cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

သဘာဝနည်းဖြင့် ငါးသားဖောက်ခြင်းအကြောင်း

. Fish Articles
ငါးသားဖောက်ခြင်း အောင်မြင်ဖို့ဆိုရင် ရွေးချယ်လိုက်တဲ့ ငါးမျိုးနဲ့ ကိုက်ညီတဲ့ အပူချိန်၊ ရေချဉ်ဖန်နှုန်းနဲ့ ရေအရည်အသွေးတွေကို ကိုက်ညီအောင် ဖန်တီးပေးဖို့လိုပါတယ်။
  • (က) ရွေးချယ်ခြင်း

    ငါးသားဖောက်ရာမှာ ငါးမျိုး မှန်မှန်ကန်ကန်ရွေးချယ်ဖို့ လိုပါတယ်။ အချို့မျိုးတွေက အလွယ်တကူမျိုးပွားလို့ ရ ပေမယ့် တစ်ချို့မျိုးတွေကျတော့လည်း သူလိုချင်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့လိုပါတယ်။

    (ခ) ရွေးချယ်လိုက်တဲ့ ငါးမျိုးနဲ့ ကိုက်ညီမယ့် အခြေအနေဖန်တီးပေးခြင်း

    ငါးသားဖောက်ခြင်း အောင်မြင်ဖို့ဆိုရင် ရွေးချယ်လိုက်တဲ့ ငါးမျိုးနဲ့ ကိုက်ညီတဲ့ အပူချိန်၊ ရေချဉ်ဖန်နှုန်းနဲ့ ရေအရည်အသွေးတွေကို ကိုက်ညီအောင် ဖန်တီးပေးဖို့လိုပါတယ်။

    (ဂ) ငါးမျိုးစိတ်ရဲ့ အခြေအနေ

    ငါးသားမဖောက်ခင် ကိုယ်ရွေးချယ်လိုက်တဲ့ ငါးဟာ အစားကောင်းကောင်းစားနိုင်ပြီး ကျန်းမာသန်စွမ်းတဲ့ ငါးမျိုး ဖြစ်ရပါတယ်။

    (ဃ) အထီး၊ အမတစ်စုံရွေးချယ်ခြင်း

    မျိုးဖောက်ရန်အတွက် အထီး၊ အမ တစ်စုံကို မျိုးဖောက်ကန်ထဲကို ထည့်ပေးဖို့လိုပါတယ်။

    (င) မျိုးဥချခြင်း

    မျိုးဥချချိန်ကာလမှာ ငါးမဟာ မျိုးဖောက်ကန်ထဲမှာရှိတဲ့ ဥချရန် လုပ်ထားပေးတဲ့နေရာမှာ ဥချလေ့ရှိပါတယ်။

    (စ) ဥဖောက်ခြင်း

    မျိုးကန်ထဲမှာ ငါးမမှ ဥဥချပြီးနောက် အဆိုပါ ဥတွေကို ဥဖောက်ကန်ထဲကို ချပေးဖို့လိုပါတယ်။

    (ဆ) အကောင်ပေါက်ခြင်း

    ဥမှ အကောက်ပေါက်လာတဲ့ ငါးသားလောင်းလေးတွေကို အစားကျွေးဖို့လိုအပ်ပြီး သင်တင့်တဲ့အရွယ် ရောက် လာချိန်မှာ သီးခြားကန်ထဲကို ရွေ့ပေးဖို့လိုပါတယ်။

    ကြုံတွေ့ရတဲ့ အဓိကအခက်အခဲများ

    (က) ရေအရည်အသွေးညံ့ဖျင်းခြင်း

    ငါးသားဖောက်ရာမှာ ရေအရည်အသွေးညံ့ဖျင်းတာတွေနဲ့ ကြုံရနိုင်ပါတယ်။ ဒါကြောင့်မို့ ငါးသားဖောက်မယ့် ကန်ဟာ သန့်ရှင်းပြီး ရေကို သေချာစွာ စစ်ထားပေးဖို့လိုပါတယ်။

    (ခ) ပုံမှန်မဟုတ်တဲ့ အပြုအမူများ ပြုလုပ်လေ့ရှိခြင်း

    ငါးသားဖောက်ချိန်မှာ အချို့ငါးတွေဟာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေလုပ်လေ့ရှိတဲ့အတွက် သားဖောက် ကန်ထဲမှာ ခိုအောင်းရာနေရာလေးတွေကို ဖန်တီးပေးဖို့လိုပါတယ်။

    (ဂ) မှို သို့မဟုတ် ဘက်တီးရီးယား ဝင်ရောက်ခြင်း

    ငါးသားဖောက်ချိန်မှာ မှို သို့မဟုတ် ဘက်တီးရီးယားရောဂါတွေ ဝင်ရောက်နိုင်တဲ့အတွက် သားဖောက်ကန်ကို သန့်ရှင်းသပ်ရပ်စွာထားပေးဖို့လိုပါတယ်။

    ထွက်တိုး

    Source: https://bettafishworld.com/the-ultimate-guide-to-fish.../

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes5comments0
views3478