cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောကို ရုရှားဝယ်ယူရန် ကမ်းလှမ်းထား

. Market News
ရုရှားနိုင်ငံသို့ ယင်းမက္ကဒေးမီးယား ကုန်ချောများတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့မယ်လို့လည်း မက္ကဒေးမီးယားစီမံကိန်းဌာနမှ သိရပါတယ်။
  • ယခုနှစ်အတွင်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချော ကို ရုရှားနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရပါတယ်။

    ပြည်တွင်းမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ကြမ်းကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပေမယ့် လာမယ့် ရာသီချိန်အတွက် ပြည်တွင်းမှ ထွက်ရှိသည့် မက္ကဒေးမီးယား ကုန်ချောကို ရုရှားနိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းထားရာတွင် ကုန်ချောအမျိုးအစားဖြစ်သည့် သော့သီးဈေးကွက်ကို ကမ်းလှမ်းထားတာဖြစ်တယ်လို့ သိရပါတယ်။

    “ရုရှားက ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက မက္ကဒေးမီးယားထွက်သမျှ ကမ်းလှမ်းထားတာရှိပါတယ်။ လက်ရှိ အနေအထားအရ MoU တော့ မထိုးရသေးဘူး။ ရောက်တာနဲ့ အသင့်စားသုံးနိုင်တဲ့ သော့သီး ဈေးကွက် ကို သူတို့က ပိုကြိုက်ပါတယ်။ အဲ့ဒီအတွက် ဈေးနှုန်းတွေ ဘာတွေ မေးမြန်းတာတွေရှိနေပြီ။ လာမယ့်နှစ်မှာ ကုန်ကြမ်းထက် ကုန်ချောကို တင်ပို့ဖို့ များပါတယ်”လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နောင်ချို မက္ကဒေးမီးယားစီမံကိန်းဌာနမှ စီမံကိန်းအဆင့်မြင့် တာဝန်ရှိသူတစ်ဦးက နိုင်ငံပိုင် မီဒီယာနဲ့ အင်တာဗျူးအတွင်း ပြောဆိုထားပါတယ်။

    ရုရှားနိုင်ငံသို့ ယင်းမက္ကဒေးမီးယား ကုန်ချောများတင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ တဆင့် တင်ပို့မယ်လို့လည်း မက္ကဒေးမီးယားစီမံကိန်းဌာနမှ သိရပါတယ်။

    အဆိုပါ အသီးဟာ ကင်ဆာကိုကာကွယ်နိုင်သော Antioxident(ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ) အလုံအလောက်ပါဝင်ခြင်း ၊ ခန္ဓာကိုယ် အားအင်ပြည့်ဝစေသည့်ကစီဓါတ်များပါဝင်ခြင်း၊ အစာခြေစနစ်အတွက် အထောက်အကူပြုသည့် အမျှင်ဓါတ်များစွာပါဝင်ခြင်း၊ Protein(အသားဓါတ်များ)ပေါကြွယ်ဝခြင်း ၊ သတ္ထုဓါတ်များလည်းပါဝင်ခြင်း ၊သွေးတွင်းအဆီဓာတ်(ကိုလက်စထရော) များကို လျှော့ချပေးသော ကြောင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို ကာကွယ်ပေးခြင်း အပြင် ကျန်းမာရေးအတွက် လိုအပ်သော ဗီတာမင်ဓါတ် များစွာပါဝင်တယ်လို့လည်း သိရပါတယ်။

    ထို့အပြင် Omega 3 ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် အထူးသင့်လျော်ပြီး ရင်သွေးငယ်များပါဦးနှောက်ဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်စေခြင်း၊ အမှုန့်ပြုလုပ်၍ အသက် (၈) လအထက် ကလေးငယ်များ၏ ဖြည့်စွက်စာထဲ ထည့်ကျွေးနိုင်သလို ကလေးငယ်များအတွက် ဉာဏ်ရည်ထက်မြတ်ခြင်း၊ ဝမ်းမချုပ်ခြင်း၊အစာခြေစနစ်ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ခြင်းနှင့် အသားအရေကိုကျစ်လစ်လှပတင်းရင်းစေပြီး အိုမင်းရင့်ရော်မှုကို လျော့ကျ စေနိုင်တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံတွင် မက္ကဒေးမီးယားကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ရွာငံ နှင့် ရပ်စောက်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နောင်ချို အစရှိတဲ့ ဒေသများအပါအဝင် ဒေသ အနှံ့အပြား၌ တိုးချဲ့ စိုက်ပျိုးလျက်ရှိတယ်လို့လည်း သိရပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။

    ----------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
4
comments
0
views
1678