cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ဒေါနပန်းစိုက်ပျိုးနည်း

. Cultivation Methods
ဒေါနပန်းပင် စိုက်ပျိုးနည်း နှင့် မျိုးစေ့ရယူနည်းကို Pissaya Info မှ တောင်သူဦးကြီးများအတွက် စုစည်းတင်ပြလိုက်ပါတယ်။

အင်္ဂလိပ်အမည် - Absinthe

ရုက္ခဗေဒအမည် - Artemisia vulgaris

မျိုးရင်း - Compositae
  • ဒေါနပန်းဆိုသော်လည်း ပန်းကို ရောင်းချခြင်း မဟုတ်ဘဲ အပင်အရွက် ကို ရောင်းချရန် (ပန်းအနေဖြင့် ရောင်းချရန်) စိုက်ပျိုးခြင်း ဖြစ်သည်။

    ဒေါနပန်း စိုက်ပျိုးရန်အတွက်မူ အပင်ကိုပန်းပွင့်စေပြီး၊ အစေ့တည်စေပြီး မှအစေ့ရယူစိုက်ပျိုးနိုင်သည်။ ဒေါနမျိုးစေ့တို့သည် အလွန်သေးငယ် သောကြောင့် ဂရုတစိုက် ပျိုးထောင်ပြီးမှ စိုက်နိုင်သည်။

    ဒေါနပန်း မျိုးစေ့သည် သေးငယ်လွန်းခြင်းနှင့် ပုရွက်ဆိတ် ကြိုက်ခြင်း ကြောင့် မြေကြီးပေါ်တွင် ပျိုးမထောင်သင့်၊ ပျိုးစင်ကို နှစ်ပေခွဲမျှ အမြင့် ထား၍ ဆောက်လုပ်ပြီး ပျိုးစင်ပေါ်တွင် ပျိုးသတ္တာနှင့် ပျိုးထောင်သင့် သည်။ ပျိုးစင်ပေါ်သို့ ပုရွက်ဆိတ်များ တက်မလာစေရန် စင်တိုင်များကို ရေနံချေးသုတ်ထားခြင်း၊ ရေနံချေး ဆွတ်ပေးထားသော အ၀တ်ပတ် ပေးခြင်း ပြုလုပ်သင့်သည်။ ပျိုးသေတ္တာတွင် ပျိုးမြေအရောကို ထည့်ပြီး သော် ဒေါနမျိုးစေ့ နို့ဆီဘူး တစ်လုံးလျှင် သဲကြမ်း နှစ်ပြည်နှုန်းဖြင့် တွက် ချက်၍ ရောပြီး သမအောင် အသာအယာ မွှေကာ ပျိုးသေတ္တာပေါ်တွင် ညီညီညာညာ ဖြူးပေးရ သည်။ ထို့ကြောင့် သဲကြမ်းပါးပါးတစ်လွှာ ဖြူးပေးကာ အပေါက်ကျဉ်းသော ရေပန်းကရားငယ်ကို အသုံးပြု၍ ရေလောင်းပေးရသည်။

    ဒေါနပန်းမျိုးစေ့များ အပင်ပေါက်သောအခါ နေ့လယ်နေမမိစေရန် ပြုလုပ်ပေးရသည်။ အပင်ပေါက်သည် မှ တစ်ပတ်အတွင်း မြေအစိုဓာတ် ရှိနေက ရေမလောင်းမိစေရန် အထူး အရေးကြီးသည်။

    မြေခြောက်သွေ့လွန်းလျှင် ပိုးသတ်ဆေးဖျန်း ကိရိယာကို အသုံးပြု၍ အပင်နှင့် ခက်ခွာခွာမှနေ၍ မြေစွတ်စိုရုံ ဖျန်းပေးရသည်။ နောက်ပိုင်းတွင် မူ မြေအခြေအနေကို ကြည့်၍ အပင်သန်စွမ်းမှု အခြေအနေကို ကြည့်၍ အပေါက်ကျဉ်းသော ရေပန်းကရားဖြင့် မြေစိုရုံဖျန်းပေးနိုင်သည်။

    ပျိုးပင်ကလေးများ တစ်လသားရှိသောအခါ ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။

    ဒေါနပျိုးပင်များ ရွှေ့စိုက်နိုင်အောင် စိုက်ခင်းမြေကို ပြုပြင်ထားပြီး အလျားပေ သုံးဆယ်၊ အနံ ငါးပေ၊ အမြင့် သုံးလေး လက်မခန့် ရှိသော စိုက်ဘောင်များ ဖော်ထားရသည်။ ပျိုးပင်များနုတ်ယူရတွင် ရေလောင်းပြီး မှ နုတ်လျှင် နုတ်ရလွယ်သည်။

    စိုက်ဘောင်တွင် တစ်ပင်နှင့် တစ်ပင် နှစ်လက်မခွဲ သုံးလက်မခန့်ခြား၍ စိုက်ပျိုးနိုင်သည်။အမြစ်မခွေအောင်၊အမြစ်မနာအောင်မစိုက်မီစိုက်ကျင်းအရာများကို တုတ်ချွန်နှင့် ကော်၍ ပေးထားပြီးမှ စိုက်ပျိုးသင့်သည်။ စိုက်ပြီးလျှင် ရေပန်းကရားဖြင့် ရေရွှဲရွှဲလောင်းပေးရသည်။

    ပျိုးပင်များအမြစ်ကောင်းစွာ မတွယ်မီ ရေကို ချင့်ချိန်လောင်းရန်လည်းလို အပ်လာပြန်သည်။ ပျိုးပင်များအမြစ်စိုလာပြီး နောက်ပိုင်းတွင် ညနေပိုင်း ၌ ရေလောင်းပေးရသည်။

    အပင်များ သုံးလက်မ သုံးလက်မခွဲရှိလာသောအခါ နွားချေး၊ မြေဆွေး မှုန့်ဖြူးပေးပြီး မြေနှင့် သမအောင်ဆွပေးရသည်။ ပေါက်လာသော ပေါင်းပင်များကို နွားချေးမထည့်မီ တစ်ကြိမ်၊ ထည့်ပြီးတစ်ကြိမ် လက်ပေါင်း လိုက်ပေးရသည်။ ဒေါနပန်းကို စိုက်ပြီးလေးဆယ့်ငါးရက် အကြာတွင် အပင်ကို နုတ်၍ ရောင်းချနိုင်သည်။

    မျိုးယူခြင်း

    --------------

    ဒေါနပန်းသည် အအေးဒဏ်ကိုကြောက်သော်လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်သည်။ အဆက်မပြတ်နုတ်ယူရောင်းချရန် နှစ်ပတ်တစ်ကြိမ် ပျိုးထောင်ပေးသင့်သည်။

    ပျိုးထောင်ရန် မျိုးစေ့ လိုအပ်ရာ မျိုးစေ့စျေးသည် ကြီးသောကြောင့် မျိုးစေ့ယူရန် သီးသန့်စိုက်ဘောင်များ ထားရှိရသည်။ ထိုဘောင်မှ ပန်းပွင့်စေကာ အစေ့တည်ပြီး အစေ့ရင့်သောအခါ မျိုးစေ့များရယူနိုင် သည်။

    #စိုက်ပျိုးရေးနည်းပညာ


  • article
likes7comments0
views1316