cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

မြန်မာနိုင်ငံတွင်စိုက်ပျိုးရန်ထောက်ခံထားသော ရော်ဘာမျိုးများ၏ အရည်အချင်းလက္ခဏာများ

. Cultivation Methods
မြန်မာနိုင်ငံတွင်စိုက်ပျိုးရန်ထောက်ခံထားသော ရော်ဘာမျိုးများ၏ အရည်အချင်းလက္ခဏာများ
  • (ဥပမာ- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲ၊ ဆက်သွယ်ရန်ဖုန်း- ၀၆၇-၄၃၁၂၀၃၂ နှင့် မျိုးစေ့ဥပဒေအရ တရားဝင်မျိုးစေ့လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိပြီးသူများ)၁။ PB-260 အထွက်နှုန်း တစ်ဧက ပေါင်၈၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒေသများတွင် စိုက်ပျိုးသင့်သည်။၂။ PB-235 အထွက်နှုန်း တစ်ဧက ပေါင်၈၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုကောင်းပြီး လေဒဏ်နှင့် ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒေသများတွင် စိုက်ပျိုးသင့်သည်။၃။ BPM-24 အထွက်နှုန်း တစ်ဧက ပေါင်၁၃၅၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားညီညာပြီး ရွက်ပုပ်ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်ဒေသများတွင် စိုက်ပျိုးသင့်သည်။၄။ GT-1 အထွက်နှုန်း တစ်ဧက ပေါင်၁၂၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုအသင့်အတင့်နှင့် အကြမ်းခံနိုင်သည်။ ရွက်ပုပ်ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း ဒေသများတွင် စိုက်ပျိုးသင့်သည်။၅။ RRIM-600 အထွက်နှုန်း တစ်ဧက ပေါင်၈၂၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုအားကောင်းပြီး အစေးသားဖြူ၍ ရွက်ပုပ်ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ ကချင်၊ ရှမ်း ဒေသများတွင် စိုက်ပျိုးသင့်သည်။၆။ RRIM-623 အထွက်နှုန်း တစ်ဧက ပေါင်၁၀၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုအားကောင်းပြီး အစေးသားဖြူ၍ ရွက်ပုပ်ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ လေဒဏ်ခံနိုင်ရည်ရှိသည်။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်၊ ရှမ်း ဒေသများတွင် စိုက်ပျိုးသင့်သည်၇။ RRIM-717 အထွက်နှုန်း တစ်ဧက ပေါင်၆၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ ဒေသများတွင် စိုက်ပျိုးသင့်သည်။၈။ RRIC-100 အထွက်နှုန်း တစ်ဧက ပေါင်၁၁၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုကောင်းပြီး ရွက်ပုပ်ရောဂါဒဏ်ခံနိုင်ရည်ရှိသည်။ မွန်၊ ကရင်၊ တနင်္သာရီ၊ ရခိုင်ဒေသများတွင် စိုက်ပျိုးသင့်သည်။၉။ PR-225 အထွက်နှုန်း တစ်ဧက ပေါင်၆၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုအားကောင်းပြီး အစေးခြောက်ရောဂါဒဏ်အသင့်အတင့် ခံနိုင်ရည်ရှိသည်။ ကချင်၊ ရှမ်း ဒေသများတွင် စိုက်ပျိုးသင့်သည်။၁၀။ PR-107 အထွက်နှုန်း တစ်ဧက ပေါင်၄၀၀နှုန်းထွက်နိုင်သည်။ အပင်ကြီးထွားမှုအားကောင်းပြီး အစေးခြောက်ရောဂါဒဏ်အသင့်အတင့် ခံနိုင်ရည်ရှိသည်။ လေဒဏ်ခံနိုင်ရည်ရှိသည်။ ကချင်၊ ရှမ်း ဒေသများတွင် စိုက်ပျိုးသင့်သည်။


  • article
likes8comments0
views2646