပြုလိုပါသည်။

    ဒေါက်တာခင်မောင်လွင် (FAME)

    ကိုးကားချက် - "မီးဖိုချောင်သုံး အစားအစာများနှင့် ကျန်းမာရေး" စာအုပ်၊ အခန်း (၃) ချင်း (ဂျင်း) အကြောင်းမှ ထုတ်နုတ်ဖော်ပြသည်။

    ---

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
15
comments
0
views
2046