cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် ငါးမွေးတောင်သူများအား အကြံပြုချက် 

. Weather News
ငါးအကြံပြုချက်
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ် 

    ၂၀၂၄ ခုနှစ်၊ ဧပြီလ (၂၆)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂၀ တွင် မိုးရွာရန် ၁၀ ရာခိုင်နှုန်း‌ အောက် သာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ သို့သော် ကျုံပျော်ဒေသ၌ ဧပြီလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ရွာရန် ၂၅ ရာခိုင်းနှုန်း၊ ကြံခင်းဒေသ၌ ဧပြီလ ၂၇ ရက်နေ့တွင် ရွာရန် ၆၁ ရာခိုင်နှုန်း၊ လေးမျက်နှာဒေသ၌ မေလ ၂ ရက်နေ့တွင် ရွာရန် ၂၅ ရာခိုင်နှုန်းရှိပါကြောင်း သတင်းပါလိုပါတယ် ခင်ဗျာ။ 


    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။ 

    🐟 ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင်တက်နေခြင်း ရှိ/မရှိစစ်ဆေးရန်၊ 

    🐟 နေ့အချိန်တွင် ငါး ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း ရှိ/မရှိ စစ်ဆေးရန်၊ 

    🐟 ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊ 

    🐟 ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊ 

    🐟 ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ) (ရေကြည်နှုံး ၂၀စင်တီမီတာအောက် လျှော့နည်းနေခြင်း) စစ်ပေးရန်၊ 

    Weather Source: CIAT 

    ------------------ 


  • article
likes7comments0
views4072