cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မှတ်ပုံတင်လာတဲ့ ဆန်စပါးသိုလှောင်ရုံပေါင်း ၆၀၀ ကျော်အထိရှိလာ

. All News
ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းကိုတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှစပြီး အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။
  • ဆန်စပါးသိုလှောင်ရုံတွေမှတ်ပုံတင်ဖို့ အသိပေးချိန်ကစပြီး လက်ရှိအထိ ၆လ ကျော်ကာလအတွင်း မှတ်ပုံတင်လာတဲ့ ဆန်စပါးသိုလှောင်ရုံပေါင်း ၆၀၆ လုံးအထိရှိခဲ့ တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။

    မှတ်ပုံတင်ထားတဲ့ ဆန်၊ စပါးသိုလှောင်ရုံတွေထဲမှာ ကုမ္ပဏီ ၉၄ ခုက သိုလှောင်ရုံ ၁၉၇ လုံး၊ လူပုဂ္ဂိုလ် ၂၂၁ ဦးရဲ့ သိုလှောင်ရုံက ၄၀၉ လုံးပါဝင်တယ်လို့ သိရပါတယ်။

    ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ဖို့ လိုအပ်တဲ့သူတွေက စီးပွားရေးအရ ဆန်တန်ချိန် ၅၀ ၊ စပါး ၅၀၀၀ နှင့်အထက် သိုလှောင်မယ့် သိုလှောင်ရုံတိုင်း အွန်လိုင်းစနစ်ဖြင့် Myanmar Rice Online (MyRO) Website မှာ မှတ်ပုံတင်ရတာဖြစ်ပါတယ်။

    ''စီးပွါးရေးအလို့ငှါ သိုလှောင်မှု

    (ဆန် တန် ၅၀) စပါး တင်း ၅၀၀၀

    အားလုံး မှတ်ပုံတင်ရတာပါ၊ ဆန်စပါးသိုလှောင်မှု မှတ်ပုံတင်ခြင်းက ဖွံ့ဖြိုးရေးပန်းတိုင်ကို အချိန်တိုအတွင်း စနစ်တကျ သွားနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး တောင်သူလယ်သမားအတွက်ရော၊ စားသုံးသူပြည်သူအတွက်ပါ အကျိုးရှိတဲ့ အစီအစဉ် ဖြစ်ပါတယ်''လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။

    ပြည်တွင်း ဆန်စပါးဖူလုံရေး၊ ပြည်ပကို စနစ်တကျတင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးဈေးကွက်နဲ့ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ ဆန်စပါးသိုလှောင်မှုအခြေအနေကို စနစ်တကျစာရင်းပြုစု မှတ်ပုံတင်ထားနိုင်ရေး၊ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုတဲ့ ငွေကြေးထောက်ပံ့မှုစနစ်ကို ဖော်ဆောင်နိုင်ရေးအတွက် ဆန်စပါးသိုလှောင်ရုံတွေကို မှတ်ပုံတင်ခိုင်းရခြင်းဖြစ်တယ်လို့သိရပါတယ်။

    ဆန်စပါးသိုလှောင်ရုံ မှတ်ပုံတင်ခြင်းကိုတော့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှစပြီး အွန်လိုင်းကနေ မှတ်ပုံတင်နိုင်ကြောင်း အသိပေးခဲ့တာဖြစ်ပါတယ်။

    အကယ်၍ သတ်မှတ်ပမာဏ သိုလှောင်ထားပြီး သို​ေလှာင်ရုံမှတ်ပုံတင်ထားခြင်းမရှိပါက အရေးယူမှုရှိနိုင်ကြောင်း၊မှတ်ပုံမတင်ဘဲ သိုလှောင်ထားခြင်းရှိမရှိကိုလည်း မြို့နယ်အလိုက် သက်ဆိုင်ရာအဖွဲ့အစည်းတွေက လိုက်လံစစ်ဆေးနေတယ်လို့သိရပါတယ်။

    ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်မယ်ဆိုရင် သိုလှောင်ရုံတည်နေရာ၊ စပါးအမျိုးအစား ၊ သိုလှောင်ရုံ အမျိုးအစား၊ ပိုင်ရှင်အမည်နဲ့ ဓာတ်ပုံအပါအဝင် အထောက်အထား၊ နေရပ်လိပ်စာ စတဲ့ အချက်အလက်တွေ လိုအပ်ပါတယ်။

    ချစ်ခွန်းချို(AMIA)

    Exclusive content for Htwet Toe

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ -

    https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes7comments0
views1802