cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

သင်္ကြန်ပိတ်ရက်များနောက်ပိုင်း ကုလားပဲအပါအဝင် ပဲမျိုးစုံ တက်ရိပ်ပြနေ

. Market News
လက်ရှိ ပဲ ဈေးကွက်မှာ ပဲအစုံ တက်ရှိန် လေးရှိနေပါတယ်။ သင်္ကြန် မတိုင်မီဈေးတွေထက် မြင့်တက် လာစရာပဲရှိပါတယ်´´ ၎င်းကပြော သည်။
  • သင်္ကြန် ပိတ်ရက်များနောက် ပိုင်းဈေးကွက်အဖွင့်ရက်များတွင် ဈေးနှုန်းတည်ငြိမ်မှုမရှိသေးဘဲ ပဲဈေးများအားလုံးတက်ရိပ်ပြနေ ကြောင်း ပဲကုန်သည်များက ပြော သည်။

    ငွေပေးငွေယူကြား ဈေးမြင့် တက်မှု ကိုကာမိစေရန် အရောင်း ဈေးများမြင့်တက်နေတာကြောင့် လည်း အရောင်းအဝယ်ဈေးကွက် မတည်ငြိမ်ခြင်းဖြစ်သည် ။

    မန္တလေးပဲ၊ နှမ်းဈေးကွက် တွင် ပြည်တွင်းသုံးကုလားပဲ အုပ်စု ဈေးမြင့်တက်နေပြီး သင်္ကြန်ကာလ မတိုင်မီထက် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့်ဈေးမြင့်တက်လာကြောင်း ၊ အရောင်းသမားများက ဈေးမြင့် ခေါ်ဆိုမှုများကြောင့် ပဲဈေးတွင် အရောင်းအဝယ်ပုံမှန်မရှိသေးဘဲ ပဲများအားလုံးန်ိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေတာကြောင့် တက် ရိပ်ပြနေကာ အရောင်းအဝယ် ကောင်း မဖြစ်သေးကြောင်း ရွေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် ကပြောသည်။

    `` ဈေးကွက်ပြန်ဖွင့်တယ် ဆိုပေမယ့် အရောင်းအဝယ်က ပုံမှန်အရောင်းအဝယ် မဖြစ်သေး ပါဘူး။ ကုလားပဲတွေကတော့ တက်ရိပ်ပြ အရောင်းသမားဈေး တွေက အရင်ကထက် တစ်အိတ် ကို ငွေကျပ် ၁၀၀၀၀ လောက် ဈေးမြင့်လာပါတယ်။ဘဏ် ပိတ်ရက်တွေခံတော့ ဈေးမြင့် တက်ရင် ကာမိစေဖို့ ခေါ်ဈေး တွင်မြင့်နေတာပါ။ လက်ရှိ ပဲ ဈေးကွက်မှာ ပဲအစုံ တက်ရှိန် လေးရှိနေပါတယ်။ သင်္ကြန် မတိုင်မီဈေးတွေထက် မြင့်တက် လာစရာပဲရှိပါတယ်´´ ၎င်းကပြော သည်။

    မန္တလေး ပဲ၊နှမ်းကုန်စည်ဒိုင် တွင် ပဲမျိုးစုံဈေးကွက်မတည်ငြိမ် သေးတာကြောင့် အရောင်းအဝယ်အေးနေသေးကြောင်းသိရသည်။

    မကွေးဂျာနယ်မှ ကူးယူဖော်ပြအပ်ပါသည်။

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes4comments0
views1495