cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်ရေ အရည်အသွေးထိန်းသိမ်းခြင်း

. Fish Articles
ငါးမွေးကန် တစ်ခုတွင် ကန်ရေ အရည်အသွေးထိန်းသိမ်းခြင်းသည် အရေးကြီးသော အချက် ဖြစ်ပါသည်။
  • မေးခွန်း

    ငါးကန်ရေအရည်အသွေးဆိုင်ရာ အသိအမြင်လေးများ နည်းနည်းခြင်းစီမျှဝေပေးစေလိုပါတယ်။

    ဖြေကြားချက်

    ငါးမွေးကန် တစ်ခုတွင် ကန်ရေ အရည်အသွေးထိန်းသိမ်းခြင်းသည် အရေးကြီးသော အချက် ဖြစ်ပါသည်။

    ကန်ရေ အရည်အသွေးကောင်းမွန်ပါက (က) ငါးကြီးထွားနှုန်း မှန်ကန်ခြင်း၊ (ခ) ငါးရောဂါကင်းရှင်းခြင်း၊ (ဂ) ငါးကျန်းမားရေးကောင်းမွန်ခြင်း၊ (ဃ) ငါးများသည် အစာပုံမှန်စားသောက်ခြင်းတို့အပြင် ငါးစာကုန်ကျမှုလည်း သက်သာလျော့နည်းစေပါသည်။။

    ကန်ရေအရည်အသွေးတိုင်းတာရာတွင် အချက်(၁၀)ချက်ရှိပါသည်။ တစ်ချက်ချင်းတွင် ရှိရမည့် စံနှုန်းကို အောက်ပါဇယားဖြင့် ဖော်ပြအပ်ပါသည်။ ---

    ငါးကန်တစ်ကန် ရေအရည်အသွေးကောင်းမွန်ရန်အတွက် ကန်၏အောက်ခြေ ချဥ်ဖန်နှုန်းသည် (၅) အထက်ရှိရပါမည်။ ကန်သည် နေရောင်ခြည်အမြဲရရှိရန်လည်း လိုအပ်ပါသည်။ လေဝင်လေထွက် ကောင်းစေရန်လဲလိုအပ်ပါတယ်။ ထို့အပြင် ကန်ပြင်ဆင်ချိန်တွင် ထုံးထည့်သွင်း၊ ပုလဲ၊ တီစူပါ၊ ပိုတက် ထည့်သွင်းခြင်းလဲ မှန်ကန်ရပါမည်။ ကန်ရေအနက်သည် အနည်းဆုံး (၃) ပေရှိရပါမည်။ ကန်ကို ရေသွင်းပြီး ရေကြည်မှသာ ‌ရေသြဇာ ထည့်သွင်းခြင်းကို ပြုလုပ်ရပါမည်။

    (ထွက်တိုးငါးပညာရှင် ဆရာဉီးဆန်းအောင်မှ ပြန်လည်ဖြေကြားပေးထားပါသည်။)

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
likes7comments0
views1754