cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ကြာပန်း စိုက်ပျိုးနည်း

. Cultivation Methods
Nelumbo Nucifera (ကြာပန်း)

ကြာပန်းလေးတွေကို အိမ်မှာအလှစိုက်ချင်ကြတဲ့ သူတွေအတွက်တော့ ပျိုးဥယျာဉ်တွေကတဆင့်

အသင့်စိုက်ပျိုးပြီးသား ကြာပန်းပင်လေးတွေကို ဝယ်ယူပြီး စိုက်ပျိုးတဲ့နည်းက အလွယ်ကူဆုံး နည်းလမ်းတစ်ခုပါပဲ။ ဒါပေမဲ့လည်း အဲ့ဒီ ဝယ်လာတဲ့ အပင်လေးတွေကို ပြုစုဖို့၊ ပြုပြင်ဖို့၊ ကိုယ့်ဘာသာကိုယ် စိုက်ပျိုးနိုင်ဖို့ အတွက်ကျတော့ ကြာပန်းပင်စိုက်ပျိုးတဲ့နည်းကို

သိထားတာက ပိုပြီးတော့ အထောက်အကူပြုနိုင်ပါတယ်။
  • ဒါကြောင့် လေ့လာဖူးတဲ့ ကြာပန်းစိုက်ပျိုးနည်းတွေထဲက လွယ်ကူရိုးရှင်းပြီး ကိုယ်ကိုယ်တိုင်လက်တွေ့လိုက်လုပ်မယ်ဆိုရင်လည်း အဆင်ပြေတဲ့ နည်းလမ်းလေး နှစ်ခုကို မူရင်းစာမူအတိုင်း ပြန်လည် မျှဝေပေးလိုက်ပါတယ်။

    စိုက်ပျိုးနည်း (၁)

    "တနှစ်လုံးအဖူးအပွင့်မပျက်တဲ့မျိုးကို ကွန်ကရစ်ကန် အမြင့် ၃ပေ၊အကျယ်၃ပေခွဲ ကန်ဝိုင်းလေးထဲစိုက်ပေမဲ့ တချို့ကအဖူးအပွင့်အမြဲမထွက်ဖူး အပင်မသန်ဘူးပြောပြီး ဘယ်လိုစိုက်တာလဲမေးလို့ ကျနော်စိုက်တဲ့နည်းလေးကို သိခြင်သူများအတွက် မျှလိုက်ပါတယ်။

    ရွှံ့နွံမြေအစိုအပျော့ကို ကျနော် မသုံးပါဘူး။ မြစ်နုံးမြေ၊ ရေကန်ထဲမှနုံးမြေအနက်၊ ချုံထဲမှမြေဆွေးရှာပြီး မြေသုံးမျိုးလုံးအခြောက်လှန်းပြီး သုံးမျိုးဆတူရောစပ်ပါတယ်။

    မစိုက်ခင် ရေကန်ထဲကို နွားခြေအခြောက် ၁ လက္မဒုလောက် ပထမဖြန့်ထည့်ပြီး စပ်မြေကို ၉လက္မ ၁၀လက္မလောက်ထည့်ပါတယ် နွားခြေးအခြောက်က ရေပေါ်ကိုပေါ်လို့ အောက်မှခံထည့်တာပါ မြေထည့်ပြီးရင် ကြာအုံနှင့်အမြစ်တွေကို မြေမြုတ်အောင်စိုက်ပြီးရေကို မြေအနေအထားမပျက်အောင် ဖြေးဖြေးလေးထည့်ပေးပါ၊ ရေဖြေးဖြေးထည့်ပြီးမှ ကြာစိုက်ရင်လဲရပါတယ် ရေမထည့်မှီစိုက်သလောက့်တော့စိတ်တိုင်းမကျပါဘူးဗျ။

    ကြာစိုက်ပြီး အရွက်သစ်လေးငါးရွက်ထွက်လျှင် ကြာကန်ထဲကို နွားချီးယိုပြီးစ အစိုလေးဗူးခန့်ထည့်ပေးပါ နွားချေးအစိုက အပူလောင်မှာ မီသိန်းဓါတ်ကြောင့် အပင်နာမှာမစိုးရိမ်ပါနှင့် ရေထဲမှကြာပင်က ဘာမှမဖြစ်ပဲ အပင်စိမ်းစိုသန်မာ ဖူးပွင့်ခြင်းကို လက်တွေ့ ဖြစ်စေပါတယ်။ နွားချေးထည့်စမှာ ရေနီပြီး လေးရက်လောက်ဆို ရေပြန်ကြည်သွားပါတယ်။

    ရေကန်အ​သေးနှင့်စိုက်သူများမှာ ကြာပန်းပွင့်ပြီးအရိုးနဲ့ အရွက်ဟောင်းတွေကို အောက်ခြမှဖြတ်ဆယ်ဖယ်ရှားပေးနိုင်ရင် အပင်ပိုသန်ပြီးအဖူးအပွင့်အမြဲမပျက်ထွက်ပါတယ်။အမှတ်တရ အနေနှင့် နွာချေးအစိုကို အနည်းဆုံး ၆လတကြိမ်ထည့်ပေးပါဗျာ အပင်ပွါးနှုန်းလဲကောင်းပါတယ်။"

    စိုက်ပျိုးနည်း (၂)

    "ကြာပန်းစိုက်ဖို့အတွက် ရိုးရိုးသာမန်အပင်တွေစိုက်တဲ့ အိုးတစ်လုံးအစား အဝကျယ်ပြီး အနည်းဆုံး အမြင့်(၁)ပေလောက်ရှိတဲ့ ရေစိမ့်မထွက်နိုင်တဲ့ အိုးတစ်လုံးလိုပါတယ်။

    ကြာစိုက်ပျိုးဖို့အတွက်မြေက အရမ်းအရေးကြီးပါတယ်။ သဲနှုန်းမြေနဲ့မြေဆွေးကို ရောပြီး စိုက်မယ့်အိုးထဲကို (၆)လက်မလောက် အနည်းဆုံးထည့်ပါ။ ထည့်ပြီးရင် ကြာပင်ကို အမြစ်မြှုပ်ရုံပဲစိုက်ပါ။

    အရွက်အုံကို မြေနဲ့(၁)လက်မလောက်ခွာထားပါ။ ပြီးရင် ချောင်းသဲသန့်သန့်ကို လက်မဝက်လောက်ထည့်ပေးပါ။

    အပင်စိုက်ချိန်မှာ မြေသြဇာအများကြီးမထည့်ဖို့လိုပါတယ်။ အချို့ဆိုရင် စိုက်ပျိုးချိန်မှာ မြေသြဇာမ

    ထည့်ပါ။ အပင်စိုက်ပြီးရင် ရေကိုအိုးအပြည့်ထည့်ပေးပါ။

    ပျိုးဥယျာဉ်ကနေ ဝယ်လာတဲ့ ကြာပင်က သေးနေပြီး တစ်ပင်လုံးအိုးထဲကိုဝင်နေမယ်ဆိုရင်တော့ အပင်အောက်ကနေ တစ်ခုခုထပ်ခံပြီးစိုက်ပျိုးလို့ရပါတယ်။

    ကြာရွက်လေးတွေကို ရေပေါ်မှာပေါ်နေအောင် ၊ရေထိနေအောင်လုပ်ဖို့အရေးကြီးပါတယ်။

    ကြာအိုးကို နေရောင်ခြည် အပြည့်အဝရတဲ့နေရာမှာထားပါ။ တစ်လတစ်ကြိမ်တော့ ကိုယ့်ကြာအမျိုးအစားနဲ့ သင့်တော်တဲ့ ဓာတ်မြေသြဇာကျွေးပေးဖို့လိုပါမယ်။

    ကြာပွင့်ကို အဖတ်အကြီးကြီးနဲ့ မကြိုက်ဘူးဆိုရင် ကတ်ကြေးနဲ့ လိုအပ်သလိုပုံသွင်းနိုင်ပါတယ်။

    ကြာပန်းအိုးထဲကို ငါးအသေးစားလေးတွေထည့်မွေးလို့ရသလို ဂမုန်းပင်လေးတွေကိုလည်း ထည့်ပြီး စိုက်ပျိုးနိုင်ပါတယ်။ "

    Credit to Original Photos Uploader


  • article
likes
6
comments
0
views
1805