cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၉ ခုရှိမွေးမြူရေးလုပ်ငန်းများကို ဇွန်လမှ စတင်ပြီးငွေကျပ် ၁၂ ဘီလီယံထုတ်ချေးပေးမည် =====================================

. Fish News
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၉ ခုရှိမွေးမြူရေးလုပ်ငန်းများကိုယခု ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်းငွေကျပ် ၁၂ ဘီလီယံထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနေပြည်တော်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။
  • အဆိုပါဒေသများမှ စိစစ်ရွေးချယ်ထားသည့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းများ၊ နို့စားနွားမွေးမြူရေးလုပ်ငန်းများ၊ ဥစားကြက် မွေးမြူရေးလုပ်ငန်းများနှင့် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းများစသည့်တို့ကိုလာမည့် ဇွန်လမှစတင်၍ ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

     

    “အခုဘဏ္ဍာနှစ်မှာတိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေကိုငွေကျပ် ၁၂ ဘီလီယံထုတ်ချေးပေးမှာပါ။ အထူးသဖြင့် အသားတိုးနွားတို့၊ နို့စားနွားတို့၊ ဥစားကြက်နဲ့ သိုး၊ ဆိတ် စတဲ့ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေကိုထုတ်ချေးပေးမှာဖြစ်ပါတယ်” လို့ နေပြည်တော်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားပါတယ်။


    ၎င်းချေးငွေကိုနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးမှာဖြစ်သလိုနို့စားနွားမွေးမြူရေးလုပ်ငန်းများကိုဦးစားပေးထုတ်ချေးပေးရန်လည်းစီစဉ်ထားကြောင်းသိရပါတယ်။


    ငွေချေးကာလအနေဖြင့် တစ်နှစ်အတွင်းလုပ်ငန်းအကျိုးအမြတ်မသေချာမှုများကြောင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများကိုတော့ နှစ်ရှည်ချေးငွေအဖြစ် ကာလ ၃ နှစ်အထိထား၍ ချေးပေးမှာဖြစ်ကြောင်း၊ အသားတိုးနွား၊ ဥစားကြက်နှင့် သိုး၊ ဆိတ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကိုတော့ ကာလ ၂နှစ်သတ်မှတ်၍ ထုတ်ချေးပေးသွားရန် သတ်မှတ်ထားကြောင်းလည်းသိရပါတယ်။ 

     

    ချေးငွေသတ်မှတ်အကျုံးဝင်နေရာများအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ် တို့ပါဝင်ကြောင်းသိရပါတယ်။

     

    မွေးမြူရေးလုပ်ငန်းများအတွက် ချေးငွေကိုပြီးခဲ့သည့် ဘဏ္ဍာနှစ်ကလည်းနိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၁ခုရှိ အသားတိုးကြက်၊ ဥစားဘဲနှင့် အသားတိုးဝက် စသည့် တိရိစ္ဆာန် သုံးမျိုးမွေးမြူရေးလုပ်ငန်းများကိုငွေကျပ် ၂၀ ဘီလီယံထုတ်ချေးပေးခဲ့ကြောင်းသိရပါတယ်။

     

    Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။


  • article
likes9comments0
views1870