cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စပါးတွင် နိုက်ထရိုဂျင်မြေသြဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် ဘာတွေဖြစ်လာနိုင်မလဲ.....

. Plant Nutrition
မြေသြဇာသည် မည်သည့်သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင်မဆို အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်တယ်ဆိုတာတောင်သူအားလုံးသိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်မြေသြဇာများများသုံးလေ သီးနှံပင်အတွက် ကောင်းကျိုးများလေသည်ဟု တောင်သူအများစုကလက်ခံထားကြပါတယ်။
  • ဘာကြောင့် ဖျက်ပိုးများက မြေသြဇာအလွန်အကျွံသုံးစွဲထားသောသီးနှံစိုက်ခင်းကို ပိုကြိုက်နှစ်သက်ကြတာလဲ။

    မြေသြဇာအလွန်အကျွံသုံးစွဲခြင်းကြောင့် အပင်ရဲ့တစ်သျှူးမှာ အရည်ရွှမ်းလာပြီး ထိုအပင်အစိတ်အပိုင်းများကို စားသုံးကြသောဖျက်ပိုးများ၏အစာခြေစနစ်ကို ပိုမိုလွယ်ကူလာစေပါသည်။ ထို့ကြောင့် ဖျက်ပိုးများသည် မြေသြဇာအလွန်အကျွံသုံးစွဲမှုမရှိသောအပင်နှင့်ယှဥ်လျှင် ထိုအပင်များကိုပိုမိုရွေးချယ်စားသုံးလာခြင်းဖြင့် ဖျက်ပိုးများကိုပိုမိုဆွဲဆောင်လာနိုင်ပါသည်။

     

    မြေသြဇာဟုဆိုလျှင် အပင်အတွက်အဓိကလိုအပ်သော အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင် (N) ၊ ဖော့စဖရပ် (P) နှင့် ပိုတက်စီယမ် (K) သည်အဓိကနေရာတွင် ပါဝင်ပါသည်။ နိုက်ထရိုဂျင်သည် အရွက်ရဲ့အစိမ်းရောင်ဧရိယာကိုတိုးစေပြီး အစာချက်လုပ်နှုန်းကို ထောက်ပံ့ပေးပါသည်။ ဖော့စဖရပ်သည် အမြစ်ပွားများမှုနှင့် အသီး၊အပွင့်ကိုအားပေးပြီး ပိုတက်စီယမ်သည် အပင်ကို ပိုးမွှားအန္တရာယ်ဒဏ်မှ ခံနိုင်ရည်ရှိအောင် ထောက်ပံ့ပေးပါသည်။ ထို NPK အာဟာရလိုအပ်ချက်သည် သီးနှံတစ်မျိုးနှင့်တစ်မျိုး မတူညီပါ။ ပျမ်းမျှလိုအပ်ချက်ထက် အလွန်အကျွံသုံးသုံးစွဲလိုက်ပါက သီးနှံပင်၏ဇီဝကမ္မဖြစ်စဥ်တွေကို နှောက်ယှက်စေနိုင်ပါသည်။ နိုက်ထရိုဂျင်မြေသြဇာကိုအလွန်အကျွံသုံးစွဲပါက ဖျက်ပိုးများ( အထူးသဖြင့် စုပ်စားပိုး) ကျရောက်ဖျက်ဆီးမှုပိုများလာနိုင်ပါသည်။ မပျော်ဝင်နိုင်သောအမိုးနီးယားဓာတ်တွေ မြေကြီးတွင်စုပုံလာခြင်းကြောင့် မြေဆီလွှာပျက်စီးမှုများဖြစ်ပေါ်ကာ သီးနှံပင်ကိုထိခိုက်စေနိုင်ပါသည်။ ထို့အပြင် ယူရီးယားမြေသြဇာအလွန်အကျွံသုံးစွဲထားသော စပါးစိုက်ခင်းသည် ပမာဏမှန်ကန်စွာသုံးစွဲထားသောစိုက်ခင်းနှင့် ယှဥ်ကြည့်ပါက အပင်အမြင့်သာလွန်သော်လည်း ပင်ပွားထွက်ရှိမှု၊ အရွက်အရောင်၊ အနှံအရေအတွက်မှာ လျော့နည်းနေသည်ကိုတွေ့ရပါသည်။

    စပါးသီးနှံတွင် နိုက်ထရိုဂျင်(ယူရီးယားမြေသြဇာ) အလွန်အကျွံသုံးစွဲခြင်းကြောင့် ပိုမိုကျရောက်လာနိုင်သော ဖျက်ပိုးများ

    ·      အဝါရောင်ဆစ်ပိုး

    ·      ဖြုတ်ပိုး

    ·      ရွက်လိပ်ရွက်ကပ်ပိုး

    ကာကွယ်နှိမ်နင်းနည်း

    ၎င်းဖျက်ပိုးများကျရောက်လာပါက နိုက်ထရိုဂျင်မြေသြဇာသုံးစွဲမှုကိုလျှော့ချပါ။ ပိုတက်ရှ် (ပိုတက်စီယမ်) မြေသြဇာထည့်ပေးပါ။ ဘက်စုံကာကွယ်ရေးနည်းလမ်းများကို အသုံးပြုပါ။ စီးပွားရေးအရထိခိုက်နိုင်သောအဆင့်မရောက်ခင် နှိမ်နင်းပါ။ ဖျက်ပိုးများသည် ရုပ်ဖုံးများအဖြစ် မြေကြီး၊ ပင်ကြွင်းပင်ကျန်များတွင် ခိုအောင်းနေနိုင်သောကြောင့် မြေပြင်ချိန်ကတည်းက ကြိုတင်ကာကွယ်ပါ။

    Reference Link: https://doi.org/10.22271/j.ento.2021.v9.i5c.8834


    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
  • article
  • article
  • article
likes8comments2
views2718