ဇွန် ဇူလိုင်မှာ ရွာမည့်မိုး၂၀၂၄ ⛈⛈⛈ Heavy to Very Heavy Rainfall⚠⚠⚠ 🌧🌧🌧⛈⛈⛈⛈⛈⛈
မုတ်သုန်လေအားကောင်းရာမှ အားအလွန့် အလွန်ကောင်းနိုင်ပြီး ဧရာဝတီတိုင်း ပဲခူးတိုင်း ရခိုင်ပြည်နယ် ရန်ကုန်တိုင်းမွန်ပြည်နယ်ကရင်ပြည်နယ် တနင်္သာရီတိုင်း ဒေသကြီးတွေမှာမိုးများစွာရွာသွန်းနိုင်ပြီး မိုးကြီးရေလျှံ ရေလွှမ်းနစ်မြုပ်မှုတွေဖြစ်ပေါ်နိုင်ပါတယ်စိုက်ပျိုးမြေများ ရေနစ်မြုပ်ပျက်စီးမှုမရှိအောင် ရေနုတ်မြောင်းများစနစ်တကျကြိုတင်လုပ်ကိုင်ဆောင်ရွက်ထားကြပါမွေးမြူရေးသမားများကန်တွေမကျိုးမပေါက်အောင်လုပ်ကိုင်ဆောင်ရွက်ထားကြပါလို့အကြံပြုလိုက်ပါတယ်
ISSUED TIME
06/06/2024 6:51am(MMT)
သီတင်းကျွတ်သော်လည်း
မိုးမကျွတ်နိုင်ပါ
၂၀၂၄ အောက်တိုဘာလတွင်
အရှေ့လေစီးကြောင်းများမှ မြန်မာနိုင်ငံမှာ မိုးတွေရွာနိုင်ပါတယ် မိုးသီးနှံများရိတ်သိမ်းချိန်အထူးသတိထားကြရပါလိမ့်မယ်
ISSUED TIME
06/06/2024 8:53am(MMT)
Monsoon low system
ဆိုသည်မှာ မုတ်သုန်လေတိုးမြှင့်ခြင်းစနစ်တစ်ခုဖြစ်ပါတယ် မုန်တိုင်းကြီးများကဲ့သို့အန္တရာယ်ကြီးကြီးမားမားမရှိပါဘူး သူဖြစ်ပေါ်မှသာလျှင် မြန်မာနိုင်ငံအတွက် မိုးတွေရရှိစိုက်ကျိုးရေးအထောက်အကူပြုတဲ့စနစ်ပါ မြန်မာ့မိုးရာသီမှာ ခဏခဏဖြစ်ပေးမှမိုးရာသီပီသနိုင်ပြီး
သူတိတ်ဆိတ်ငြိမ်သက်တဲ့နှစ်ဆိုလျှင် မိုးခေါင်ပြီး စိုက်ပျိုးသီးနှံများပျက်စီးစေနိုင်ပါတယ် အများသိရှိနာလည်းစေရန်အတွက်ရှင်းပြခြင်းဖြစ်ပါတယ် ယခု ၂၀၂၄ ဇွန်လ ၁၀ရက်နေ့မှ ၁၄ရက်နေ့အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ၎င်း MONSOON LOW SYSTEM တစ်ခုဖြစ်ပေါ်လာမှာဖြစ်ပြီး မုတ်သုန်လေအားကောင်းကာ
မြန်မာနိုင်ငံတစ်ခုလုံးအတွက် စိုက်ပျိုးရေးအကျိုးပြု အေးမြတဲ့မိုးစက်ကလေးတွေများစွာသယ်ဆောင်ပေးမှာဖြစ်ပါတယ်
အားလုံးဘေးအန္တရာယ်ကင်းပြီး ကြည်နူးချမ်းမြေ့ ပျော်ရွှင်နိုင်ကြပါစေ
ISSUED TIME
07/06/2024 5:54am(MMT)
Su Su San မင်း ဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙧𝙚
Su Su San မင်းဂွတ် သီး
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝘾𝙚𝙣𝙩𝙚𝙧
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
-----------------------------
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များအတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download