cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသနှင့် စိုက်တောင်သူများအား အကြံပြုချက် 

. Weather News
စိုက်ပျိုးရေးအကြံပြုချက်
  • ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ မေလ (၃)ရက်နေ့မှ (၉)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄ဝ)ရာခိုင်နှုန်းအထိ ရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စိုက်ပျိုးရေးအကြံပြုချက် 

    နွေစပါးသရစ်ပိုးဆိုးဝါးစွာ ကျရောက်တတ်သည့် အခြေအနေများ 

    ပျိုးပင်တွင် ပိုမိုကျရောက်လေ့ရှိသည်။ ပေါင်းပင်များ 

    ထူထဲစွာ ပေါက်သောနေရာတွင် လျင်မြန်စွာပေါက်ပွားလွယ်သော ဖျက်ပိုးအမျိုးအစားဖြစ်ပါသည်။ မြက်မှ ပျိုးခင်းသို့ ကူးနှုန်းသည် စပါးပင်အချင်းချင်းကူးမှုထက် ပိုမြန်ပါသည်။ နွေစပါးခင်းတွင် ကျရောက်မှုပိုများသည်။ ရေကျနောက်စိုက် စိုက်ခင်းများ၊ ရေပြတ်သော စပါးစိုက်ခင်းများ၊ တိုက်ရိုက်မျိုးစေ့ချပျိုးခင်းများ၊ ရေကြီးနစ်မြုပ်ပြီး ပြန်လည်စိုက် သည့် အခင်းများတွင် ဆိုးဝါးစွာ ကျရောက်ပါသည်။ 

     ဖျက်ဆီးမှုလက္ခဏာ 

    စပါးသရစ်ပိုး ကျရောက်ပါက ရွက်ထိပ်ဖျားများ ခြောက် သွေ့နေပြီး ကျရောက်မှုများပါက ရေလိုအပ်သော စပါးပင်၏ လက္ခဏာနှင့် တူသည်ကိုတွေ့ရသည်။ စိုက်ခင်းတွင် ရေမရှိပါက ထိုလက္ခဏာ ပိုမိုထင်ရှားပြီး စပါးရွက်အောက် မျက်နှာ ပြင်တွင် အဝါရောင်မှ အနီရောင်အထိ အစင်းများတွေ့ရပြီး အရွက် အနားမှ အရွက်အလယ်ရိုးထိ လိပ်ဝင်နေသည်ကို တွေ့ရမည် ။ စပါးနှံထွက်ချိန် တိုက်ခိုက်ပါက အဆံမပါအစေ့များ ဖြစ်နေသည်ကို တွေ့နိုင်သည်။ အရွက်လိပ်ထဲတွင် သရစ်ပိုး အကောင်ကြီး၊ အကောင်ငယ်နှစ်မျိုးလုံးတွေ့ နိုင်သည်။ 

    နွေစပါးသရစ်ပိုးကာကွယ်နှိမ်နင်းနည်းများ  

    စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း 

    ၁။ ပေါက်ပွားမှု လျှင်မြန်သော ဖျက်ပိုးဖြစ်သဖြင့် ကာကွယ် နှိမ်နင်းမှုနှင့် ကုသမှုလက်နှေးပါက ထိခိုက်မှုများနိုင်သည်။ ကာကွယ်မှုအနေဖြင့် စပါးခင်းပတ်ဝန်းကျင်နှင့် စိုက်ခင်း အတွင်း ပေါင်းမြက်များကို ရှင်းလင်းထားပါ။ 

    ၂။ အရွက်လိပ်ခြောက်နေသော စပါးရွက်များ၊ စပါးရွက်ဘေး နှုတ်ခမ်းမှ ရွက်လယ်ကြောအတွင်း လိပ်နေသောစပါးပင် များကို တွေ့ရှိပါက နှုတ်ယူမီးရှို့ပစ်ပါ။ 

    ၃။ ပျိုးခင်းခြောက်သွေ့နေပါက ရေနေ့တစ်ဝက်ခန့်သွင်းပါ။ ၄။ ခြောက်နေသော အရွက်လိပ်ကို ခွဲကြည့်ပါက အမည်းရောင် အကောင်လေးများ (၁)ဧကတွင် အပင် (၂ဝ) တွေ့ပါက သရစ်ပိုးကို ကုသရန် ဖစ်ပရိုနေး၊သိုင်ရာမီသိုဇမ်ဆေးများအား ဆေးဖျန်းစနစ် မှန်ကန်စွာဖြင့် ပက်ဖျန်းပါ။ သရစ်ပိုးများအား ကာကွယ်ရန် မွှားပင့်ကူသတ်ဆေးများ သုံးစွဲခြင်းသည် အထိရောက်ဆုံးဖြစ် ပါသည်။ ထိသေ၊ စားသေ၊ ပင်လုံးပြန်အာနိသင်ရှိ ပိုးသတ် ဆေးများလည်း အသုံးပြုနိုင်ပါသည်။ 

    ၅။ အညွှန်းပါဆေးများကို သရစ်ပိုးကျရောက်နေသော စပါးရွက် များသို့ ရောက်ရှိအောင် ပက်ဖျန်းပါ။ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes7comments0
views1969