တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သရက်သီးဈေးကွက် ဈေးကောင်း မရရှိ
တရုတ်နိုင်ငံသို့ တင်ပို့နေ သည့် သရက်သီးဈေးကွက်မှာ ဈေးကောင်းမရရှိတာကြောင့် တင်ပို့သူများ အရှုံးပေါ်ပြီး ပြည် တွင်း ဈေးကွက်တွင်သာ ရောင်းချ နေရသည်။
မေလဆန်းပိုင်းက စိန်တလုံး သရက်သီးများ မိုင်းလား-တာ လော့ ဂိတ်မှတစ်ဆင့် တရားဝင် တင်ပို့လျက်ရှိရာ တစ်ဖက်နိုင်ငံ တွင် သရက်သီးပေါက်ဈေးမှာ ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၁၀၀-၁၂၀ ပေါက်ဈေးရှိပြီး ရွှေ ဟင်္သာ ၁၆ ကီလိုတစ်ခြင်းလျှင် ယွမ် ၆၀၊ ၇၀ သာ ပေါက်ဈေး ရှိသဖြင့် တင်ပို့ကုန်သွယ်ရသည့် စရိတ်မှာ ကားတစ်စီးလျှင် ငွေကျပ် သိန်း ၁၆၀ ခန့်ကုန်ကျ စရိတ် ရှိတာကြောင့် သရက်သီးတင်ပို့သူ များ ဆုံးရှုံးမှုရှိနေသည်။
`` မိုင်းလား-တာလော့ဘက် သရက်သီးတင်ပို့တာ အရင်ဝမ် တိန်ဈေးကွက်လိုပဲ ပုံမှန်ဈေးကွက် သာ ရောင်းရပါတယ်။ ဒါပေမယ့် မူဆယ်ကလို မဟုတ်ဘဲ ကုန် သွယ်တင်ပို့စရိတ်က ကားတစ်စီး ကို သိန်း ၁၆၀ လောက် ကုန်ကျ မှုရှိပါတယ်။ မိမိခြံထွက်မဟုတ် ဘဲ ဝယ်ယူတင်ပို့သည့် ကုန်သည် များ ဆုံးရှုံးနိုင်ကြောင်း ပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။
သို့ဖြစ်၍ စရိတ်မြင့်မားသည့် တရုတ်နိုင်ငံသို့ မတင်ပို့တော့ဘဲ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး နှင့် ကားတင်ပို့နိုင်သည့် ဒေသ များသို့သာ အဓိကထား ရောင်းချ နေရကြောင်း သရက်ခြံပိုင်ရှင် တစ်ဦးက ပြောသည်။
`` မန္တလေး၊ စစ်ကိုင်းကနေ တရုတ်နိုင်ငံသို့ သရက်သီး တင်ပို့ ရာမှာ ကားခငွေကျပ်သိန်း ၇၀-၁၀၀ ကြားပေါက်ဈေးရှိပါတယ်။ ဒါကြောင့် တချို့ကုန်သည်တွေ ကားခ ကြီးမြင့်လို့ ရန်ကုန်ဈေး ကွက်ကိုပဲ အဓိကတင်ပို့နေတာ ပါ´´ ဟု ကားပိုင်ရှင်တစ်ဦးက ပြော သည်။
တရုတ်နိုင်ငံသို့ တင်ပို့သည့် သရက်သီးများမှာ ၁၆ ကီလို တစ်ခြင်းလျှင် ယွမ် ၁၀၀-၁၂၀ ပေါက်ဈေးရှိသဖြင့် မြန်မာငွေဖြင့် ပြန်လည်တွက်ချက်လျှင် တစ်ခြင်း လျှင် ငွေကျပ် ၆၀၀၀၀ ခန့် ရရှိ သော်လည်း တင်ပို့စရိတ် မြင့်မား တာကြောင့် ပြည်တွင်းဈေးကွက် တွင်သာ တစ်ခြင်းလျှင် ငွေကျပ် ၄၀၀၀၀-၄၅၀၀၀ဖြင့်သာ ရောင်းချ နေရသည်။
ယခုနှစ်တွင် စိန်တလုံး သရက်သီးအပြင် ရွှေဟင်္သာ၊ ရင်ကွဲသရက်သီးများ ယခင်နှစ် ထက် အထွက်နှုန်းကျဆင်းတာ ကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေခြင်းဖြစ်သည်။
မကွေးဂျာနယ်မှ ကူးယူဖော်ပြပါသည်။
-----
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price