cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၆.၅.၂၀၂၄ မှ ၁၀.၅.၂၀၂၄)

. Market Analysis
နှမ်းညိုကတော့ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ရှိပြီး အသစ်ဝင်တဲ့ နှမ်းကတော့တစ်အိတ်ကို ၃၁၀၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။
  • မတ်ပဲ

    မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ် သောကြာနေ့ နဲ့ ယှဉ်ရင်တော့ ဈေးနှုန်းက အပြောင်းအလဲ မရှိပါဘူး။ တစ်ပတ်အတွင်းမှာတော့ အတက်အကျ အနည်းငယ်နဲ့သာ အရောင်းအဝယ် ရှိနေပါတယ်။ အိန္ဒိယနိုင်ငံ တွင်းမှာပါ မတ်ပဲဈေးတွေက ကျဆင်းနေတာဖြစ်လို့ ပြည်တွင်းမှာလည်း ဈေးချ ဝယ်ယူတာတွေ ရှိတယ်လို့ ပဲကုန်သည်အချို့က ပြောပါတယ်။

    မတ်ပဲကတော့ လက်ရှိ အခြေအနေအရ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲ အခြေအနေနဲ့ တင်းကြပ်နေတဲ့ စစ်ဆေးတာတွေကြောင့် ဈေးကျဆင်းနေပေမယ့် ပဲ လိုအပ်ချက် မြင့်မားနေတာ ဖြစ်လို့ လတ်တလော ကာလအတွင်း ဈေးကျဆင်းနေတာလို့ ကုန်သည်အချို့က ခန့်မှန်းပါတယ်။

    အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာမတ်ပဲက တစ်တန်ကို ရူပီး ၈၉၅၀ ပေါက်ဈေးရှိနေပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

    ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၃၅ ၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်ဈေးအပြောင်းအလဲ မရှိပါဘူး။ (SQ/RC)ကတော့ တစ်တန်ကို ၃၃၈၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၅၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၁၀၀ မှ ၅၁၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀ ကျပ်ဈေးကျ ဆင်းပါတယ်။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးကျဆင်းပါတယ်။ တစ်တန်ကို သိန်း ၄၀ အောက် ရောက်နိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ဈေးက ဆက်ပြီး ကျဆင်းသွားတာမျိုး မရှိပဲ အတက်အကျ အနည်းငယ်နဲ့သာ ဈေးရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယလိုအပ်ချက်အပြင် ပြည်တွင်း လက်ကျန် လျော့နည်းနေတာကြောင့်လည်း ထုတ်ရောင်းတာမျိုး မလုပ်ပဲ လှောင်ထားဆဲ အခြေအနေရှိကြတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ အိန္ဒိယနိုင်ငံ အတွင်းမှာတော့ ရွေးကောက်ပွဲ အခြေအနေနဲ့ စစ်ဆေးမှုတွေကြောင့် ဈေးက အေးနေပြီး အရောင်းအဝယ်လည်း အေးနေတယ်လို့ အိန္ဒိယသတင်းတွေ မှာ ဖော်ပြထားပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၀၅၁၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ နီးပါး ဈေးကျဆင်းသွားပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကတော့ ဈေးကွက်ထဲ ကို အသစ်တွေ အဝင်ရှိနေပြီး တရုတ်အဝယ်ရှိနေလို့ ဈေးကောင်း ရရှိနေ တယ်လို့ ကုန်သည်တွေ ထံကနေ သိရပါတယ်။ အဟောင်းတွေက အရည်အသွေးပိုင်း အားနည်းနေတဲ့ အတွက် အသစ်ကိုသာ ဦးစားပေးဝယ်ယူနေတယ်လို့ ဆိုပါတယ်။

    ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၃၈၃၀ ကျပ်၊ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၆၇၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်က အတိုင်း ဈေးငြိမ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၈၀၀၀၀ ကနေ ၁၈၆၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၃၁၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာဈေးကွက်မှာလည်း ပဲတီစိမ်း အသစ် တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိနေပြီး တစ်တင်းကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ထောပတ်ပဲ

    ထောပတ်ပဲကတော့ ပြီးခဲ့တဲ့အပတ်ကအထိ ဈေးကျဆင်းနေပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ တင်ပို့မှုအတွက် အဝယ်ရှိနေတယ်လို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာထောပတ်ပဲ တစ်ပိဿာကို ၅၃၉၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၆၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ထောပတ်ပဲကလည်း တစ်အိတ်ကို ၃၃၀၀၀၀ မှ ၃၅၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၀၀၀၀ကျပ်ဈေးမြင့်တက်လာပါတယ်။

    နှမ်းမျိုးစုံ

    နှမ်းမျိုးစုံကတော့ ဈေးကွက်ထဲ ဈေးအေးနေတာ ကြာပါပြီ။ နေ့စဉ် ဈေးကွက် အဝင် ပေါ် မူတည်ပြီး အရောင်းအဝယ်ဖြစ်နေတာ ဖြစ်လို့ ဈေးက အတက်အကျ သိပ်မရှိခဲ့ပါဘူး။ နှမ်းဖြူကိုတော့ တရုတ် အဝယ်ရှိနေတာ ဖြစ်လို့ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကွက် အတွင်း အနည်းငယ်ပြန်လှုပ်ခက်ခဲ့ ပါတယ်။

    မန္တလေးဈေးကွက်မှာ နှမ်းဖြူ(ရိုးရိုး)က တစ်အိတ်ကို ၄၀၀၀၀၀ မှ ၄၀၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာပြီး ၊နှမ်းဖြူ(ဂျပန်)ကတော့ တစ်အိတ်ကို ၄၂၀၀၀၀ ကျပ် ပေါက်ဈေး ရှိနေပါတယ်။

    နှမ်းနက်(စမုံ)ကတော့ တစ်အိတ်ကို ၃၆၀၀၀၀ မှ ၄၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ နှမ်းညိုကတော့ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၀၅၀၀၀ ရှိပြီး အသစ်ဝင်တဲ့ နှမ်းကတော့တစ်အိတ်ကို ၃၁၀၀၀၀ ကျပ်ပေါက်ဈေးရှိနေပါတယ်။

    ငရုတ်

    ငရုတ်ကတော့ ဆင်ဖြူကျွန်း ငရုတ်က ဈေးကွက်ထဲ မြင့်တက်လာပေမယ့် အခြား မြှားနီ ပန်းရဲ ငရုတ်တွေကတော့ အကျဈေးနဲ့ ပဲ ရှိနေတာ ဖြစ်ပါတယ်။ ဆင်ဖြူကျွန်း ပုက ဈေးကွက်ထဲ အနည်းငယ် ရှားလာပြီး အဝယ်ရှိနေတဲ့အတွက် ဈေးမြင့်တက်လာတာလို့ သိရပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ငရုတ်ဆင်ဖြူကျွန်းပုက တစ်ပိဿာကို ၁၁၅၀၀ မှ ၁၂၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မေမီမောင်(AMIA)

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views2138