cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

လက်ကျန် ဝါများ စျေးကွက်ရရှိရေးအတွက် ဝါများကို တင်ဒါစနစ်ဖြင့်ဝယ်ပေးမည်

. Market News
၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက (၇)သိန်းကျော်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဇုန်အလိုက် တာဝန်ခံများ တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။
  • လက်ကျန် ဝါများစျေးကွက်ရရှိရေးအတွက် Aအဆင့် နှင့် C အဆင့် ဝါများအား တင်ဒါစနစ်ဖြင့် ဝယ်ယူပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။

    ထိုကဲ့သို့ ဝယ်ယူရာတွင် A အဆင့် ဝါပိဿာချိန် နှစ်ဆယ့်ကိုးသိန်း နှင့် C အဆင့် ဝါပိဿာချိန် တစ်သိန်း အား စက်မှုဝန်ကြီးဌာန၊ အမှတ် ၃ စက်မှုလုပ်ငန်း လက်အောက်ရှိ ဝါကြိတ်စက်ရုံများတွင် အသုံးပြုရန် အတွက် ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

    ထို့အပြင် လာမည့် မိုးဝါ စိုက်ပျိုးရေးအတွက် အထွက်တိုးစေရန် ထွက်ရှိသည့် ဝါပိဿာချိန်ပေါ် မူတည်၍ နေရာဒေသအလိုက် ဝါကြိတ်ဝါဖိစက်များထားရှိပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

    “ဝါကြိတ်စက်တွေက လုံလောက်မှုရှိပါတယ်။ အဓိက က ဝါ စျေးကွက်ပျောက်ချိန် အရံ ဝါ ဝယ်ပေး တာတွေ ၊ ပြည်ပ ဝါ စပ်မျိုး လွယ်ကူလျင်မြန်စွာ တင်သွင်းခွင့် ရရှိအောင် ဆောင်ရွက်ပေးသင့်တယ်။ ပြီးတော့ နယ်စပ်လမ်းကြောင်းများ ခက်ခဲနေချိန်မှာ ရေလမ်းကြောင်းကနေ တင်ပို့နိုင်ရေး အဆင်ပြေ အောင် ဆောင်ရွက်ပေးသင့်တယ် “ဟု ဝါ လုပ်ငန်းရှင်များ အဖွဲ့ မှ တာ၀န်ရှိတစ်ဦးက ပြောသည်။ ထို့အပြင် သွင်းအားစုများအတွက် ဝါစိုက်တစ်ဧကလျှင် ချေးငွေကျပ်နှစ်သိန်းနှုန်းဖြင့် အတိုးနှုန်းသက်သာစွာ ထုတ်ချေးသွားမည်ဟုလည်း သိရပါသည်။

    ၂၀၂၇- ၂၀၂၈ ဘဏ္ဍာနှစ်တွင် ဝါစိုက်ဧက (၇)သိန်းကျော်စိုက်ပျိုးထုတ်လုပ်နိုင်ရေး ဇုန်အလိုက် တာဝန်ခံများ တာဝန် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

    လက်ရှိ ဝါ တစ်ပိဿာလျှင် ၂၇၀၀ မှ ၂၈၀၀ ကျပ် ဖြင့် အကျစျေးမှာတင် ငြိမ်နေကြောင်း အောင်လံ ကုန်စည်ဒိုင်မှ သိရသည်။

    “အခုနှစ် နောက်ပိုင်း ဝါဈေးက ကျပြီးပြန်မတက်လာတော့တာပါ။ ဝါစိုက်တောင်သူများ အခက်တွေ့နေကြရပါတယ်၊ ဝါစျေး က ၃၀၀၀ အောက် ရောက်နေတယ် “ ဟု ဝါစိုက်တောင်သူ တစ်ဦး ကပြောသည်။

    လက်ရှိ ဝါကို တရုတ်ဘက် သို့ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် မှ တဆင့် တင်ပို့နေခြင်း ဖြစ်ပြီး ပုံမှန် ဝယ်ယူမှုများ ရှိနေမည်ဆိုပါက စျေးကွက် ကောင်းလာနိုင်ကြောင်းကုန်သည်များထံမှ သိရသည်။

    ပြည်တွင်း၌ ဝါ ကို မကွေးတိုင်း ၊မန္တလေးတိုင်း နှင့် စစ်ကိုင်းတိုင်းတို့ ရှိ မြို့ နယ် များ တွင် အများဆုံး စိုက်ပျိုးကြပြီးအစိုးရအနေဖြင့်လည်း ဝါ ကို အရေးကြီးကုန် အဖြစ် သတ်မှတ်ထား ကြောင်း လည်းသိရသည်။

    ပြည်တွင်း၌ ဝါ သည် နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း မှာ စတင်ထွက် ပေါ်ကာ ဇန်နဝါရီလမှ ဧပြီလလယ်အထိ ထွက်ပေါ် ကြောင်း သိရသည်။

    အချို့ တောင်သူများက‌တော့ ဝါကို မိုးနှမ်းနှင့် အတူ ၅လပိုင်းကျော် ၆လပိုင်း ခန့်တွင် တွဲစိုက်ကြကြောင်းလည်း သိရသည်။

    ဝါသီးနှံနှင့် ဝါဂွမ်းတို့ကို ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း ဒါမှမဟုတ် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာတွေကို ပြီးခဲ့သည့် နှစ်ကတည်းက တားမြစ်ထားသည်။

    ဖိုးချဲ(AMIA)

    Exclusive content for Htwet Toe

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes10comments0
views2224