cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စိန်တလုံးသရက်သီး ပေါ်ဦးပေါ်ဖျား ဈေးကောင်းရနေ

. Market News
သင်္ကြန်အပြီး သီးကြောရင့်ချိန်မှာ ခူးပြီးရောင်းချတဲ့စိန်တလုံးသရက်သီးတွေ အရည်အသွေးကောင်းလို့ ဈေးကောင်းရနေတာဖြစ်ပြီး၊ ပုံမှန်အသီးတွေလည်း၊ အရင်နှစ်တွေကထက် ဈေးပိုရနေတယ်လို့ မန္တလေး သစ်သီးဈေးကွက်ဆီ ကနေသိရပါတယ်။
  • ပြည်တွင်းဈေးကွက်ထဲမှာ အမျိုးအစားကောင်းတဲ့ စိန်တလုံးသရက်သီးရှယ်ထိပ်စတွေ ဈေးကောင်းရနေတယ်လို့ သရက်သီးစိုက်တောင်သူတွေဆီက သိရပါတယ်။

    “သင်္ကြန်အပြီးခူးတဲ့အလုံးတွေ တအားဈေးကောင်းနေတယ်၊ ဒီနှစ် အသီးသိပ်မတင်တော့ စိတ်ပျက်ခဲ့ရပေမယ့်လည်း၊ ဈေးကောင်းရတော့ တောင်သူတွေလည်းအဆင်ပြေကြတာပေါ့ဗျာ၊ ရှယ်ထိပ်စတစ်လုံးကို ၂၅၀၀ နဲ့အထက် ဈေးရကြတယ်” လို့ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်ထဲက သရက်သီးစိုက်တောင်သူ ဦးဖိုးအေးကပြောပါတယ်။

    သင်္ကြန်အပြီး သီးကြောရင့်ချိန်မှာ ခူးပြီးရောင်းချတဲ့စိန်တလုံးသရက်သီးတွေ အရည်အသွေးကောင်းလို့ ဈေးကောင်းရနေတာဖြစ်ပြီး၊ ပုံမှန်အသီးတွေလည်း၊ အရင်နှစ်တွေကထက် ဈေးပိုရနေတယ်လို့ မန္တလေး သစ်သီးဈေးကွက်ဆီ ကနေသိရပါတယ်။

    “Grade A,B,C ဆိုပြီးတော့ ခွဲရောင်းတာပေါ့နော်၊ Grade A ကတော့ ရှယ်ထိပ်စပေါ့၊ ၄၅ လုံးပါတစ်ခြင်းကို တစ်သိန်း(ကျပ်)ဝန်းကျင်ပေးဝယ်ရတယ်၊ ပြန်ရောင်းတော့ အလုံးအလှပေါ်မူတည်ပြီး၊ တစ်လုံးကို သုံးထောင် ကနေ လေးထောင်ကြားပြန်ရောင်းတယ်၊ ဖောက်သည်ဈေးကိုက ၂၅၀၀ နီးပါးရှိတယ်လေ” လို့ မန္တလေးသစ်သီးဈေး ကွက်မှသစ်သီးရောင်းသူတစ်ဦးက ပြောပါတယ်။

    မန္တလေးသစ်သီးဈေးကွက်ထဲမှာ၊ စိန်တလုံးသရက်သီးလက်ကားပေါက်ဈေး ၄၅ လုံးပါရှယ်ထိပ် စတစ် ခြင်းကို ကျပ် ရှစ်သောင်းကနေ တစ်သိန်းကျော်အထိ ပေါက်ဈေးဖွင့်ရောင်းချနေတာဖြစ်ပြီး ထိပ်စမဟုတ် တဲ့ပုံမှန်အလုံးတွေက တော့၊ တစ်ခြင်းကိုကျပ်လေးသောင်းခွဲဝန်းကျင်ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

    လင်းလင်း

    Opinion Leaders မှ ကူးယူဖော်ပြအပ်ပါသည်။

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views3019