cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

နေကြာသီးနှံစိုက်ပျိုးနည်းစနစ်

. Cultivation Methods
နေကြာသီးနှံကို တန်းကြား ၂ပေ × ပင်ကြား၉ လက်မ ဖြင့် စိုက်ပျိုးသင့်ပါသည်။
  • နေကြာသီးနှံ တစ်ဧကလျှင် ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် အထောက်အကူပြု ပေးနိုင်သည့် အောက်ဖော်ပြပါနေကြာသီးနှံစိုက်ပျိုးနည်းစနစ်များအတိုင်း ဆောင်ရွက်သွားရမည်ဖြစ် ပါသည်။

    စိုက်ပျိုးနည်းစနစ်

    - နေကြာသီးနှံကို တန်းကြား ၂ပေ × ပင်ကြား၉ လက်မ ဖြင့် စိုက်ပျိုးသင့်ပါသည်။

    - သဘာဝမြေဩဇာကို တစ်ဧကလျှင် (၂)တန်မှ (၁၄)တန်အသုံးပြုခြင်းသည် ဓာတ်မြေဩဇာသုံးစွဲမှု (၅၀) ရာခိုင်နှုန်းသက်သာစေသည်။

    - ရေသွင်းစိုက်ဧရိယာများတွင် တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်စ်နှင့် ပိုတက်ကို (၂၄-၃၂-၂၄) ကီလိုနှုန်းနှင့် မိုးကောင်းသောက် ဧရိယာများအတွက် တစ်ဧကလျင်(၁၆-၂၀-၁၆)ကီလိုနှုန်းထည့်သွင်း ပေးရန်လိုအပ်သည်။

    - အော်တာနေရီးယားရွက်ခြောက်ရောဂါသည် အပင်ကြီးထွားမှုအဆင့်တိုင်းတွင်တိုက်ခိုက်ခံရနိုင်သည်။ သို့သော်အပင်ရင့်များတွင်ပိုမိုကျရောက်သည်။ ဆိုးရွားစွာကျရောက်ပါက အရွက်များညှိုးပြီး သေသွား မည်။ ပင်စည်များကျိုးပဲ့ပြီး အစေ့ခိုင်များညှိုးခြောက်သွားမည်။

    - ကြပ်ခိုးပုပ်ရောဂါသည် အပင်ခြေတွင် အရောင်မည်းသွားပြီးအလယ်အူတိုင်ကွဲသွားပြီး၊ နောက်ပိုင်း တွင် အပင်ရိုးတံအမျှင်များ အရှည်လိုက်ဖွာသွားပြီး အနက်ရောင်စကလယ်ရို ရှားမှိုများဖြင့် ဖုံးအုပ် လာကာ ထင်ရှားသော ကြပ်ခိုးပုပ်ပုံသဏ္ဌာန်ဖြစ်လာသည်။

    - ပင်စည်ဖြတ်ပိုးများနှင့် မြစ်စားကျိုင်းများသည် နေကြာပင်ပေါက်များကိုဖျက်ဆီးပြီး ရွက်ဖြတ်ပိုးနှင့် သီးလုံးဖောက်ပိုးများသည် အရွယ်ရောက်အပင်များ တွင်ဖျက်ဆီးမှုတွေ့ရသည်။ သင့်တော်သော ပိုးသတ်ဆေး များဖြင့် ပက်ဖျန်းကာကွယ်နိုင်သည်။

    မြေအမျိုးအစား

    - နေကြာသည် မြေသားနက်ရှိုင်းပြီးကောင်းစွာ မွနေသော နုန်းဆန်သဲမြေ(သို့) သဲနုန်းမြေများတွင် ဖြစ် ထွန်းသည်။ ရွံ့စေးမြေ(သို့) မြေကျစ်လွှာခံသောမြေများ တွင်မစိုက်ပျိုးသင့်ပါ။

    စိုက်ပျိုးချိန်

    - မြန်မာနိုင်ငံအထက်ပိုင်းတွင် မတ်-ဧပြီ (သို့) ဇူလိုင်-ဩဂုတ်လ များတွင် စိုက်ပျိုးပြီး စက်တင်ဘာ-အောက်တိုဘာ တွင်ရိတ်သိမ်းသည်။ ရှမ်းပြည်နယ်၌ မိုးနှောင်းတွင် ကောင်းစွာစိုက်ပျိုးနိုင်သည်။

    - မြန်မာနိုင်ငံအောက်ပိုင်း၌ ရေသွင်းဒေသများတွင် နိုဝင်ဘာလ - ဒီဇင်ဘာလ အထိ စိုက်ပျိုးနိုင်ပြီး ဖေဖော်ဝါရီ-မတ်လတွင် ရိတ်သိမ်းနိုင်သည်။

    မျိုးရွေးချယ်ခြင်း

    - အပင်ပေါက်ရာခိုင်နှုန်း ( ၈၀ မှ ၉၀ ) ခန့်ရှိပြီး မျိုး သန့်မျိုးစေ့ဖြစ်သင့်သည်။ တစ်ဧကလျှင် မျိုးစေ့နှုန်းမှာ (၇-၉) ကီလိုနှုန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိစိုက်ပျိုးလျှက်ရှိသောမျိုးများမှာ ဆင်းရွှေကြာ-၁၊ ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး -၁ တို့ဖြစ်ပါသည်။

    သက်တမ်းအလိုက်အပင်ပြုစုစောင့်ရှောက်ခြင်း

    - ပေါင်းမြက်ကာကွယ်နိုင်နင်းခြင်း၊ လက်ပေါင်းတစ်ကြိမ်လိုက်ခြင်းနှင့် စိုက်ပြီး (၃၅) ရက်အတွင်း ကြား ပေါင်း လိုက်ခြင်းပြုလုပ်ရမည်။

    - နေကြာသည် ရေဝပ်ဒဏ်မခံနိုင်၍ ရေစီးရေထုတ်ကောင်းရန်လိုအပ်သည်။

    - အပင်၏ဇီဝကမ္မပိုင်းဆိုင်ရာရင့်မှည့်ချိန်အထိရေငတ်ခြင်းမရှိ၊ ရေလုံလောက်စွာရရှိရန်အရေးကြီးသည်။

    - အဖူးဝင်ချိန်နှင့် ၅၀% ပန်းပွင့်ချိန် ရေလိုအပ်ပါက ရေသွင်းပေးရန်လိုအပ်သည်။

    ရိတ်သိမ်းချိန်လွန်လုပ်ငန်းများ

    - နေကြာပွင့်၏ပွင့်ဖတ်အုံအဝါရောင်ပြောင်းသွား ပြီးပန်းပွင့်တစ်ဝိုက်ရှိအရွက်များ အညိုရောင်သို့ ပြောင်းသွားချိန်တွင် ရိတ်သိမ်းသင့်သည်။ သိုလှောင်ခြင်းမပြုမီ အစေ့အစိုဓာတ် (၉) ရာခိုင်နှုန်း(သို့) ထို့ထက်လျော့နည်းသင့်သည်။ ရိတ်သိမ်းချိန် အစေ့ထိခိုက်ပျက်စီးပါက ဆီတွင်ပါဝင်သော ဖက်တီး အက်ဆစ် အလွတ်များ တိုးလာပြီး ဆီအရည်အသွေးကျဆင်းစေသည်။

    တန်ဖိုးမြှင့်ထုတ်ကုန်များ

    - နေကြာသီးနှံမှ ထုတ်လုပ်နိုင်သော တန်ဘိုးမြှင့်ထုတ်ကုန်များမှာ နေကြာဆီ၊ နေကြာစေ့လှော်၊ စသည်တို့ဖြစ်ပါသည်။

    Source: https://www.doa.gov.mm/fes/index.php?route=cms/category&path=76

    -----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes10comments0
views2248