cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဇီဇဝါပန်းစိုက်ပျိုးနည်း

. Cultivation Methods
ဇီဇဝါပန်းသည် အနံ့မွှေး၍ ပန်းအနံ့သည် စပယ်ပန်း အနံ့နှင့် ဆင်တူ၏။ ဇီဇဝါပန်းသည် နွမ်းပြီး ဝါသွားတဲ့ အချိန်ထိတိုင်အောင် မွှေးပျံ့သည့် ရနံ့ ရှိပါသည်။ ပွင့်ဖတ်များသည် နူးညံ့၍ အရောင် တောက်ပ၏။ အပွင့်၌ အထပ်နှစ်ထပ်ရှိ တတ်သည်။ ဇီဇဝါပင်သည် အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်း များတွင် ပေါက်ရောက် လေ့ရှိ၏။ အမြဲတမ်း စိမ်းနေသည့် ဇီဇဝါပန်းပင်သည် ချုံပုတ်မျိုး ဖြစ်ပြီး နေအပူကို ခံနိုင်စွမ်းရှိသော အပင်မျိုး ဖြစ်ပါသည်။ အင်္ဂလိပ်အမည် "Gardenia" လို့ခေါ်တွင်ပြီး
"Cape jasmine" ဟုလည်း ခေါ်ကြပါသည်။
  • (၁)မူလဇာတိ

    ဇီဇဝါ၏ ရုက္ခဗေဒအရ "Gardenia jasminoides" 'ရူဗီအေစီအီး'မျိုးရင်း ဖြစ်သည်။ ဇီဇဝါ၏ မူလဇာတိ နေရာသည် တရုတ်နိုင်ငံ၊ဂျပန်နိုင်ငံတို့ ဖြစ်ကြ ပါသည်။ ဇီဇဝါပန်း၏ ဇာတိနေရာမှာ အမေရိကန် ပြည်ထောင်စု မဟုတ်သော်လည်း ၁၈ရာစုက အမေရိကန်လူမျိုး ဆေးပညာရှင် "Dr. Alexander Garden" ၏အမည်ကို အစွဲပြုကာ မှည့်ခေါ်ထား ခြင်းဖြစ်ပါသည်။ ယနေ့အခါမှာတော့ ကမ္ဘာပေါ်မှာ ဇီဇဝါမျိုးစိတ်ပေါင်း ၂၀၀ ကျော်ခန့်ရှိနေပါပြီ။ ဇီဇဝါပန်းပင်များကို တရုတ်နိုင်ငံ ၊ ဂျပန်နိုင်ငံ ၊ ပူနွေးစွတ်စိုတဲ့ ရာသီဥတု ရှိသော အရှေ့တောင်အာရှ နိုင်ငံများ ၊ ပစိဖိတ် ကျွန်းများ နှင့် တောင်အာဖရိက တိုက်နိုင်ငံများမှာ တွေ့ရပါသည်။

     

    (၂) စိုက်ပျိုးပုံ

    ဇီဇဝါပန်းပင်သည် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက် ( ၂၉.၆ ဒီဂရီစင်တီဂရိတ်) အနည်းဆုံးလိုအပ်ပြီး နေရောင်ကို ကြိုက်နှစ်သက်ပါသည်။ အရွက်တွေက ဘဲဥပုံဖြစ်ပြီး တောက်ပတဲ့ အစိမ်းရောင်ရှိပါသည်။ အပင်က ၂ပေမှ ၈ ပေအထိ မြင့်ပြီး ကိုင်းဖြတ် မျိုးပွားယူနိုင်ပါသည်။ စွတ်စိုပြီး ရေစီးရေလာ ကောင်းမွန်တဲ့ မြေဆီလွှာမျိုးကို နှစ်သက်ပြီး pH ၅.၀ နှင့် ၆.၀ အတွင်းရှိသည့် မြေဆီလွှာကို နှစ်သက် ပါသည်။ မြေကြီးတွင် ချစိုက်၍သော်လည်းကောင်း ၊ ပန်းအိုးတွင်းမှာသော်လည်းကောင်း စိုက်ပျိုး နိုင်ပါတယ်။ မြေကြီးချ စိုက်ပျိုးလျှင်တော့ ချုံပုတ် သဖွယ်ကြီးထွားမြန်ပါသည်။

     

    (၃) ထူးခြားချက်

    ဇီဇဝါပန်းသည် အဖြူရောင်ရှိပြီး နွမ်းသွားလျှင် အဝါရောင်သို့ ပြောင်းသွားပါသည်။ နွမ်းပြီး အဝါရောင် ဖြစ်သွားသည့်တိုင်အောင် မွှေးရနံ့ ပျက်ပြယ်သွားခြင်း မရှိပေ။ အနောက်နိုင်ငံ များမှာတော့ ဇီဇဝါပန်းကို ပန်းအလှပြင်ဆင်ခြင်း နဲ့ မင်္ဂလာပွဲများမှာ အသုံးပြုကြပါသည်။ ဇီဇဝါပန်းကို အသုံးပြုခြင်း ၊ ဆောင်ခြင်းဖြင့် လုံခြုံစိတ်ချ နွေးထွေးမှု ရှိသည်ဟု့ အယူရှိကြပါသည်။ဇီဇဝါပန်း၏ အခြား အဓိပ္ပာယ်ကတော့ လှို့ဝှက် အချစ် ဖြစ်ပြီး မိန်းကလေးတစ်ဦးအား ဇီဇဝါပန်းပွင့်ကို လက်ဆောင်ပေးခြင်းဟာ အဲဒီ မိန်းကလေးက ချစ်စရာကောင်းတယ်လို့ ညွှန်းဆို ခြင်းဖြစ်ပါသည်။ အဝါရောင် ဇီဇဝါသီးများ ကို တရုတ်နှင့် ဂျပန်နိုင်ငံ တို့တွင် ဆေးဆိုးရာ၌ အသုံးပြု ကြသည်။ နှစ်ထပ်ပန်းပွင့်ကြီးများ ပွင့်သော ဇီဇဝါပင်မျိုးများ သည် အကောင်းဆုံးဖြစ်သည်။ ထိုအပင်မျိုးများကို 'မစ္စထရီ' နှင့် 'ဗဲလမွန့်'ဟု ခေါ်ကြပါသည်။

    Credit: သုတဇုန် ထွန်းလင်း

     


  • article
likes
6
comments
0
views
1202