cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးကန်တွေမှာ ပျော်ဝင်အောက်ဆီဂျင် အရေးကြီးပုံအကြောင်း သိကောင်းစရာ

. Fish Articles
ကန်ထဲမှာ ရှိသင့်တဲ့ ပျော်ဝင်အောက်ဆီဂျင်ပမာဏဟာ ရေတစ်လီတာမှာ ၅ မီလီဂရမ်မှ ၁၀ မီလီဂရမ်အကြားမှာ ဖြစ်သင့်ပါတယ်။ အကယ်၍ ၄ သို့မဟုတ် ၄ အောက် ကျဆင်းသွားပါက သတိထား ရမယ့်အချိန်ဖြစ်ပါတယ်။
  •  

    ငါးကန်သမားတွေအနေနဲ့ ကန်အတွင်းမွေးမြူထားတဲ့ ငါးများရဲ့ ကြီးထွားနှုန်းနဲ့ ကျန်းမာရေးဟာ အဓိက အလေး ထားရတဲ့ အရာဖြစ်ပါတယ်။ တဆက်တည်းမှာဘဲ ငါးတွေရဲ့ ကျန်းမာရေးအတွက် ရေအရည်အသွေးဟာ အရေးကြီး သလို ရေထဲမှာ ပျော်ဝင်နေတဲ့ အောက်ဆီဂျင်ပမာဏဟာလည်း အရေးကြီးပါတယ်။ ပျော်ဝင်အောက်ဆီဂျင်ဟာ ရေထဲရှိ သက်ရှိလေးများ၊ ကျောရိုးမဲ့တိရစ္ဆာန်လေးများနဲ့ ငါးများရဲ့ အသက်ရှင်ရပ်တည်ခြင်း၊ ဇီဝကမ္မဖြစ်စဉ်နဲ့ ကြီးထွားမှု အတွက် လိုအပ်ဆုံးအရာဖြစ်ပါတယ်။ ဒါကြောင့် ပျော်ဝင်အောက်ဆီဂျင်နဲ့စပ်လျဉ်းပြီး ရရှိနိုင်တဲ့ အရင်းအမြစ်တွေကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။ 

    ၁။ လေထုထဲမှ အောင်ဆီဂျင် ရရှိခြင်း 

    လေထုထဲမှ အောက်ဆီဂျင်ဟာ သဘာဝနည်းအားဖြင့် ငါးကန်ရေရဲ့မျက်နှာပြင်ကို ပျံ့နှံ့ပျော်ဝင်ပါတယ်။ အောက်ဆီဂျင် ပြင်းအားများတဲ့လေထုထဲမှ ပြင်းအားနည်းတဲ့ ရေထဲသို ပျံ့နှံ့ပျော်ဝင်ခြင်းဖြစ်ပါတယ်။ ဒါကတော့ သဘာထဲကနေ အောက်ဆီဂျင်ရရှိခြင်းဖြစ်ပါတယ်။ 

    ၂။ ကန်အတွင်း ပေါက်ရောက်အပင်များ၏ အစာချက်ခြင်းမှ အောက်ဆီဂျင်ရရှိခြင်း 

    ငါးကန်ထဲမှာ ပေါက်ရောက်နေတဲ့ ရေညှိအပါအဝင် အခြားသောအပင်လေးများဟာ နေ့အချိန်မှာ အစာချက် လုပ်ခြင်းဖြစ်စဉ်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူကာ အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးပါတယ်။ ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင် ပမာဏကို မြင့်တက်လာစေတာကြောင့် ဒါဟာလည်း အောက်ဆီဂျင်ရရှိနိုင်မယ့် အရင်းမြစ် တစ်ခုဖြစ်ပါတယ်။ 

    ၃။ လှိုင်းထခြင်း၊ လေထန်ခြင်းမှ အောက်ဆီဂျင် ရရှိခြင်း 

    လှိုင်းထတာတွေက ကန်ငယ်လေးတွေထက် ကန်ကြီးတွေမှာ ပိုသိသာပါတယ်။ ပျော်ဝင်အောက်ဆီဂျင်ပမာဏဟာ ကန်ငယ်တွေမှာ ချိုတဲ့လေ့ရှိပါတယ်။ အထူးသဖြင့် ကန်ဘေးပတ်လည်မှာ အပင်ကြီးအစိုက်များပြီး လေပိတ်နေတဲ့ ကန်တွေမှာ အဖြစ်များပါတယ်။ အဲလိုဖြစ်လာရင်တော့ ကန်အပေါ်ယံမျက်နှာပြင်ကို လှိုင်းထအောင် လုပ်ပေးခြင်းဖြင့် အောက်ဆီဂျင် ရရှိစေပါတယ်။ 

    ၄။ ရေယက်တပ်ဆင်ပေးခြင်းဖြင့် အောက်ဆီဂျင် ရရှိစေခြင်း 

    ဒီနည်းကတော့ သဘာဝနည်းတော့ မဟုတ်ပေမယ့် ကန်ကြီးသမားအများစုကတော့ အသုံးများပါတယ်။ ကန်ထဲမှာ ရေယက်ဘီးလို ရေကိုလှည့်ပေးတဲ့ ဒလတ်တွေတပ်ဆင်ပေးပြီး လည်ပတ်ခြင်းအားဖြင့်လည်း အောက်ဆီဂျင်ကို ရရှိစေပါ တယ်။ 

    အချုပ်အားဖြင့်ပြောရမည်ဆိုရင် ကန်ထဲမှာ ရှိသင့်တဲ့ ပျော်ဝင်အောက်ဆီဂျင်ပမာဏဟာ ရေတစ်လီတာမှာ ၅ မီလီဂရမ်မှ ၁၀ မီလီဂရမ်အကြားမှာ ဖြစ်သင့်ပါတယ်။ အကယ်၍ ၄ သို့မဟုတ် ၄ အောက် ကျဆင်းသွားပါက သတိထား ရမယ့်အချိန်ဖြစ်ပါတယ်။ 

    ထွက်တိုး

    Source: https://tlcperfectpond.com/dissolvedoxygen/#:~:text=Dissolved%20oxygen%20is%20 crucial%20for%20the%20survival%20of,levels%20fall%20below%20approriate%20levels%2C%20organisms%20become%20stressed 


  • article
likes13comments0
views4058