cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

မြေဆီအာဟာရပြန်ဖြည့်ပါ

. Soil Management
ပဲစိုက်တောင်သူတိုင်း ဖတ်ရှုသင့်တဲ့ ဆောင်းပါးတစ်ခုပါ
သီးနှံပုံစံများ၏ မြေဆီလွှာအာဟာရ ပြန်လည်ဖြစ်ပေါ်မှု
  • စီးပွားရေးအရ တွက်ခြေကိုက်ပြီး မြေဆီလွှာ ဆုတ်ယုတ်ဆုံးရှုံးမှု များနေရင်တော့ တောင်သူလယ်သမားကြီးများအတွက် ပေးကပေးတယ် မရဖြစ်နိုင်ပါတယ်။ 

    တပ်ကုန်းခြံတွင် ပဲတီစိမ်း၊ ပိုက်ဆံလျှော်၊ ပဲတီစိမ်း သီးနှံပုံစံဟာ ပဲကောင်းများ ကောက်အပြီး ကြွင်းကျန်ရှိနေသာ ပဲပင်များကို မြေတွင်းသို့ ထယ်ထိုးထွန်မွှေ မြေမြှုပ်၍ ပြန်လည်ထည့်သွင်းပေးနိုင်ပါက ရေရှည်တွင် ကုန်ခမ်းသွားသော မြေဆီလွှာအာဟာရဓာတ်များ ပြန်လည်ပြည့်ဖြိုးလာပြီး မြေဆီလွှာ ပျက်စီးမှုကို ထိန်းသိမ်းနိုင်တာကို တွေ့ရပါတယ်။ 

    ဇလုပ်ခြံတွင် နှမ်းလျင်၊ ပဲတီစိမ်း၊ ပဲစင်းငုံ(၂း၁) သီးနှံပုံစံ စိုက်ပျိုးခြင်းသည် ပဲတီစိမ်းပင်ကျန်၊ ပဲစင်းငုံပင်ကျန်နဲ့ နှမ်းရိုးတို့ကို မြေတွင်း ထယ်ထိုးမြေမြှုပ် ပြန်လည်ထည့်သွင်းသော်လည်း ယူရီးယား မြေသြဇာကို ပိုမှန်နှုန်းထားထက် ပိုမိုအသုံးပြုနိုင်မှသာ မြေဆီလွှာ အာဟာရဓာတ်ကို ထိန်းသိမ်းနိုင်ကြောင်း တွေ့ရပါတယ်။ 

    အောင်ပန်းခြံတွင် အာလူး-ပန်းနှမ်း သီးနှံပုံစံ စိုက်ပျိုးခြင်းဟာ ယူရီးယားမြေသြဇာနဲ့ ပိုတက်(ရှ်) မြေသြဇာကို ပုံမှန်နှုန်းထားထက်အနည်းငယ် ပိုမိုသုံးစွဲနိုင်မှသာ ရေရှည်တွင် မြေဆီလွှာအာဟာရကို ထိန်းသိမ်းနိုင်ကြောင်း တွေ့ရပါတယ်။ 

    အောင်ပန်းခြံမှာပင် ပဲပုပ်၊ ပန်းနှမ်း သီးနှံပုံစံစိုက်ပျိုးခြင်းသည် သီးနှံများ ကောက်သိမ်းပြီး အပင်အကြွင်းအကျန် အားလုံးကို ထယ်ထိုး၊ ထွန်မွှေမြေမြှုပ်ပေးပါက မြေဆီလွှာအာဟာရကို ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရပါတယ်။သို့ပါ၍ တောင်သူလယ်သမားကြီးများအနေနှင့် မိမိဒေသနှင့်ကိုက်ညီပြီး စီးပွားရေးလည်း တွက်ခြေကိုက်၊ မြေဆီလွှာ အာဟာရလည်း ပြန်လည်ဖြည့်စွမ်းနိုင်သော သီးနှံပုံစံများကို ရွေးချယ်စိုက်ပျိုးကြဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ 

     

    - အောင်ဆန်း(စိုက်ပျိုးရေး) 

     


  • article
likes
11
comments
0
views
3035