cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

လက်သဲခွမြက် အကြောင်း သိကောင်းစရာ

. Weeds Management
ပင်စည်သည်ချောမွေ့ပြီးအောက်ခြေပိုင်းသည် မြေမျက်နှာပြင်နှင့် ကပ်လျက်ပေါက်၍ အဖျားပိုင်းသည်အပေါ်သို့ထောင်ထွက်နေသည်။
  • တစ်နှစ်ခံပင်မျိုးဖြစ်ပြီး မြေ၌ပြန့်ကြဲစွာပေါက်သည်။ ပင်စည်သည်ချောမွေ့ပြီးအောက်ခြေပိုင်းသည် မြေမျက်နှာပြင်နှင့် ကပ်လျက်ပေါက်၍ အဖျားပိုင်းသည်အပေါ်သို့ထောင်ထွက်နေသည်။ (၈၀) စမ မြင့်သည်။ အဆစ်များမှ အမြစ်ထွက်သည်။ အရွက်သည် ရွက်လွှဲထွက်ပြီး ရှည်မျောမျောလှံသွားပုံရှိသည်။(၈-၁၂)စမ ရှည်ပြီး (၃-၈) မမ ကျယ်သည်။ရွက်လည်ကြောဖြူပြီး အရွက်အပေါ်မျက်နှာပြင်တွင် အမွေးရှည်များ ကြဲကြဲပေါက်တတ်သည်။အမှေးပါးသဏ္ဍာန်ရှိသည့် လစ်ဂရူးထင်ရှားပြီး အဖြူရောင်အမွေးရှည်များပါရှိသည်။ အောက်ခြေရွက်ဖုံးသည် ထိစပ်ခြင်းမရှိပါ။ အများအားဖြင့် အမွေးများပါရှိသည်။ ပန်းခိုင်သည် ရေစင်းအမျိုးအစားဖြစ်ပြီး တစ်နေရာထဲမှ (၄-၉)ခုထိ ပြန့်ကားစွာထွက်သည်။ (၁၁) စမ ရှည်သည်။ စပိုက်လက်သည် (၁.၅-၂)လက်မရှည်၍ ချွန်ပြီး ရေစင်းပန်းခိုင်၏ တစ်ဖက်ခြမ်းထဲတွင် အတန်းနှစ်တန်းအဖြစ် စီတန်းနေသည်။ ရင့်မှည့်လာသည့်အခါ စပိုက်လက်၏ ဘေးနှစ်ဖက်မှ နီညိုရောင်အမွေးများ ထွက်ပေါ်လာသည်။ အစေ့အားဖြင့် မျိုးပွားသည်။ ယာသီးနှံခင်းများ၊နှစ်ရှည်သီးနှံခင်းများနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် တွေ့ရသည်။ 


    Source: စောလယ်ဝါး 

    မြန်မာနိုင်ငံရှိ အဓိက ပေါင်းပင်များ 

    ---

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ်  ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ 

    ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes20comments0
views3098