ထိုင်းနိုင်ငံမှာ ငရုတ်ရာသီ ကုန်တော့မည်ဖြစ်၍ စျေးကွက်ကောင်းနိုင်ကြောင်း တချို့ကုန်သည်များ သုံးသပ်ကြ
ပြန်လည် စျေးမြင့်တက်လာသည့် ငရုတ်စျေးကွက်တွင် ဆင်ဖြူကျွန်း နှင့် မြစ်ဝ ငရုတ်များ အနည်းငယ်ပြန်ကျဆင်းသွားကြောင်း စျေးကွက်မှ သိရသည်။
သယ်ယူပို့ဆောင်ရေး အခက်အခဲများ အပြင် တခြားပြည်ပတင်ပို့ ရန် အခက်အခဲများကြောင့် ငရုတ်စျေးမှာ စတင်ပေါ်သည့် အချိန်မှစ၍ ဆက်တိုက်ဆိုသလို စျေးကျဆင်းခဲ့ပြီး မိုးတွင်းကာလ အစမှစ၍ ပြည်ပ ဝယ်ယူမူ ရှိလာသောကြောင့် စျေးနှုန်းများ ပြန်လည် မြင့်တက်လာခြင်း ဖြစ်သည်။
“ အရင်နှစ်တွေတော့ မိုးတွင်းကာလ စိုက်ခင်းတချို့ ပျက်စီးမှု တွေရှိနိုင်တာကြောင့် ပစ္စည်းအဝင်နည်းပြီး နှစ်တိုင်း မိုးတွင်းဆို စျေးတက်လေ့ရှိပါတယ်။ စျေးတက်ပေမဲ့ တောင်သူတွေအတွက် စျေးမရဘူး ။ “ ဟု ဧရာဝတီ တိုင်းဒေသကြီး မှ ငရုတ်စိုက်တောင်သူ တစ်ဦးကပြောသည်။
လက်ရှိ မျှားနီ ငရုတ် နှင့် ပန်းတနော် ရှည် ငရုတ်စျေးမှာ အရင် ရက်များ ထပ်စျေးမြင့်တက်လာ သော်လည်း ဆင်ဖြူကျွန်း နှင့် မြစ်ဝ ငရုတ်များ တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဝန်းကျင်ခန့် အနည်းငယ်ပြန်ကျဆင်းသွား ကြောင်း သိရသည်။
ပြီးခဲ့သည့် တစ်ပတ်ခန့်က ပန်းရဲ တစ်ပိဿာ ၅၅၀၀ မှ ၅၈၀၀ ကျပ် ၊ မျှားနီ ငရုတ် တစ်ပိဿာ လျှင် ၄၈၀၀ မှ ၅၅၀၀ ကျပ် ၊ပန်းတနော် ရှည် တစ်ပိဿာလျှင် ၄၅၀၀ မှ ၅၀၀၀ ထိ ရှိခဲ့ပြီး ဆင်ဖြူ ကျွန်း (ပု) နှင့် မြစ်ဝ တစ်ပိဿာလျှင် တစ်ပိဿာလျှင် ၁၁၅၀၀ မှ ၁၂၅၀၀ ကျပ် ထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ဇွန်လ ၄ ရက်တွင် ပန်းရဲ ငရုတ် တစ်ပိဿာမှာ ၅၈၀၀ မှ ၆၀၀၀ ကျပ် ၊ မျှားနီ တစ်ပိဿာလျှင် ၅၂၀၀ မှ ၅၅၀၀ ကျပ်၊ ပန်းတနော် ရှည် တစ်ပိဿာလျှင် ၄၈၀၀ မှ ၅၀၀၀ ထိ မြင့် တက်လာ ပြီး ဆင်ဖြူကျွန်း (ပု) နှင့်မြစ်ဝ တစ် ပိဿလျှင် ၁၀၅၀၀ မှ ၁၂၀၀၀ ကျပ် ထိ ပြန်ကျ လာခဲ့ကြောင်း သိရသည်။
မေလ တစ်ရက်နေ့က ဘုရင့်နောင်စျေးကွက်တွင် မျှားနီ ငရုတ် မှာ ၃၅၀၀မှ ၄၀၀၀ ကျပ် ၊ပန်းတနော် ရှည် ၃၈၀၀ မှ ၄၀၀၀ ၊ ဆင်ဖြူကျွန်း (ပု) ၉၅၀၀မှ ၁၀၅၀၀ ကျပ် အထိသာ ဈေးရှိခဲ့သည်။
“ တောင်သူကတော့ တောင်သူစျေး ပဲရတယ် ။ တောင်သူဆီက ဝယ်ပြီး တောင်သူ လက်ထဲ မရှိတော့ရင် စျေးတက်တာ နှစ်တိုင်း ကို ဖြစ်နေပါပြီး ၊“ ဟု မကွေးတိုင်ဒေသကြီး မှ ငရုတ် စိုက်တောင်သူတစ်ဦး ကပြောသည်။
ငရုတ်စျေး ပြန်လှုပ်ခက်လာသည် ဆိုသော်လည်း ငရုတ်စိုက် တောင်သူများ စျေး မရရှိသေး၍ တချို့ ဒေသများတွင် အရှုံးဖြင့်ရင်ဆိုင် ခဲ့ရကြောင်း သိရသည်။
ငရုတ်သီးဈေးကွက်မှာ ထိုင်းနိုင်ငံ တစ်ခုသာ အဝယ်နည်းငယ်ရှိပြီး ထိုင်းနိုင်ငံမှလည်း ငရုတ်ရာသီ ကုန်တော့ မည်ဖြစ်၍ စျေးကွက်ကောင်းလာနိုင်ကြောင်း တချို့ကုန်သည်များလည်း သုံးသပ်ကြသည်။
ဖိုးချဲ(AMIA)
Exclusive content for Htwet Toe
---
သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


NewsFeed
Communities
Explore
Inbox
Me
Market Price