cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)

. Weather News
မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ်
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၂၉) ရက်နေ့မှ မေလ(၅) ရက်နေ့ အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မင်းဘူးနှင့် ပွင့်ဖြူဒေသများတွင် မိုးရွာရန်(၁၀)ရာခိုင်နှုန်း အောက်သာ ရှိပါတယ်။ သို့သော် အဆိုပါ ဒေသများတွင် မေလ (၂) ရက်နေ့၌ ရွာရန် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိရှိပြီး ကျန်ရက်များတွင် (၁၀)ရာခိုင်နှုန်း အောက်သာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    သတိပြုစရာ နှမ်းဖိုရောဂါ 

    Phyllody 

    Mycoplasma 

    ကျရောက်သည့်အချိန်။ 

    ဖြုတ်ညိုကျရောက်မှုများပါက ဤရောဂါဖြစ်ပေါ်တတ်ပါသည်။ 

    ရောဂါလက္ခဏာ။ 

    အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ကြားဖူးများမှ မူမမှန်ပန်းခိုင်များစွာထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ် အပိုင်းများအစိမ်းရောင်ဖြစ်ခြင်းတို့ကို တွေ့မြင်နိုင်ပါသည်။ နှမ်းခင်းအား အဝေးမှကြည့်ပါက ထိပ်ဖျားတွင် အထက်ပါလက္ခဏာများကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်အရောင်မရှိဘဲ အစိမ်းရောင်ကို တွေ့မြင်နိုင်ပါ သည်။ 

    ကူးစက်ပျံ့နှံ့ခြင်း 

    နှမ်းဖိုရောဂါသည် ပင်ရည်ဖြင့် မကူးစက်နိုင်ပါ။ ကိုင်းကူးနည်းဖြင့်သာကူးစက်နိုင်ပါသည်။ မျိုးစေ့ဆောင်အဖြစ် မတွေ့ရပါ။ ဤရောဂါသယ်ဆောင်ကောင်မှာ ဖြုတ်ညို(Orosius albicinetus) ပိုးဖြစ်သည်။ ရောဂါဖြစ်စေ မိုက်ကိုပလပ်စမာသည် အဓိကအားဖြင့် အပူချိန်ပေါ်တွင်မူတည်၍ သယ်ဆောင်ကောင်၏ ခန္ဓာကိုယ်တွင် (၁၅) ရက်မှ (၆၃) ရက်ကြာ ခိုအောင်းပြီးမှ ရောဂါကူးစက်စွမ်းအားရှိသည်။ ရောဂါရအပင်တွင်း၌မူ (၁၃) ရက်မှ (၆၀) ရက်ကြာမှ ရောဂါလက္ခဏာကို ဖြစ်ပေါ်စေသည်။ 

    ကာကွယ်နှိမ်နင်းနည်း 

    (၁) နှမ်းပင်ငယ်စဉ်တွင် ဖြုတ်ပိုးကို 200 cc per ac, Phenthoate 500cc per ac ဖြင့် ပက်ဖြန်းကာကွယ်ပါ။ 

    (၂) စောစောစိုက်ခြင်းကို ရှောင်ပါ။ 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။ 

    • ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင်တက်နေခြင်း ရှိ/မရှိစစ်ဆေးရန်၊ 
    • နေ့အချိန်တွင် ငါး ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း ရှိ/မရှိ စစ်ဆေးရန်၊ 
    • ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊ 
    • ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊ 
    • ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ) (ရေကြည်နှုန်း ၂၀စင်တီမီတာအောက် လျှော့နည်းနေခြင်း) စစ်ပေးရန်၊ 

    Weather Source: CIAT  

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes11comments0
views2137