cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မန္တလေးမြို့မှာ မိုးမရွာတာကြောင့်လွန်ဆွဲပွဲတွေပြုလုပ်

. All News
"ပုံမှန်ဆို သကြန်တွင်းမှာ မိုးစရွာတယ်။ ဒီနှစ်ကတော့အခုချိန်ထိမိုးမရွာသေးတော့ လွန်ဆွဲပွဲ လုပ် ပြီးမိုးခေါ်ကြတာပေါ့။နေရာတော်တော်များများမှာလုပ်တာတွေ့ရတယ်"လို့အောင်မြေသာစံမြို့နယ်ကဒေသခံတစ်ဦးကပြောပါတယ်။
  • မန္တလေး၊ မေ ၀၅

    မန္တလေးမြို့မှာ ရာသီဥတုပူပြင်းပြီးမိုးရွာသွန်းမှုမရှိသေးတာကြောင့်မိုးခေါ် လွန်ဆွဲပွဲတွေပြုလုပ်နေ ကြတယ်လို့ဒေသခံတွေကပြောပါတယ်။ရိုးရာဓလေ့တစ်ခုဖြစ်တဲ့လွန်ဆွဲပွဲတွေကို မိုးခေါင်တဲ့အချိန်တွေမှာပြုလုပ်လေ့ရှိပြီး မိုးရွာသွန်းအောင်ဆုတောင်းလေ့ရှိကြတာဖြစ်ပါတယ်။

    "ပုံမှန်ဆို သကြန်တွင်းမှာ မိုးစရွာတယ်။ ဒီနှစ်ကတော့အခုချိန်ထိမိုးမရွာသေးတော့ လွန်ဆွဲပွဲ လုပ် ပြီးမိုးခေါ်ကြတာပေါ့။နေရာတော်တော်များများမှာလုပ်တာတွေ့ရတယ်"လို့အောင်မြေသာစံမြို့နယ်ကဒေသခံတစ်ဦးကပြောပါတယ်။

    လွန်ဆွဲပွဲတွေကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကစပြီး Covid 19 ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးအခြေအနေ အရ ပြုလုပ်ခဲ့တာမရှိဘဲ အခုနှစ်ကျမှပြန်လည်လုပ်ဆောင်လာတာဖြစ်ပါတယ်။လွန်ဆွဲပွဲမှာရာနဲ့ချီရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေက တစ်ဖက်စီနေရာယူပြီး လွန်ကြိုးကိုသတ်မှတ် နေရာရောက်တဲ့အထိဆွဲရတာဖြစ်ပါတယ်။

    အဲဒီလို လွန်ဆွဲပွဲတွေအပြင် မိုးရွာစေဖို့အတွက် ပူရေန္တံ ဗောဓိ သမ္ဘာရေ၊ နိဗ္ဗိတ္တံ မစ္ဆ ယောနိတံ အစ ချီတဲ့ ငါးရံ့မင်းပရိတ်(မစ္ဆရာဇသုတ္တန်) ကိုလည်း ရွတ်ဖတ်ပူဇော်ဆုတောင်းမှုတွေပြုလုပ်ကြတာတွေ ရှိတယ် လို့ ဒေသခံတွေကဆိုပါတယ်။

    လင်းလင်း

    Opinion Leaders မှ ကူးယူဖော်ပြပါသည်။

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes
14
comments
0
views
2001