cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

“အရည်အသွေးကောင်းပြီး ဝင်ငွေပိုရသည့် သရက်သီးအိတ်စွပ်ခြင်း”

. Cultivation Methods
ပန်းစွဲသရက်များကို အိတ်စွပ်လျှင် ပန်းပြန်စွဲစေရန် အသီးခူးမည့်ရက်ထက် (၁၂)ရက်စော၍ အိတ်ဖြုတ် ထားပါက အချို့သရက်များ ပန်းစွဲကြောင်းတွေ့ရပါသည်။
  • အိတ်စွပ်ခြင်းရည်ရွယ်ချက်

    - သရက်သီးတွင် အနာအဆာ၊ အပွန်းအပဲ့ကင်းစေရန်။

    - သီးထိုးယင်နှင့် ပိုးမွှားရောဂါကာကွယ်ရန်။

    - ရောင်းပန်းလှစေရန်။

    - နေလောင်ဒဏ်ကာကွယ်ရန်။

    - လေလွင့်ဆုံးရှုံးမှုသက်သာစေရန်။

    အိတ်စွပ်လျှင် စဥ်းစားရမည့်အချက်များ

    သရက်သီးအိတ်မစွပ်မီ မိမိသရက်ခင်းအား ပိုးမွှား/ရောဂါ ကျမကျကို ဦးစွာစစ်ဆေးပါ။ ပိုးမွှားရောဂါ ကျရောက် မှုတွေ့ရှိပါက ပိုးသတ်ဆေး၊ မှိုသတ်ဆေးပက်ဖျန်းပြီးမှ အိတ်စွပ်ပါ။ ဆေးဖျန်းပြီး (၃)ရက်ကြာပြီးမှ အိတ်စွပ်ပါ။ ပိုးကျမှု၊ ရောဂါကျမှုမတွေ့ရပါက တိုက်ရိုက်အိတ်စွပ်ပါ။

    မိမိမှာရှိသော လူအင်အား၊ လူတစ်ဦးတစ်နေ့ပြီးစီးနိုင်သည့် အိတ်ဦးရေခန့်မှန်းပြီး မိမိသရက်ခြံကို ပိုင်းခြား ဆေးဖျန်းပါ။ ဆေးဖျန်းပြီး (၃) ရက်မှ (၅)ရက်အတွင်းအိတ်စွပ်ပါ။

    အိတ်စွပ်သင့်သည့် သရက်သီးအရွယ်

    သရက်သီးမှာ ပန်းပွင့်ပြီး ရက်ပေါင်း (၅၅-၆၀)ရက် (ကြက်ဥအရွယ်)ရှိသည့် သရက်သီးကို ရွေးပြီးအိတ်စွပ်ပါ။ အိတ်မစွပ်မီ သရက်သီးတွင်ရောဂါ၊ ပိုးမွှားကျရောက်မှု ရှိ/မရှိကြည့်ရှုပြီးမှ ရောဂါပိုးမွှားကင်းစင်သည့် အသီးကို အိတ်စွပ်ပါ။

    အိတ်ပေါ်မှာ ရက်စွဲရေးထားလျှင် ခူးရမည့်ရက်ကို ခန့်မှန်းနိုင်သည်။ သရက်များကိုလိုက်ပြီး ခူးရမည့်ရက် ကွာခြားနိုင်သည်။

    အိတ်အမျိုးအစား

    အိတ် (၄)မျိုးတွေ့ရှိရသည်။

    (၁) သတင်းစာစက္ကူဖြင့်လုပ်သောအိတ်

    (၂) သတင်းဂျာနယ်စက္ကူဖြင့်လုပ်သောအိတ်

    (၃) မူဆယ် (၁၀၅)မိုင်တွင် ထုတ်သောအိတ်

    (၄) ထိုင်းနိုင်ငံထုတ်သောအိတ် (FAO မှပေးသည်)

    FAO မှပေးသည့်အိတ်သည် (၂) ထပ်အိတ်ဖြစ်သည်။ အပြင်အညို၊ အတွင်း အမည်းစက္ကူတစ်ထပ်နှင့် အတွင်းတွင် အမည်းရောင် စက္ကူတစ်ထပ် ထပ်ထားသောအိတ်ဖြစ်သည်။

    မူဆယ် (၁၀၅) မိုင်မှထုတ်သည့်အိတ်သည် အပြင် အညို၊ အတွင်း အမည်းရောင်ရှိသော တစ်ထပ်အိတ်ဖြစ် သည်။

    ယခင်နှစ်အတွေ့အကြုံအရ FAO မှပေးသည့်အိတ်ဖြင့် စွပ်သောသရက်သီးသည် အရောင်အသွေးနှင့် အသီး ခွံချောမွေ့ခြင်းတွင် အကောင်းဆုံးဖြစ်သည်။

    FAO မှပေးသည့် အိတ်စွပ်သည့် စိန်တလုံးသရက်သီးမှာ အနံ့မမွှေးဟု အချို့မှပြောကြသည်။ သရက်သီး မှည့်လျှင် အနံ့မွှေးသည်ကိုတွေ့ရပါသည်။

    ပန်းစွဲသရက်များကို အိတ်စွပ်လျှင် ပန်းပြန်စွဲစေရန် အသီးခူးမည့်ရက်ထက် (၁၂)ရက်စော၍ အိတ်ဖြုတ် ထားပါက အချို့သရက်များ ပန်းစွဲကြောင်းတွေ့ရပါသည်။

    အိတ်စွပ်ခြင်း၏ အားသာချက်

    - အစေ့ထိုးပိုး၊ အသားထိုးပိုး၊ သီးထိုးယင်ကျရောက်မှုကို ကာကွယ်နိုင်သည်။

    - အနာအဆာ၊ အပွန်းအပဲ့ကင်းသည်။

    - အရောင်အသွေးတောက်ပပြီး အသီး၏ အရေခွံပြောင်ချောနေ၍ ရောင်းပန်းလှစေပြီး စျေးပိုရစေသည်။

    - ပိုးသတ်ဆေး၊ မှိုသတ်ဆေးများလျော့သုံးရ၍ စရိတ်သက်သာစေသည်။

    - ပိုးသတ်ဆေးဓါတ်ကြွင်းအာနိသင်နည်းသဖြင့် စားသုံးသူအတွက် အန္တရာယ်ကင်းသည်။

    - လေပြင်းဒဏ်၊ မိုးဒဏ်ပိုခံနိုင်ပြီး နေလောင်သက်သာသည်။

    - အသီးအလေအလွင့် ဆုံးရှုံးမှုသက်သာသဖြင့် ဝင်ငွေပိုရသည်။

    အိတ်စွပ်ခြင်း အားနည်းချက်

    - အိတ်ဖိုးငွေ အကုန်အကျပိုများလာသည်။

    - လူအင်အားသုံးစွဲ၍ အိတ်စွပ်ရသဖြင့် လူအင်အား လိုအပ်ချက်ရှိသည်။ စရိတ်ပိုကုန်သည်။

    - ပန်းပွင့်ရက် မမှတ်သားသူတို့အတွက် အသီးခူးရက်အလွယ်တကူ မသိနိုင်ပါ။

    - အိတ်အတွင်း ပိုးမွှားရောဂါကျရောက်မှုကို ရုတ်တရက်မမြင်နိုင်ပါ။

    Source: စိုက်ပျိုးရေးဦးစီးဌာန

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
  • article
likes7comments0
views2243