အိန္ဒိယ၏ သကြားတင်ပို့မှုခွင့်ပြုချက်သည် ၂၀၂၄-၂၅ ခုနှစ် မိုးရာသီကြံစိုက်ပျိုးမှုအပေါ် မူတည်မည်
ကမ္ဘာ့ဒုတိယအကြီးဆုံးသကြားထုတ်လုပ်သည့်နိုင်ငံဖြစ်သည့် အိန္ဒိယသည် လာမည့်ရာသီတွင် သကြားထုတ်လုပ်နိုင်မှုတန်ချိန် သန်း ၃၀ သို့လျော့နည်းမည်ဟု မျှော်မှန်းထားသဖြင့် ၂၀၂၄-၂၅ ရာသီတွင် ကြံစိုက်ပျိုးမှုနှင့်အထွက်နှုန်းကိုသိရှိပြီးမှသာ သကြားတင်ပို့မှုကို ခွင့်ပြုနိုင်ကြောင်းနှင့် လက်ရှိ စက်တင်ဘာလတွင် ကုန်ဆုံးမည့် ၂၀၂၃-၂၄ ခုနှစ် ရာသီချိန်အတွက် သကြားထုတ်လုပ်မှုသည် ယခုအချိန်ထိ တန်ချိန် ၃၁.၅ သန်းအထိရှိခဲ့ပြီး ရာသီကုန်ဆုံးချိန် တမီးလ်နာဒူးနှင့် ကာနတကပြည်နယ်တို့မှ ကြံကြိတ်ခွဲမှုအပြီးတွင် တန်ချိန် ၃၁.၈ သန်းထိထွက်ရှိနိုင်မည်ဟု သတင်းရင်းမြစ်များအရ သိရှိရသည်။
အိန္ဒိယသည် ၂၀၂၂-၂၃ ရာသီနှစ်တွင် သကြားတန်ချိန် ၃၂.၈ သန်းထုတ်လုပ်နိုင်ခဲ့ပြီး ကုန်သွယ်မှုခန့်မှန်းချက်အရ ကာနာတကပြည်နယ်တွင် ကြံစိုက်ပျိုးမှုလျော့နည်းခြင်းကြောင့် ၂၀၂၄-၂၅ ရာသီချိန်တွင် သကြားတန်ချိန် ၃၀ သန်းသာထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သကြားလုပ်ငန်းရှင်များက သကြားတန်ချိန် ၁ သန်းကို တင်ပို့ခွင့်ပြုရန် တောင်းဆိုထားသော်လည်း လာမည့်နှစ်တွင် သကြားအထွက်နည်းမည်ဟု ခန့်မှန်းထားသကဲ့သို့ အီသနောထုတ်လုပ်မှုအတွက် လိုအပ်ချက်များရှိကြောင်း၊ အစိုးရကလည်း ပြည်တွင်းစားသုံးမှုနှင့် အီသနောထုတ်လုပ်မှုအတွက် လုံလောက်မှုရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ပိုလျှံမှုရှိမှသာ ပြည်ပသို့ တင်ပို့ခွင့်ကို ခွင့်ပြုနိုင်ကြောင်း၊ လက်ရှိတွင် အိန္ဒိယအစိုးရက သကြားတင်ပို့မှုကို တားမြစ်ထားပြီး မုတ်သုံရာသီ သကြားစိုက်ပျိုးမှုအချက်အလက်များရရှိသည့်အချိန်တွင် သကြားထုတ်လုပ်နိုင်မှုအခြေအနေကို ပြန်လည် သုံးသပ်မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
အိန္ဒိယနိုင်ငံမှ သကြားအဓိကတင်ပို့သည့်နိုင်ငံများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများဖြစ်ကြသည်။
Source: Sugar exports to depend on monsoon, cane sowing in 2024-25, The Economic Times, May 28, 2024.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)
Source: myantrade.gov.mm
.......
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price