cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် ပဲစင်းငုံစျေးမြင့်တက်လာ

. Market Price
မတ်ပဲဈေးနှုန်းမှာ လတ်တလောတွင် အနည်းငယ်ပြန်အေးသွား သော် လည်း တစ် တန်လျင် ကျပ် ၃၂ သိန်းအထက်အမြင့်ဈေးတွင် ဆက်ရှိနေကြောင်း သိရပါတယ်။
  • အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပြည်တွင်းမှာ ပဲစင်းငုံစျေးနှုန်းများ မြင့် တက် လာကြောင်း ကုန်စည်ဒိုင်များတွင်ဖော်ပြထားသည့်ဈေးနှုန်းများအရ သိရပါတယ်။

    ပြီးခဲ့သည့် တစ်ပတ်အတွင်းက ပဲစဉ်းငုံ( Red/ RC) တစ်တန်လျင် ငွေကျပ် ၄,၂၂၅,၀၀၀ ရှိရာမှ လက် ရှိရန်ကုန်ဈေးကွက်အတွင်း ပဲစင်းငုံတစ်တန် ၄၃ သိန်းကျပ်အထက်သို့ ရောက်ရှိလာကြောင်း သိရပါ တယ်။

    လက်ရှိ ဈေးကွက်အတွင်း၌ ပဲစင်းငုံလက်ကျန်နည်းနေပြီး တောင်သူများလက်ထဲတွင် ပဲစင်းငုံများမရှိ တော့ပဲ လှောင်လက်ကုန်သည်များ၏လက်ထဲတွင်သာ ပဲစင်းငုံကျန်ရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

    “တောင်သူတွေကတော့ လှောင်မထားနိုင်တော့ ရတဲ့စျေးနဲ့ပဲ ထုတ်ရောင်းပစ်ကြတာပေါ့။ စျေး ကောင်းရအောင် လှောင်နိုင်တဲ့တောင်သူကလည်း ခပ်ရှားရှားပဲလေ။ အခုတော့ လှောင်လက်ကုန်သည် တွေက အကျိုးအမြတ်ရနေ တာပေါ့”ဟု ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ 

    အိန္ဒိယပို့ကုန်ပဲတစ်မျိုးဖြစ်သည့် မတ်ပဲဈေးနှုန်းမှာ လတ်တလောတွင် အနည်းငယ်ပြန်အေးသွား သော် လည်း တစ် တန်လျင် ကျပ် ၃၂ သိန်းအထက်အမြင့်ဈေးတွင် ဆက်ရှိနေကြောင်း သိရပါတယ်။

    လင်းလင်း

    Opinion Leaders မှကူးယူဖော်ပြပါသည်။

    ----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes11comments2
views14165