cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

မြေဆီဈေးတက်နေချိန် ရွေးချယ်သင့်သော မြေဆီလွှာအာဟာရ ဖြည့်တင်းပေးနိုင်သည့် သစ်စိမ်းမြေဩဇာ

. Plant Nutrition
အထူးသဖြင့်သစ်စိမ်းမြေသြဇာသည် မြေတွင် သစ်ဆွေးဓါတ်ကြွယ်ဝလာစေပြီး မြေဆီလွှာဖွဲ့စည်းမှု၊ မြေဆီလွှာ၏ရေအစိုဓါ်ထိန်းထားနိုင်မှု၊ လေဝင်လေထွက်မျှတစေနိုင်ပြီး အပင်အာဟာရဓါတ်များကို မြေတွင်းပြန်လည်ထည့်သွင်းပေးရာရောက်သဖြင့် မြေဆီလွှာ၏ အာဟာရဓါတ်များကိုကောင်းစွာဖြည့်ဆည်းပေးနိုင်သော နည်းလမ်းတရပ်ဖြစ်ပေသည်။
  • သစ်စိမ်းမြေသြဇာဆိုသည်မှာ-မြေသြဇာအဖြစ်အသုံးပြုသော အစိမ်းရောင်သီးနှံများကိုမြေဆွေးအဖြစ်အသုံးပြုခြင်တနည်းဖြစ်ပေသည်။ တနည်းအားဖြင့် ဝင်ငွေရသီးနှံမစိုက်ပျိုးမီ သို့ စိုက်ပျိုးပြီး ခေတ္တမြေအားလပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင်ပင်များ ကြဲပက်စိုက်ပျိုးထားပြီး ပင်စည်နုနယ်သော အချိန်ထိစိုက်ပြီး (၄၀-၄၅)ရက်သားခန့်တွင် တစ်ပင်လုံး( သို့မဟုတ်) အပင်၏အစိတ်အပိုင်းအားအစိမ်းအတိုင်း ထယ်ထိုးမြေမြုပ်ပြီး မြေသြဇာဖြစ်အသုံးပြုနိုင်သော အပင်များမှ မြေဆီလွှာအတွက် လိုအပ်သော အာဟာရများကိုဖြည့်ဆည်းပေးခြင်းဖြစ်ပေသည်။ အများအားဖြင့်ပဲမျိုးရင်းပင်မျာကို အသုံးပြုကြပြီး ပဲမျိုးရင်ပင်မဟုတ်သော အပင်များကိုလည်း အမြန်ဆွေးမြေ့မှုနှင့် သစ်ဆွေးဓါတ်ကြွယ်ဝပြီး နိုက်ထရိုဂျင်၊ဖော့စဖိတ်၊ ပိုတတ်နှင့်အခြားအနည်းလို အာဟာရပါ၀င်မှုများအပေါ်မှုတည်ပြီး အသုံးပြုနိုင်ကြပေသည်။

    #သစ်စိမ်းမြေသြဇာကိုသုံးစွဲသင့်သည့်အကြောင်းအရင်းများ

    ပဲမျိုးရင်းသစ်စိမ်းမြေသြဇာသည်လေထုထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်သည်။ အကျိုးပြု ဘတ်တီးရီးယား ၏အကူအညီဖြင့် အမြစ်တွင်ပါဝင်သော မြစ်ဖုများက မြေဆီလွှာ အာဟာရကို ကြွယ်ဝစေပါသည်။ သစ်စိမ်းမြေသြဇာပြုလုပ်အသုံးပြုကြသော သီးနှံတခုခြင်းစီသည်အကြီးမြန်ပြီး ရေငတ်ဒဏ်ခံနိုင်ခြင်း သို့ ရေဝပ်ဒဏ်ခံနိုင်ခြင်း၊ မြေဆွေးဓါကောင်းစွာရရှိနိုင်ခြင်းစသည့်ကောင်းကျိုးများအပေါ်မှုတည်ပြီးအသုံးပြုနိုင်ပေသည်။ သစ်စိမ်းမြေသြဇာပင်များသည်ကြီးထွားမှုမြန်ပြီး မြေပေါ်သို့အချိန်တိုအတွင်းဖုံးသွားနိုင်သဖြင့် သစ်စိမ်းမြေသြဇာပင်များပေါက်နေချိန်အတွင်း ပေါင်းနိှိမ်ပေးရာရောက်သဖြင့် နောက်စိုက်မြည့်အဓိကသီးနှံများအပေါ် ပေါင်းပေါက်ရောက်မှုကိုကောင်းစွာသက်သာစေပါသည်။ မြေငံခြင်း၊ မြေချဥ်ခြင်းများကို မြေချဥ်ငံကိန်းကိုမျှတစေနိုင်ပြီး မြေဆီလွှာမှ အာဟာရဓါတ်များတိုက်စားဆုံးရှုံးမှုနှင့်အငွေ့ပြန်ဆုံးရှုံးမှုကိုကာကွယ်ပေးနိုင်ပေသည်။

    မြန်မာနိုင်ငံရှိ အပှုပိုင်းဒေသများတွင် မိုးနည်းခြင်းကြောင့် အစိုဓါတ်မထိန်းနိုင်ခြင်း၊ သစ်ဆွေးဓါတ်များ ယုတ်ေလျာ့လာခြင်း၊ အပူချိန်များပြီး ရေငွေ့ပျံဆုံးရှုံးပြီး အကျိုးပြုအဏုဇီဝဆုံးရှုံးလာမှုများကြောင့် မြေချဥ်ကိန်းနိမ့်လာသော အခြေနေများကြောင့် မြေဆီလွှာကောင်းမွန်လာစေရန် သစ်စိမ်းမြေသြဇာကို မြေဆီလွှာ၏ဂုဏ်သတ္တိများတိုးတတ်ကောင်းမွန်စေရန်အသုံးပြုသင်ပေသည်။

    အထူးသဖြင့်သစ်စိမ်းမြေသြဇာသည် မြေတွင် သစ်ဆွေးဓါတ်ကြွယ်ဝလာစေပြီး မြေဆီလွှာဖွဲ့စည်းမှု၊ မြေဆီလွှာ၏ရေအစိုဓါ်ထိန်းထားနိုင်မှု၊ လေဝင်လေထွက်မျှတစေနိုင်ပြီး အပင်အာဟာရဓါတ်များကို မြေတွင်းပြန်လည်ထည့်သွင်းပေးရာရောက်သဖြင့် မြေဆီလွှာ၏ အာဟာရဓါတ်များကိုကောင်းစွာဖြည့်ဆည်းပေးနိုင်သော နည်းလမ်းတရပ်ဖြစ်ပေသည်။

    ထို့ကြောင့် သဘာဝမြေဆွေးဓါတ်ဆုံရှုံးနေသော မြေဆီလွှာများကို အလျန်အမြန်ပြန်လည် အားဖြည့်ပေးနိုင်ရန် သစ်စိမ်းမြေသြဇာ ကျွေးခြင်းဖြင့် မြေဆီလွှာ၏ ဂုဏ်သတ္တိများကိုမြင့်တင်နိုင်သော နည်းပညာရပ်တခုဖြစ်နေပေသည်။

    #သစ်စိမ်းမြေသြဇာပြုလုပ်သုံးစွဲနိုင်သောအပင်အမျိုးအစားများ

    ၁။ အာဟာရဓါကြွယ်ဝပြီး နိုက်တြိုဂျင်ပါဝင်မူများခြင်း။

    ၂။ မိမိဒေသနှင့်ကိုက်ညီသောမျိုးစေ့ရလွယ်ခြင်း၊ စျေးနှုန်သက်သာခြင်း၊ အပင်ပေါက်ကောင်းခြင်း။

    ၃။ ကြီးထွားမြန်ခြင်း၊ အရွက်ထွက်များခြင်း။

    ၄။ ရေလိုအပ်မူနည်းခြင်း၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ခြင်း၊ အကြမ်းတမ်းခံခြင်း။ ရေကြီးနှစ်မြုပ်ဒေသဖြစ်ပါက ရေနှစ်ဒဏ်ခံနိုင်ခြင်း။

    ၅။ ပဲမျိုးနွယ်ဝင်အပင်ဖြစ်ခြင်း၊ ( သစ်ဆွေးဓါတ်သာမကလေထဲမှနိုက်ထရိုဂျင်ကိုဖမ်းယူနိုင်ခြင်းကြောင့်မြေတွင်းနိုက်ထရိုဂျင်ဓါတ်ကြွယ်ဝစေခြင်း)

    ၆။ ပဲမျိုးရင်းပင်မဟုတ်ပါက သစ်ဆွေးဓါတ်များသော သီးနှံများကိုရွေးခြယ်အသုံးပြုနိုင်ခြင်း။

    ၇။ စိုက်ပျိုးစရိတ်ကုန်ကျမူနည်းခြင်း၊ လွယ်ကူစွာစိုက်ပျိုးနိုင်ခြင်း။

    ၈။ လွယ်ကူစွာရှင်းလင်းပသ်နိုင်ခြင်း၊ နှိမ်နင်းရလွယ်ခြင်း၊ ( ပေါင်းပင်အဖြစ်မရောက်ရှိစေနိုင်ခြင်း)

    ၉။ မိမိဒေသတွင် သိုက်ပျိုးနေကြသီးနှံပုံစံ၊ သီးလှည့်ပုံစံတို့နှင့်အံ့ဝင်ခြင်း။

    ၁၀။ ကာဗွန် နိုက်ထရိုဂျင် အချိုးနည်းသော သစ်ဆွေးမြန်အပင်အမျိုးအစားကိုရွေးခြယ်ခြင်း စသည့်အခြေအနေများကိုတွက်ချက်၍ မိမိဒေသရေမြေရာသီဥတုနင့်က်ုက်ညီသော သီးနှံအမျိုးအစားများကိုစိုက်ပျိုးသင့်ပေသည်။

    #သစ်စိမ်းမြေသြဇာပင်များအားအသုံးပြုပုံအလိုက်အမျိုးအစားခွဲခြားခြင်း

    က။သစ်စိမ်မြေသြဇာအဖြစ်အသုံးပြုနိုင်သောအပင်များ

    ၁ ။ ပိုက်ဆံလျှော် Sunnhemp

    ၂။ ညံပင် Sesbania Rostrata

    ၃။ဒန့်ကျွဲ Negro coffee

    ၄။ မဲရိုင်း Indigo plant

    ၅။ အေဇိုလာ Azolla

    ခ။ အစားအစာနှင့်သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သောအပင်များ

    ၁။ ပဲလွမ်း Cow Pea

    ၂။ ပဲတီစိမ်း Green Gram

    ၃။ ပဲရင်း Rice Bean

    ၄။ ပဲစောင်းရှား Kaffir bean

    ဂ။ မြေအဖုံးအကာနှင့်သစ်စိမ်းမြေသြဇာအဖြစ်အသုံးပြုနိုင်သောအပင်ကြီးများ

    ၁။ ဘောစကိုင်း Ipil ipil

    ၂။ ကုက်ကို Siris

    ၃။မြေပြန့်ချယ်ရီ Glirucidia

    စသည့်အပင်များကိုသက်စိမ်းမြေသြဇာအဖြစ်အသုံးပြုစိုက်ပျိုးပါက မြေဆီလွှာအတွင်းအာဟာရဓါများကြွယ်ဝလာစေပြီး အပင်အာဟာရဓါတ်များကို သီးနှံများမှ ရယူနိုင်သောပုံစံအဖြစ်မြေတွင်းကြာရှည်စွာထိန်းသိမ်းထားလာနိုင်ပြီး ပြင်ပမြေသြဇာများထည့်သွင်းအသုံးပြုခြင်းကိုကောင်းစွာလျော့ချနိုင်ပြီး တဧကကုန်ကျစရိတ်ကိုသိသာစွာသက်သာလာနိုင်စေပါသည်။

    Htet Zaw Htun_ Organic Farming Coach

    References: https://www.daera-ni.gov.uk/articles/green-manures

    Professor Maung Maung Htwe & Sayama Daw Khin Thuzar Htun

    Photos: 2016 Golden Plain_Dry Zone Project

    ----

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes15comments0
views2628