cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၁၀.၆.၂၀၂၄ မှ ၁၄.၆.၂၀၂၄)

. Market News
ပဲစင်းငုံနီကတော့ လက်ရှိမှာ စံချိန်တင် ဈေးနှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။
  • မတ်ပဲ

    မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်လိုက်ရင် ဈေး မြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အိန္ဒိယဝယ်လို အားကလည်း ရှိနေပြီး ဈေးကွက်ထဲ အဝင် နဲ့ စားသုံးသူ အဝယ် လိုအပ်ချက်တွေ များနေတာကြောင့်‌ ဈေးတွေ မြင့်တက်လာတာလို့သိရပါတယ်။ ပြည်တွင်း ဈေးကွက်အတွင်းမှာလည်း ငွေကြေးဈေး အခြေအနေကြောင့် ပစ္စည်းတွေကို လှောင်ထားဆဲ အခြေအနေမှာ ပဲ ရှိတယ်လို့ ကုန်သည်အချို့ ထံကနေ သိရပါတယ်။

    အိန္ဒိယရဲ့ ပဲလိုအပ်ချက်တွေကြောင့်လည်း ဈေးကွက်အခြေအနေက မာနေပြီး အများကြီး ကျဆင်းသွား ဖို့ရာ လက်တလော မရှိသေးဘူးလို့ လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။

    ဒါပေမယ့် အိန္ဒိယနိုင်ငံ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်မယ့် ဝန်ကြီးချုပ် မိုဒီဟာ အစိုးရသစ်ရဲ့ ပထမဆုံး ရက် ၁၀၀ စီမံကိန်းမှာ ပဲမျိုးစုံ တင်သွင်းမှုကို လျော့ချမယ့် အစီအစဉ်လည်း ပါဝင်နေပါဝင်နေပါတယ်။

    ပြည်တွင်းမှာ ဈေးမြင့်တက်နေပေမယ့် အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၁၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။

    ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၀၂၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တစ်တန်ကို ၃၄၂၆၀၀၀ကျပ်၊ အင်္ဂါနေ့မှာ တစ်တန်ကို ၃၄၃၉၀၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့ နဲ့ ကြာသပတေးနေမှာတော့ တစ်တန်ကို ၃၄၅၀၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၄ သောင်းလောက် ဈေးမြင့်တက်လာပါတယ်။

    (SQ/RC) ကတော့ တစ်တန်ကို ၃၇၅၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၅၈၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၆၆၅ ကျပ်မှ ၅၇၀၀ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၁၅ ကျပ်ဈေးမြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ၂ ပတ်ဆက်တိုက် ဈေးအပြောင်းအလဲ မရှိပါဘူး။

    ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကတော့ လက်ရှိမှာ စံချိန်တင် ဈေးနှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။ ပြည်တွင်း ဈေးကွက် တည်ငြိမ်မှု မရှိတာကြောင့် လှောင်ထားတဲ့ အခြေအနေ ဖြစ်နေပြီး ဈေးက ဆက်တိုက် မြင့်တက်နေတာ လည်း ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာလည်း ဈေးမြင့်တဲ့အတွက် ပဲ ခွဲစက်တွေက မဝယ်တော့လို့ အရောင်းနည်းပြီး အဝယ်တိုးတဲ့အတွက် ဈေးကလည်း မြင့်တက်နေပါတယ်။

    ပဲစင်းငုံနီရဲ့ အထွက်နှုန်းက ၂၀ ရာခိုင်နှုန်းထွက် မနည်း လျော့ကျမယ်လို့ ကုန်သည်တွေက ခန့်မှန်းခဲ့လို့ လက်တလော လာမယ့် ကာလအတွင်းမှာလည်း အတက်ဈေးနဲ့ ပဲ ရှိနိုင်ဦးမယ်လို့ ခန့်မှန်းထားကြ ပါတယ်။

    အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၅၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးအပြောင်းအလဲ မရှိပါဘူး။

    ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၄၇၅၀၀၀ ကျပ်၊တနင်္လာနေ့ မှာတော့ တစ်တန်ကို ၄၆၁၀၀၀၀၊အင်္ဂနေ့မှာတော့ တစ်တန်ကို ၄၆၂၅၀၀၀၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို၄၆၀၀၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၆၂၀၀၀၀ ပေါက်ဈေးရှိပြီး ပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၁၄၅၀၀၀ ကျပ်သာ ဈေးမြင့်တက်လာပါတယ်။

    ပြောင်းဆံ

    ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဈေးက ဆက်တိုက် မြင့်တက်လာခဲ့ပြီး နယ်ဈေးကွက်မှာတော့ အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ အတက်ဈေးနဲ့ အတူ ရောင်းချမှု များလာတဲ့အတွက်ဈေးက ငြိမ်သွားတာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၀၀ မှ ၁၄၂၀ ကျပ်ရှိပြီး တစ်ပိဿာကို ၇၀ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၈၀၀၀ မှ ၆၉၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ ဈေးငြိမ်သလို ရှမ်း ပြောင်းကတော့ တစ်အိတ်ကို ၆၈၀၀၀ မှ ၆၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေး ကျဆင်းသွားသည်။

    ပဲပုတ်

    ပဲပုတ်ဈေးကလည်း ဆက်တိုက် ဈေးမြင့်တက်လာပါတယ်။ ပဲပုတ်ဆီ ထုတ်လုပ်ရေး စက်ရုံ အတွက် ပဲပုတ်တွေ အဝယ်လိုက်နေလို့ ဈေးက ဆက်တိုက် မြင့်တက်နေတာလို့သိရပါတယ်။ ဈေးကွက်အတွင်း မှာတော့ အခြား ပဲ ဆီတွေ နဲ့ နှိုင်းယှဉ်လိုက်ရင် ပဲပုတ်ဆီက ဈေးသင့်တဲ့ အခြေအနေမို့ စားသုံးမှု များပြီး နောက်ပိုင်း အများဆုံး ဆီ ထုတ်လုပ်လျှက်ရှိပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာလည်း ပဲပုတ်(အထွက်တိုး၊ဆီတိုးက )က တစ်ပိဿာကို ၃၈၃၀ မှ ၄၀၀၀ ရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မန္တလေးဈေးကွက်မှာ ပဲပုတ်(ရှမ်း/ဗမာ)က တစ်အိတ်ကို ၁၉၈၀၀၀ မှ ၂၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၇၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ၂ပတ်အတွင်း တစ်အိတ်ကို ၂၀၀၀၀ ‌လောက် ဈေး မြင့်တက်လာတာ ဖြစ်ပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူကတော့ ဈေးကွက်ထဲ အဝင်များလာတဲ့အပြင် အဝယ်လည်း နည်းသွားတဲ့အတွက် ဈေး ပြန်ကျဆင်းသွားပါတယ်။ နေ့စဉ် ဈေးကွက်ထဲ အဝင် ပိဿာချိန် တစ်ထောင် ကျော် ရှိနေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်ဖြူရှမ်းက တစ်ပိဿာကို ၉၅၀၀ မှ ၁၁၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ်၊ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ တစ်ပိဿာကို ၁၀၅၀၀ မှ ၁၀၆၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

    မေမီမောင်(AMIA)

    ----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes8comments0
views2727