cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သင့်စိုက်ခင်းအတွင်း အလွယ်တကူအသုံးပြုနိုင်သော သဘာဝနိုက်ထရိုဂျင်မြေဩဇာများ

. Plant Nutrition
နိုက်ထရိုဂျင်သည် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေရန် မရှိမဖြစ်ဖြစ်သည်။ လေထုထဲတွင် ၇၉%နီးပါးပါဝင်သဖြင့် အပင်များအတွက် လွယ်ကူပေါများစွာ ရရှိမည်ဟု ထင်စရာရှိသည်။ သို့သော် ထိုလေထုထဲမှ နိုက်ထရိုဂျင်ကို ပဲမျိုးရင်းဝင်အပင်များမှလွဲ၍ အပင်အများစုက အသုံးမပြုနိုင်ပေ။
  • အပင်များကိုစိုက်ပျိုးရာတွင် အများအားဖြင့် ဓာတ်မြေဩဇာများနှင့်မကင်းနိုင်ပေ။ အော်ဂဲနစ်စိုက်ခင်းပင် ဖြစ်စေအုံးတော့ သဘာဝမြေဩဇာများကို အသုံးပြုရပါသည်။ အထူးသဖြင့် အပင်များအတွက် အဓိကလိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီရမ်တို့ကို ဖြည့်စွပ်ကျွေးပေးရန်လိုအပ်သည်။ ထို့ကြောင့် ကုန်ကျစရိတ်သက်သာပြီး သဘာဝတွင်ရရှိနိုင်သော နိုက်ထရိုဂျင်မြေဩဇာများအကြောင်း တင်ပြချင်ပါသည်။

    နိုက်ထရိုဂျင်သည် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးစေရန် မရှိမဖြစ်ဖြစ်သည်။ လေထုထဲတွင် ၇၉%နီးပါးပါဝင်သဖြင့် အပင်များအတွက် လွယ်ကူပေါများစွာ ရရှိမည်ဟု ထင်စရာရှိသည်။ သို့သော် ထိုလေထုထဲမှ နိုက်ထရိုဂျင်ကို ပဲမျိုးရင်းဝင်အပင်များမှလွဲ၍ အပင်အများစုက အသုံးမပြုနိုင်ပေ။ ပဲမျိုးရင်းဝင်အပင်များသည်လျှင် ဖြည့်စွပ်ကျွေးရန်လိုအပ်သော အခြေအနေများရှိပါသည်။ ဈေးကွက်အတွင်း ယူရီးယား/ပုလဲ စသည့် နိုက်ထရိုဂျင်မြေဩဇာများကို ဈေးနှုန်းအသင့်အတင့်ဖြင့်ရရှိနိုင်သော်လည်း အောက်တွင်ဖော်ပြထားသော သဘာဝနိုက်ထရိုဂျင်အရင်းအမြစ်များသည် သင်၏စိုက်ခင်းအတွက် ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ပါသည်။

    အလွယ်တကူအသုံးပြုနိုင်သော သဘာဝနိုက်ထရိုဂျင်မြေဩဇာများ

    1. တိရိစ္ဆာန် အသား၊သွေး၊အရိုး အလေအလွင့်များ

    အပင်များအတွက်လိုအပ်သော နိုက်ထရိုဂျင်နှင့် ဖော့စဖောရပ် များပေါပေါများများပါရှိပြီး အပင်များကိုလျှင်မြန်စွာကြီးထွားစေနိုင်ပါသည်။ ဥပမာ မြန်မာနိုင်ငံတွင် သုံးစွဲမှုများသော ငါးအမိုင်နိုအက်စစ်ကဲ့သို့ သဘာဝမြေဩဇာများဖြစ်သည်။

    2. လူနှင်တိရိစ္ဆာန် ကျင်ငယ်ရေများ

    လူနှင်တိရိစ္ဆာန် ကျင်ငယ်ရေများသည် အလွယ်တကူရရှိနိုင်သော သဘာဝနိုက်ထရိုဂျင် အရင်းအမြစ်များ ဖြစ်သည်။ ကျင်ငယ်ရေသည် နိုက်ထရိုဂျင် ၅% ပါဝင်ပြီး ရေငါးဆနှင့်ရောစပ်ကာ ရွက်ဖျန်းမြေဩဇာအနေနဲ့လည်း အသုံးပြုနိုင်ပါသည်။

    3. သစ်ရွက်ဆွေးများ

    သစ်ရွက်ဆွေးများသည်လည်း ပေါကြွယ်လှသော နိုက်ထရိုဂျင် အရင်းအမြစ်ဖြစ်ပြီး အပင်များကိုကြီးထွားစေသည့်အပြင် သဘာဝမြေ‌ဆွေးဓာတ်ကိုပါ ပေးစွမ်းသဖြင့် စိုက်ပျိုးမြေကို လေဝင်လေထွက်ကောင်းစေကာ ရေထိန်းအားမြင့်စေပါသည်။

    4. တိရိစ္ဆာန် အညစ်အကြေးများ

    တိရိစ္ဆာန် အညစ်အကြေးများကို တောင်သူနီးပါးသုံးစွဲကြသဖြင့် အထူးမပြောလိုပေ။ နွားချေး ကြက်ချေး ဝက်ချေး ဆိတ်ချေး စသဖြင့် တိရိစ္ဆာန်အညစ်အကြေးများသည် အမျိုးအစားနှင့် ကျွေးမွေးသော အစာကိုလိုက်၍ နိုက်ထရိုဂျင် ၄%မှ ၉% အထိ ပါရှိပါသည်။ တိရိစ္ဆာန် အညစ်အကြေးခြောက်များကို ရေစိမ်ပြီး Manure Tea/ ချေးစိမ်ရည်ပြုလုပ်၍ ရွက်ဖျန်းမြေဩဇာအနေနှင့် အသုံးပြုပါက အပင်များလျှင်မြန်စွာကြီးထွားစေရုံသာမက ပန်းများစွာပွင့်စေနိုင်ပါသည်။

    5. ရွက်စိမ်းမြေဩဇာ စိုက်ပျိုးအသုံးပြုခြင်း

    ပဲမျိုးရင်းဝင်အပင်များသည် ပဲမြစ်တွင်ယှဉ်တွဲနေထိုင်သော ပဲမြစ်ဖုဘက်တီးရီးယား၏ အကူအညီဖြင့် လေထုထဲမှ နိုက်ထရိုဂျင်ကို ပမာဏများစွာဖမ်းယူအသုံးပြုနိုင်သော အစွမ်းရှိသည်။ ထို့ကြောင့် ပဲမျိုးရင်းဝင်အပင်များကို စိုက်ပျိုးကာ ပဲပန်းပွင့်ချိန်တွင် ခုတ်ဖြတ်မြေမြုပ်ခြင်းဖြင့် စီးပွားဖြစ်စိုက်ပျိုးသော သီးနှံခင်းအား နိုက်ထရိုဂျင်ပေါများစွာရရှိစေနိုင်ပါသည်။

    ZAW MYO HTUT 2011

    Reference ; https://www.homesteadingwhereyouare.com

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes6comments1
views2076