cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက်  

. Weather News
မကွေးတိုင်းဒေသကြီး
  • မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် 

    မကွေးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မေလ (၁၃) ရက်နေ့မှ (၁၉) ရက်နေ့ အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် ၂၅ ရာခိုင်နှုန်းသာရှိပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ 

    စိုက်ပျိုးရေးအကြံပြုချက် 

    စပါးကြဲခင်းနှင့်ပေါင်းအန္တရာယ် 

    . ပေါင်းမြက်နှိမ်နင်းနည်း 

    ပေါင်းပင်တို့၏ထူးခြားသော လက္ခဏာများမှာ 

    ၁။ ပင်ပိုင်းကြီးထွားမှု လျင်မြန်ပြီး မျိုးစေ့မြန်မြန်ထုတ်နိုင်သည်။ 

    ၂။ နှစ်ရှည်ပေါင်းပင်များသည် ရိုင်ဇုမ်း၊ ကျူဘာ၊ စတိုလွန်စသည့် အပင်အစိတ်အပိုင်းများမှ မျိုးပွားနိုင်သည်။ 

    ၃။ မျိုးစေ့အမြောက်အမြား ထုတ်လုပ်နိုင်ပြီး အများစုသည် ရှင်သန်နိုင်စွမ်းရှိသည်။ 

    ၄။ ပတ်ဝန်းကျင်အခြေအနေ အမျိုးမျိုးဖြင့် လိုက်လျောညီထွေ နေနိုင်သည်။ 

    ၅။ ထိရောက်သော မျိုးစေ့ပြန့်ပွားမှု နည်းလမ်းများလည်းရှိသည်။ 

    ၆။ မျိုးစေ့များ အစေ့ငုပ်နေနိုင်သည်။ 

       စပါးကြဲခင်းတွင် နှစ်စဉ်နှစ်တိုင်း ပေါက်ရောက်လေ့ရှိပြီး နှိမ်နှင်းရခက်ခဲသော ပေါင်းအမျိုးအစားများမှာ 

       (၁) မြက်မုန်ညှင်းအုပ်စု 

       မြက်မုန်ညှင်းရွက်တို (Cyperus brevifolius) 

       နှစ်ရှည်ခံပင်ဖြစ်ပြီး တွားသွား၍ အပြင်လိုက်ပေါက်ရောက်သည်။ အစေ့နှင့်ရိုင်ဇုမ်း နှစ်မျိုးစလုံးဖြင့် မျိုးပွားနိုင်သည်။ လယ်စပါးတွင် တွေ့ရသည်။ 

       မြက်မုံညှင်းအလုံး (Cyperus compactus) 

       နှစ်ရှည်ခံပင်ဖြစ်ပြီး တစ်နေရာတည်းတွင် စုပြုံပေါက်သည်။ အစေ့အားဖြင့်မျိုးပွားသည်။ မြေလွတ်မြေရိုင်းနှင့် လမ်းဘေးတစ်လျှောက် လယ်စပါးခင်းများတွင် တွေ့ရသည်။ 

       မြက်မုံညှင်းအပြား (Cyperus compressus) 

       တစ်နှစ်ခံပင်ဖြစ်ပြီး တစ်နေရာတည်းတွင် စုပြုံပေါက်လေ့ရှိသည်။ အစေ့အားဖြင့် မျိုးပွားပြီး လယ်စပါးခင်းနှင့် ယာခင်းများတွင် တွေ့ရသည်။ 

       မြက်မုံညှင်းအစိမ်း (Cyperus difformis) 

       တစ်နှစ်ခံပင် ပင်ထောင်မျိုးဖြစ်ပြီး တစ်နေရာတည်းတွင် စုပြုံပေါက်သည်။ အစေ့အားဖြင့် မျိုးပွားပြီး စပါးခင်းများနှင့် စိုစွတ်သောမြေများတွင် တွေ့ရှိရသည်။ 

       မြက်မုံညှင်းအဝါ (Cyperus iria) 

       တစ်နှစ်ခံပင်ပျော့မျိုးဖြစ်ပြီး ထောင်မတ်လျက်ပေါက်သည်။ အစေ့အားဖြင့် မျိုးပွားပြီး ရေစပ်စပ်နေရာများ၊ လယ်စပါးခင်း၊ ယာသီးနှံခင်းများနှင့် နှစ်ရှည်သီးနှံစိုက်ခင်းများတွင် တွေ့ရသည်။ 

       မြက်မုန်ညှင်းဥနက် (Cyperus rotundus) 

       နှစ်ရှည်ခံပင်ထောင်မျိုးဖြစ်ပြီး ဥနှင့်အတက်များတွေ့ရသည်။ ရိုင်ဇုမ်း၊ ကျူဘာနှင့် အစေ့များအားဖြင့် မျိုးပွားသည်။ ယာသီးနှံများ၊ နှစ်ရှည်သီးနှံခင်းများနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းများတွင် တွေ့ရသည်။ 

       (၂) မြက်အုပ်စု 

       မြက်ကွမ်းသီးကြီး (Fimbristylis dichotoma) 

       တစ်နှစ်ခံ ထောင်မတ်သည့် အပင်မျိုးဖြစ်ပြီး အစေ့အားဖြင့် မျိုးပွားသည်။ လယ်စပါး၊ နှစ်ရှည်သီးနှံ စိုက်ခင်းများနှင့် စားကျက်ဒေသများတွင် တွေ့ရသည်။ 

       မြက်ကွမ်းသီးလေး (Fimbristylis miliacea) 

       တစ်နှစ်ခံ ပင်ပျော့မျိုးဖြစ်ပြီး အရင်းတစ်ခုတည်းမှ ဖြာထွက်ကာ အပေါ်သို့ထောင်မတ်လျက် ပေါက်ရောက်သည်။ အစေ့အားဖြင့် မျိုးပွားပြီး လယ်စပါးနှင့် စိုစွတ်သော နေရာများတွင် တွေ့ရသည်။ 

       ဝက်လာ (Scirpus grossus) 

       နှစ်ရှည်ခံပင်မျိုးဖြစ်ပြီး ထောင်မတ်လျက်ပေါက်သည်။ ကျူဘာ၊ စတိုလွန်နှင့် အစေ့များမှ မျိုးပွားသည်။ လယ်စပါးခင်းများ၊ ရေသွင်းမြောင်းတစ်လျှောက်နှင့် တူးမြောင်းတစ်လျှောက်တွင် တွေ့ရသည်။ 

       တလိုင်းခေါင်း (သို့) မြက်ကလုံး (Scirpus juncoides) 

       တစ်နှစ်ခံပင်ပျော့မျိုးဖြစ်သည်။ အစေ့အားဖြင့် မျိုးပွားပြီး လယ်စပါးခင်းများတွင် တွေ့နိုင်သည်။ 

       တားဆီးကာကွယ်နှိမ်နှင်းနည်းများ 

       ပေါင်းကင်းစင်သော မျိုးစေ့များကို အသုံးပြုခြင်း၊ စိုက်ခင်းသန့်စင်ခြင်း၊ အပေါ်ပိုင်းဆေးဖျန်းသတ်ခြင်းဖြင့် မြေတွင်းသို့ နှစ်စဉ်ပေါင်းစေ့နှင့် ပင်စည်မျိုးပွားပိုင်းများ ပြန်လည်ရောက်ရှိမှုကို လျော့ပါးစေသည်။ ထယ်နက် နက်ထိုးခြင်း၊ သမန်းရအောင်မြေပြင်ခြင်း၊ မြက်ခေါင်းကုန်စင်အောင်ကောက်ခြင်း၊ ထွန်ဝင်ခြင်း လုပ်ငန်းများကို အချိန်မှီဆောင်ရွက်ခြင်း၊ မြေပြင်ပြီးနောက် ၁-၂ပတ်အတွင်း ပေါင်းများကို အပေါက်ခံပြီး ကိရိယာ(သို့)လူ(သို့) ပေါင်းသတ်ဆေးသုံး၍လည်း နှိမ်နှင်းနိုင်သည်။ စပါးတွင် ပျိုးထောင်ကောက်စိုက်နည်းစနစ်သည် အစိုအခြောက် တိုက်ရိုက်အစေ့ချနည်းထက် ပေါင်းကိုပိုမိုနှိမ်နှင်းနိုင်သည်။ ပင်ကြားတန်းကြား စိပ်စိပ်စိုက်ခြင်း၊ မျိုးစေ့နှုန်းများ များစိုက်ခြင်းသည် ပေါင်းကိုပိုမိုနှိမ်နှင်းနိုင်သည်။ ပေါင်းစေ့များမျိုးညှောင့်မပေါက်မှီ(သို့)မြေပေါ်သို့မထွက်မှီ ရေသွင်းလျှင် ပေါင်းပင်များကို ရေလွှမ်းခြင်းဖြင့် ပေါင်းမထနိုင်ပါ။ ပျိုးပင်မြင့်တက်လာသည်နှင့်အမျှ အပင် အမြင့်၏ ၅၀ရာခိုင်နှုန်း (သို့) တစ်ဝက်ခန့်ကို ရေလွှမ်းပေးခြင်းဖြင့် ပေါင်းပင်များ၏ကြီးထွားမှုကို လျော့နည်းစေပါ သည်။ 

       ရွေးချယ်ပေါင်းသတ်ဆေးအသုံးပြုလိုပါက တိုက်ရိုက်အစေ့ချစပါးတွင် အပင်ပေါက်ပြီး ၁၅-၃၅ရက်အတွင်း၊ ကောက်စိုက်ပြီး ၁၅-၂၀ရက်သားတွင် မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်း နှိမ်နှင်းရန်အတွက် တစ်ဧကလျှင် 2,4-D dimethylamine ၃၀၀-၃၆၀စီစီ အသုံးပြုနိုင်ပါသည်။ မြက်ပေါင်းများကို နှိမ်နှင်းရန်အတွက် pendimethalin ပေါင်းသတ်ဆေးကို အပင်မပေါက်မှီမြေပေါ်ဖျန်းခြင်း၊ အပင်ပေါက်ပြီး အစောပိုင်းကာလဖျန်းရာတွင် သုံးနိုင် သည်။ တစ်နှစ်ခံပေါင်းနှင့် နှစ်ရှည်ပေါင်းအချို့၊ ပုစွန်စာ၊ ရေဆလပ်၊ မြက်မုန်ညှင်းအပြား/ရွက်တို/ဝါ၊ မြက်ကလုံး၊ မြေစာမြက်၊ ဖော့မြက်၊ ဝမ်းဘဲစာမြက်၊ မြက်ကွမ်းသီးလေး/ကြီး၊ ရေကညွတ်၊ ကတောက်ဆတ်၊ မှိုနတို၊ လယ်ပဒူ၊ ကြိတ်မှန် စသည့်ပေါင်းများကို နှိမ်နှင်းရန် Bensulfuron methyl+Acetochlorကို စပါးအရွက်၃ရွက်ရှိချိန် ဆေး(၅၀)ဂရမ်ကိုရေ (၅-၁၀)ဂါလံနှင့် ရောပြီးဖျန်းပေးနိုင်ပါသည်။ ပေါင်းသတ်ဆေးမဖျန်းမှီ လယ်ခင်းထဲရှိ ရေကိုပြောင်အောင်ထုတ်ပေးရပါမည်။ ဆေးဖျန်းပြီး ရေအနက် ၁-၃စင်တီမီတာ (ရေစပ်စပ်)ကို ၃ရက်မှ၅ရက် အထိ ထိန်းထားရပါမည်။ 

    Source: ပိုးသတ်ဆေးကို ထိရောက်စွာ ကာကွယ်နှိမ်နှင်းနည်း (သီးနှံကာကွယ်ရေးဌာနခွဲ)၊ ဉီးစောလယ်ဝါး (မြန်မာနိုင်ငံရှိ အဓိကပေါင်းပင်များ) 

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက် 

    ငါး/ပုဇွန် တောင်သူဦးကြီးများအနေနဲ့ အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ်ခင်ဗျာ။ 

    • မိုးရွာတဲ့ရက်တွေမှာ ကန်အတွင်း အပူချိန်ရုတ်တရက်ပြောင်းလဲနိုင်သဖြင့် သတိပြုရန်၊ 
    • မိုးအုံ့သည့်ရက်များတွင် ပျော်ဝင် အောက်ဆီဂျင်ပမာဏနည်းနိုင်သဖြင့် စစ်ဆေးပေးရန်၊ 
    • ကန်အတွင်း ငါးများပြွတ်သိပ်နေမှုကိုလျော့ချရန် partial-harvest တစ်ဝက်တစ်ပျက် ကန်ဖော်ြခင်းကို ဆောင်ရွက်ရန်၊ 
    • အကယ်၍ ရေလွယ်ကူပါက ကန်အတွင်း ရေထည့်ပေးရန်၊ 
    • ငါးများ stress အပူဒဏ်ဖိစီးမှုများမဖြစ်စေရန် ရေအပူချိန်ကျအောင် ဖန်တီးပေးရန်၊ 

    Weather Source: CIAT 

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက 

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download 

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes7comments0
views1989