cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

Black Ginger (ခေါ်) ဂျင်းနက် သြဂဲနစ်စိုက်ပျိုးနည်း

. Cultivation Methods
တစ်ဧကအတွက် ဥအတက်ပိဿာ ၁၀၀ ခန့်လိုအပ်ပြီး စိုက်ပျိုးပိဿာ၏ ၅ဆ မှ ၁၀ဆ ခန့်အထိ ထွက်ရှိနိုင်ပြီး စိုက်ပျိုးသူအများစုသည် ၆ဆမှ၇ဆ အထိ​ကောင်းစွာထွက်ရှိကြပါသည်။
  • မြန်မာအမည် - ဂျင်းနက်

    အင်္ဂလိပ်အမည် - Black Ginger

    မျိုးရင်း – Zingiberaceae

    ရုက္ခဗေဒအမည် – 𝐾𝑎𝑒𝑚𝑝𝑓𝑒𝑟𝑖𝑎 𝑝𝑎𝑟𝑣𝑖𝑓𝑙𝑜𝑟𝑎 Wall.ex Baker

    *မျိုး*

    ဂျင်းနက်စိုက်ပျိုးရာတွင်မျိုးရွေးချယ်ခြင်းသည် အဓိကထည့်သွင်းစဥ်းစားရမည့်အချက်တချက်ဖြစ်​ပေသည်ကျန်းမာသန်စွမ်းသည့်ဂျင်းနက်(tubers)များကို စနစ်တကျ​ရွေးထုတ်ပြီး မစိုက်ခင် အ​ညောက်​ပေါက်​အောင် အစိုဓါတ်​ပေးပြီး အ​ညောက်စ​ပေါက်လာ​သော အတတ်များကိုစိုက်ပျိုးပါက အပင်​ပေါက်​ကောင်းပြီး ညီညာ​သောစိုက်ခင်းကို ​တွေ့ရ​ပေမည်။

    *​မြေ​ရွေးချယ်ခြင်း*

    စိုက်ပျိုးနိုင်​သောမြေအမျိုးအစားများသည် ​ရေဝပ်​သော​ဒေသရှိ​မြေမဟုတ်ပါက ​မည်သည့်​မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်​ပေသည်။ ​သြဂဲနစ်​ဓါတ်ကြွင်းပါဝင်မှုများပြီး ​မြေမွ​သော​နေရာများတွင်အ​ကောင်းဆုံးဖြစ်ထွန်းနိုင်ပါသည်။ မိမိစိုက်ပျိုးမည့်​မြေ​​​နေရာရှိ​မြေမ​ကောင်းပါကစပါးခွံမီး​သွေး (သို့) စူပါအီးအမ်ဘိုကာရှီ တီ​မြေ​ဆွေးများကို ထည့်သွင်းစိုက်ပျိုးပါက မည်သို့​သော​မြေအမျိုးအစားတွင်မဆို အထွက်နှုန်း​ကောင်းစွာထွက်​အောင်စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ မြေပြန့်နှင့်တောင်ပေါ်မရွေးစိုက်ပျိုးဖြစ်ထွန်းနိုင်​သောသီးနှံတစ်မျိုးဖြစ်​ပေသည်။ ရှမ်းပြည် နှင့် ချင်းပြည်နယ်များတွင်စီးပွားဖြစ်​အောင်မြင်ဖြစ်ထွန်း​သော​ကြောင့်များစွာစိုက်ပျိုး​နေကြပါသည်။

    *စိုက်ပျိုးခြင်း*

    ဂျင်းနက်ကို ပင်ကြား-တန်းကြား ၁.၅ ပေပတ်လည်အကွာ အတန်းလိုက် ဘောင်ဖြင့်စိုက်ပျိုးပါက ​ရေဝပ​သော​မြေများတွင်ပိုမိုသင့်​တော်ပြီး အစာ​ကွေးခြင်း​ပေါင်းင်သင်ခြင်းများကို ပိုအဆင်​ပြေစွာ​ဆောင်ရွက်နိုင်ပါသည်။ ဂျင်းနက်(ခ) ချင်းနက်ဟာ အအေးပိုင်းသာမက အပူပိုင်းမှာပါ စိုက်ပျိုးလို့ရတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ရေ၀ပ်တာကို မနှစ်သက်​သော​ဆေးဖက်ဝင်သီးနှံဖြစ်​သော်လည်း မိုးများ​သော​ဒေသများ ရန်ကုန် ဧရာ၀တီ စသည့်​ဒေသများတွင်လည်းက ခံနိုင်ရည်ကောင်းကောင်းရှိပြီး ​ကောင်းစွာစိုက်ပျိုးနိုင်​ပေသည်။ သီးနှံသစ်​တော​ရော​နှောပုံစံစိုက်ပျိုးနည်း ( Agrobase-Foresty) စနစ်အဖြစ် သရက် ကျွဲ​ကော ပိန္နဲ ဒူးရင်း ​ထောပတ် သံပုရာ ကော်ဖီ စတဲ့ နှစ်ရှည်ပင်တွေအကြားများတွင် သီးညှပ်အနေနဲ့ စိုက်ပျိုးလို့ရနိုင်​သော​ကြောင့် ၀င်​ငွေမြန်​သေားသီးနှံတစ်မျိုးဖြစ်​ပေသည်။မိုး​ကောင်းစွာမရွာခင်ကြိုတင် စိုက်ပျိုးပါက အစိုဓါတ်​ကောင်းစွာရရှိနိုင်န်အတွက် စပါးခွံ(သို့) ကောက်ရိုးခြောက်ပါးပါးဖုံးထားပေးပြီးရေကို ပုံမှန်ပေးနိုင်ရပါမည်။သဘာဝနနွင်းနဲ့ ဂျင်း စိုက်ပျိုးဖြစ်ထွန်းတဲ့ နေရာတိုင်းမှာ လဲ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။ ဂျင်းနက်များကို ပုံမှန်အားဖြင့် မေ (သို့) ဇွန်လမှာ စတင်စိုက်ပျိုးနိုင်ပြီး ၈လ ၉လ ခန့်အကြာမှာ ရိတ်သိမ်းနိုင်ပါတယ်။

    *ဂျင်းနက်အထွက်နှုန်း*

    တစ်ဧကအတွက် ဥအတက်ပိဿာ ၁၀၀ ခန့်လိုအပ်ပြီး စိုက်ပျိုးပိဿာ၏ ၅ဆ မှ ၁၀ဆ ခန့်အထိ ထွက်ရှိနိုင်ပြီး စိုက်ပျိုးသူအများစုသည် ၆ဆမှ၇ဆ အထိ​ကောင်းစွာထွက်ရှိကြပါသည်။ စိုက်ပျိုး​သော​မြေအမျိုးအစား​ပေါ်မှုတည်၍ အထွက်နှုန်းများမှာ​အမျိုးမျိုးထွက်ရှိနိုင်​ပေသည်။သတိပြုရန်မှာ​ရေကြာရှည်မဝပ်​စေရန်အထူးဂရုစိုက်ရ​ပေမည်။

    *မြေသြဇာအသုံးပြုခြင်း*

    လူတို့၏ ဆေးဝါးများ၊ အစားအသောက်များ၊ ကျန်းမာရေးအသုံးအဆောင်များအဖြစ် ထုတ်လုပ်မည်​ဆေးဘက်ဝင်သီးနှံဖြစ်သည့်အတွက် ဓာတုမြေသြဇာများ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ အသုံးမပြုပဲ EM ၅ ပိုးနှင်​ဆေး, စူပါအီးအမ်ဘိုကာရှီ, တီ​မြေသြဇာ #vermicompost , တီကျက်ရည် #Vermitea ,ငါးအမိုင်နို, #သီးနှံအချဥ်​ဖောက်ရည်, နှမ်းဖတ်နွား​ချေးစိမ်ရည်စသည့် သဘာ‌၀သြဂဲနစ်နည်းလမ်းများကိုအသုံးပြုထုတ်လုပ်ခြင်းဖြင့်အထွက်နှုန်းကို​ေကာင်းစွာရရှိနိုင်ပါသည်။ငါးအမိုင်နိုကိုအသုံးပြုပါက​ရေ၁ဂါလံလျင် ငါးအမိုင်နို ၁၀စီစီမှ ၃၀စီစီခန့်ထက်လုံး၀ပိုပြီးအသုံးမပြုရ​ပေ အချိုးအစားများပါကအပင်များ​လောင်ကျွမ်းပြီးအပင်​သေ​စေနိုင်ပါသည်။ သဘာသြဂဲနစ်မြေဆွေးများနှင့်သဘာဝသစ်ရွက်ဆွေးများကိုလည်း အသုံးပြုနိုင်ပြီး အပင်ကြီးထွားစဥ်ကာလတ​လျောက်လုံးEM ၅ ပိုးနှင်​ဆေး, စူပါအီးအမ်ဘိုကာရှီ, တီ​မြေသြဇာ #vermicompost , တီကျက်ရည် #Vermitea ,ငါးအမိုင်နို, #သီးနှံအချဥ်​ဖောက်ရည်, နှမ်းဖတ်နွား​ချေးစိမ်ရည်များကို ၂ပတ်တစ်ကြိမ်အသုံးပြု​ပေးရ​ပေမည်။

    Htet Zaw Htun - Organic Farming Coach

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes
10
comments
1
views
2176