cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါး/ပုဇွန်မွေးမြူရေးတွင် သိသင့်သည့် အမိုးနီးယားဓာတ်အကြောင်း

. Fish Articles
အမိုးနီးယားဓါတ်လျော့ကျစေတဲ့ အခြားနည်းကတော့ Nitrosomonas နဲ့ Nitrobacter ဘက်တီးရီယားများနဲ့ ဓါတ်ဖြိုခွဲတဲ့နည်းဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားတွေဟာ အမိုးနီးယားကို နိုက်ထရိုက်၊ နိုက်ထရိတ်ဓါတ်များအဖြစ် ပြောင်းလဲစေပြီး ပြိုကွဲစေပါတယ်။
  • ငါး/ပုဇွန်မွေးမြူရေးတွင် အမိုးနီးယားဓါတ်အကြောင်း သိရှိဖို့နဲ့ ထိန်းချုပ်ဖို့ဟာ အလွန်အရေးပါပါတယ်။ အကယ်လို့သာ အမိုးနီးယားဓါတ်တွေ ကန်ထဲမှာ စုပြုံနေမယ်ဆိုရင်တော့ ငါးတွေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကန်ထဲမှာ အမိုးနီးယားဓါတ် အဆိပ်အတောက်ဖြစ်ပြီဆိုတာနဲ့ ကန်ထဲရှိ ငါးတွေဟာ အစာထဲရှိ လိုအပ်တဲ့စွမ်းအင်တွေကို မစုပ်ယူနိုင်တော့တာ တွေ့ရပါတယ်။ တစ်ဆက်တည်းမှာဘဲ အစာစားနှုန်းနှေးလာမယ်၊ လှုပ်ရှားမှုနှေးလာမယ်၊ နောက်ဆုံး သေတဲ့အထိ ဖြစ်နိုင်ပါတယ်။

    စနစ်တကျဆောင်ရွက်ထားတဲ့ ကန်တွေမှာတော့ အမိုးနီးယားဓါတ်စုပုံနေခြင်းဟာ သေတဲ့အဆင့်ထိတော့ မရောက်တက်ပါဘူး။ ဒါပေမယ့်လို့ အမိုးနီးယားဓါတ်ဟာ ဆိုးကျိုးတွေဖြစ်စေပြီးတော့ သေစေလောက်တဲ့အထိမ ဖြစ်သော်လည်း ကြီးထွားနှုန်း၊ ရောဂါခံနိုင်ရည်စွမ်းအားတွေကို လျော့ကျစေပါတယ်။

    ကန်ထဲရှိ အမိုးနီးယားဓါတ်ပမာဏကို တစ်ကြိမ်ထဲတိုင်းတာခြင်းထက် တစ်နှစ်ပတ်လုံး အကြိမ်ကြိမ် အခါခါ နမူနာယူ တိုင်းတာခြင်းက ပိုပြီးတိကျပါတယ်။ အမိုးနီးယားဓါတ်အဓိကထွက်ရှိလာရခြင်းက ငါး/ပုဇွန်တို့ရဲ့ အညစ်အကြေး စွန့်ပစ် ခြင်းက စပါတယ်။ တစ်ဆက်တည်းမှာဘဲ စွန့်ပစ်လိုက်တဲ့ စွန့်ပစ်မစင်ပမာဏဟာ ကျွေးတဲ့အစာ ပမာဏထဲရှိ ပရိုတင်း ပမာဏပေါ်မူတည်နေပါတယ်။ ငါးတွေဟာ အစာထဲမှာရှိတဲ့ ပရိုတင်းကိုဖြိုခွဲချိန်မှာ နိုင်ထရိုဂျင်ကိုအသုံးပြုပြီး ပါးဟတ် ကနေတဆင့် အမိုးနီးယားဓါတ်ကို ထုတ်လွှတ်ပါတယ်။

    အမိုးနီးယားဓါတ်ထွက်စေတဲ့ တခြားအကြောင်းအရင်းတစ်ခုကတော့ ကန်ထဲရှိ ရေညှိအပါအဝင်အခြားသော အော်ဂဲနစ်စွန့်ဖြစ်ပစ္စည်းများ ဆွေးမြေ့ရာမှာလည်း အမိုးနီးယားဓါတ်ထွက်လာပါတယ်။ တခြားတစ်ဘက်မှာလည်း အမိုးနီး ယားဓါတ်ကို ကန်အတွင်းရှိ ရေညှိနဲ့ အခြားပေါက်ရောက်ပင်များ အစာချက်ရာတွင် အသုံးပြုတဲ့အတွက် အမိုးနီး ယားပမာဏကို လျော့ကျစေပါတယ်။ ဒါပေမယ့်လို့လဲ ကန်အတွင်း ရေညှိနဲ့ အပင်များအလွန်အကျွံပေါက် ရောက်နေတာ ကလည်း ညအချိန်တွင် ပျော်ဝင်အောက်ဆီဂျင်ပျက်လက်တာမျိုးတွေဖြစ်တက်လို့ သင့်တင့်ရုံစိုက်ပျိုးထားရှိ သင့်ပါတယ်။

    အမိုးနီးယားဓါတ်လျော့ကျစေတဲ့ အခြားနည်းကတော့ Nitrosomonas နဲ့ Nitrobacter ဘက်တီးရီယားများနဲ့ ဓါတ်ဖြိုခွဲတဲ့နည်းဖြစ်ပါတယ်။ အဆိုပါ ဘက်တီးရီးယားတွေဟာ အမိုးနီးယားကို နိုက်ထရိုက်၊ နိုက်ထရိတ်ဓါတ်များအဖြစ် ပြောင်းလဲစေပြီး ပြိုကွဲစေပါတယ်။

    အမိုးနီးယားဓါတ်လျော့နည်းစေဖို့ဆိုရင် အောက်ပါ အချက်တွေ ဆောင်ရွက်ဖို့လိုပါတယ်-

    (၁) အစားကျွေးနှုန်းလျော့ချခြင်း

    (၂) လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ခြင်း

    (၃) ထုံးထည့်ပေးခြင်း

    (၄) ဖော့စဖောရပ်ဓါတ်မြေဩဇာထည့်သွင်းပေးခြင်း

    Source: a585-understanding-ammonia-in-aquaculture-ponds.pdf (ysi.com)

    ထွက်တိုး

    -----

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes10comments0
views3414