cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

“ဖုန်းဘေကံထူးကြမယ် ထွက်တိုးမှာကွယ်” 🤗🤗

. How to Plant
ထွက်တိုး ဖုန်းဆော့ဝဲမှာ ဝင်ရောက်ဆွေးနွေးပေးတဲ့ ထွက်တိုး ဦးကြီး များကိုတော့
ဆုငွေ ၃၀၀၀ ကျပ် ဆုချီးမြှင့်သွားပါမယ်နော်။
  • ထွက်တိုးတောင်သူဦးကြီးများရှင့်

    စိုက်ပျိုးဖို့ပြင်ဆင်နေကြပြီလား?

    မျိုးကောင်းမျိုးသန့် သုံးဖို့လဲ မမေ့နဲ့ဦး

    တောင်သူဦးကြီးများအတွက် မစိုက်ခင်

    စိုက်ပျိုးမယ့် မျိုးစေ့ပေါက်နှုန်းကို

    စစ်ဆေးဖို့ တိုက်တွန်းလိုက်ရပါတယ်။

    စပါးမျိုးပေါက်နှုန်းကို စစ်ဆေးနည်း

    အဆင့် ၁ - ရေစိုနေတဲ့ ပိတ်ပါးစ အပေါ်မှာ မျိုးစေ့ ၁၀၀ ခန့် တညီတညာ ချထားပါ။

    အဆင့် ၂ - ပိတ်ပါးစကို လိပ်ပြီး အသင့်အတင့် နေရောင်ရသော နေရာတွင် ၃ ရက်မှ ၅ ရက်အထိ ထားပေးပါ။

    အဆင့် ၃ - အဲ့ဒီနောက်မှာ ဘယ်မျိုးစေ့က အပင်ပေါက်လဲဆိုတာ သိရအောင် ပိတ်ပါးစကို ဖြည်ပြီး စစ်ဆေးကြည့်ပါ။

    အဆင့် ၄ - အပင်ပေါက်သော မျိုးစေ့ကို ရေတွက်ပါ။ အကယ်၍ မျိုးစ့ ၁၀၀ စေ့မှာ အနည်းဆုံး ၈၀%ခန့်ပေါက်ပါက စိုက်ပျိုးဖို့အတွက် သင့်တော်တဲ့ မျိုးအဖြစ် ရွေးချယ်နိုင်ပါတယ်။

    စမ်းသပ်မှု သေချာစေရန် အထက်ပါ နည်းအတိုင်း မျိုးတစ်မျိုးတည်းကိုပဲ ၃ ခု (သို့မဟုတ်) ၅ ခုကို တစ်ပြိုင်နက်တည်း ပြုလုပ်ပေးသင့်ပါတယ်။

    တောင်သူဦးကြီးတို့ရော မျိုး စေ့ ပေါက်နှုန်းစစ်ဆေးကြရဲ့ လား?

    ဘယ်လို စစ်ဆေးကြတယ်ဆိုတာ ကော့မန့်/ မှတ်ချက် မှာ ဆွေးနွေးပေးကြပါဦးနော်။

    ဆွေးနွေးပေးတဲ့ တောင်သူ ၁၀ ဦးကိုရွေးချယ်ပြီး ဖုန်းဘေ ၂၀၀၀ ကျပ် ဆုချီးမြှင့်သွားပါမယ်နော်။

    ထွက်တိုး ဖုန်းဆော့ဝဲမှာ ဝင်ရောက်ဆွေးနွေးပေးတဲ့ ထွက်တိုး ဦးကြီး များကိုတော့

    ဆုငွေ ၃၀၀၀ ကျပ် ဆုချီးမြှင့်သွားပါမယ်နော်။ ဆုငွေတွေ လက်မလွတ်ရအောင် ပါဝင်ဆွေးနွေးပေးကြပါဦးနော်။

    ထွက်တိုးရယူရန်လင့် - https://htwettoe.com/download

    စိုက်ပျိုးရေးပြဿနာများ တိုင်ပင်ဆွေးနွေးရန် ဖုန်း - ၀၉၉၇၇၉၁၀၀၀၀


  • article
  • article
likes62comments38
views11848