cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးသန်ပြုစုခြင်း

. Fish Articles
ငါးဖျန်းအရွယ် ငါးများထည့်သွင်းမွေမြူ သဖြင့် မွေးမြူရေးကာလ အချိန်တိုအတွင်း ငါးကြီးထွားမှု မြန်ဆန်ခြင်း၊ အသေအပျောက်နည်းခြင်းစသည့် အကျိူးကျေးဇူးများ ရရှိကြပါသည်။
  •  အသားတိုးငါးမွေးမြူသူများသည် ငါးသန်ကို ထည့်သွင်းမွေးမြူခြင်းထက် ငါးဖျန်းကို ထည့်သွင်းမွေးမြူ လာကြပါသည်။ တစ်နည်းအားဖြင့် ၂လက်မအရွယ် ငါးများထည့်သွင်းမွေးမြူခြင်းအစား ၄လက်မမှ ၆လက်မအထိအရွယ် ငါးဖျန်းများကို ထည့်သွင်းမွေးမြူကြပါသည်။ ငါးဖျန်းအရွယ် ငါးများထည့်သွင်းမွေမြူ သဖြင့် မွေးမြူရေးကာလ အချိန်တိုအတွင်း ငါးကြီးထွားမှု မြန်ဆန်ခြင်း၊ အသေအပျောက်နည်းခြင်းစသည့် အကျိူးကျေးဇူးများ ရရှိကြပါသည်။ ထိုငါးဖျန်းအရွယ် သားပေါက်ဝယ်ယူရာတွင် ဈေးနှုန်းကြီးမားခြင်းကိုလည်း ကြုံတွေ့ရပါသည်။ ထို့ကြောင့် ငါးသန်အရွယ်ဝယ်ယူပြီး ငါးဖျန်းအထိ မွေးမြူခြင်းကို တင်ပြအကြံပြုအပ်ပါသည်။

     ငါးမှုန်ဘဝမှ စတင်မွေးမြူပြီး ငါးအရွယ် ၀.၅လက်မ (သို့မဟုတ်) ၁လက်မအရွယ် အဆင့်ရောက်ရှိလာ ပါက ငါးသန်အဆင့်ရောက်ရှိလာပါသည်။ အဆိုပါငါးအရွယ်တွင် ငါးသန်မျာသည် ရေတွင်ကောင်းစွာသွားလာ ကူးခတ်နိုင်ခြင်း၊ အစာကိုကောင်းစွာစားသောက်နိုင်ခြင်းတို့ကို တွေ့ရှိရပါသည်။ အဆိုပါ ငါးသန်အရွယ်များကို ငါးဖျန်းအဆင့်ရောက်ရှိစေရန် (တနည်း)ငါးအရွယ် ၄လက်မှ ၆လက်မအထိမွေးမြူရာတွင် အစာ ကောင်းစွာ ကျွေးမွေးခြင်း၊ ကန်ရေအရည်အသွေးကောင်းမွန်ပါက (၂)လမှ (၃)လအချိန်တွင် ရရှိနိုင်ပါသည်။

     ငါးသန်များကို ဆက်လက်မွေးမြူရာတွင် ကန်ရေ၏ အနက်သည် အနည်းဆုံး (၂)ပေခွဲမှ (၃)ပေအထိ ထားရှိရပါမည်။ အစာကို ပရိုတိန်း အနည်းဆုံး ၃၀ရာခိုင်နှုန်းပါဝင်သော အစာကို ကျွေးရပါမည်။ တစ်နေ့လျှင် အနည်းဆုံး (၃)ကြိမ် အစာကျွေးပေးရပါမည်။ အစာကျွေးနှုန်းမှာလည်း ငါးအလေးချိန် စုစုပေါင်း၏ ၆ မှ ၇ ရာခိုင် နှုန်းကျွေးပေးရပါမည်။ တစ်ဧကလျှင် ငါးသန် ၂ သိန်း ခန့် မွေးမြူနိုင်ပါသည်။ ငါးသန်ဘဝမှ ငါးဖျန်းအထိ အသက် ရှင်သန်နှုန်းမှာ (၆၀) ရာခိုင်နှုန်း ရရှိနိုင်ပါသည်။ ကန်ရေ၏ အရောင်သည် အစိမ်းနုရောင်သာ ရေဩဇာရရှိစေရန် ဆောင်ရွက်ပါ။ ရေအရောင်အစိမ်းရင့်ပါက ညအချိန်တွင်အောက်စီဂျင်လျှော့နည်းသွားသဖြင့် ငါးအသေ အပျောက်များနိုင်ပါသည်။ ရေအပူချိန်သည်လည်း ၂၆ မှ ၂၉ ဒီဂရီစင်ဂရိတ်အတွင်းသာ ထားနိုင်ပါက ပိုမို ကောင်းမွန်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes6comments0
views1883