cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ဒီရေနဲ့အတူပါလာတဲ့ ဖောင်စီးဂဏန်း

. Pests Management
စပါးခင်းမှာ ဂဏန်းဖျက်ဆီးခံရတာမျိုးကြုံဖူးကြလား ဦးကြီးတို့ရေ...
  • ကျရောက်သည့် အချိန် 

    တိုက်ရိုက်အစေ့ချစိုက် စပါးခင်းတွင် အညှောက်ထွက်ခါစအချိန်မှ (၁) လသားအတွင်း ကျရောက်တတ်သည်။ 

    ဖျက်ဆီးပုံလက္ခဏာ 

    ဖောင်စီးဂဏန်းသည် နယုန်လဆန်းမှ ဝါဆိုလဆန်း ဒီရေများဖြင့် ပင်လယ်သို့ ဆင်းပါသည်။ ၎င်းအချိန်တွင် စပါးပင်များ လက်မဖြင့်ညှပ် ဖြတ်ပါသည်။ ပင်လယ်တွင် သားပေါက်ကာ ကွန်မကဟုခေါ်သော ဂဏန်းသားပေါက်များသည် ဝါဆိုလပြည့်ရေဖြင့် ပြန်တတ်လာခြင်း ဖြစ်သည်။ သေးငယ်သော ဂဏန်းကောင်များ (ကွန်မက) များသည်ဒီရေအတက်တွင် ပင်လယ်ကမ်းရိုးတမ်းရှိ စပါးခင်းများတွင် ကျရောက်လေ့ရှိပြီး စပါးပျိုးပင် သက်တမ်းငယ်သော စပါးခင်းများ၏ စပါးပင်ထိပ်ဖျားကိုက်ညှပ်ဖျက်ဆီးခြင်း၊ ဟီးလေးခို၍ ဖျက်ဆီးခြင်းများ ပြုလုပ်ပါသည်။ စပါးပင်များ ကြီးနေပါက ဖျက်ဆီးမှု မခံရတော့ပေ။ 

     

    ပုံသဏ္ဍာန် 

    အရွယ်ရောက်ကောင်မှာ ၁-၁/၂ လက်မခန့် ရှိသည်။ ခန္ဓာကိုယ်အညိုရောင် ရှိသည်။  

    ကာကွယ်နှိမ်နင်းနည်း 

    ၁။ ဖျက်ဆီးခံရသည့် စပါးခင်းကို ထပ်မံ စိုက်ပျိုးရန် လိုအပ်သဖြင့် မျိုးစေ့နှုန်း (၂) ဆ မှ (၃) ဆ အသင့် ဆောင်ထားပါ။ 

    ၂။ ဖောင်စီးဂဏန်း ပင်လယ်ထဲသို့ ရေထရက်တွင် စတင်ဆင်းသဖြင့် ရေဆုတ်ရက်တွင် မျိုးကြဲခြင်းဖြင့် ဖောင်စီးဂဏန်း ဖျက်ဆီးမှုကို သက်သာစေနိုင်သည်။ 

    ၃။ မျိုးကြဲချိန်တွင် လယ်ကွက်ထဲရှိ လက်ကျန်ဖောင်စီးဂဏန်းများ ဖျက်ဆီးမှုမရှိစေရန် မျိုးစေ့ (၁)တင်းကို ထိသေစားသေ စတီးဇွန်း (၅) ဇွန်း နှင့် လူးနယ်၍ ကြဲပက်ပါ။ 

    ၄။ ဆန်ကွဲ (၄) ပြည်ကို ကျိုချက်ပြီး ထိသေစားသေ စတီးဇွန်း (၁၀) ဇွန်း နှင့် ရော၍ အစာအဆိပ်ပြုလုပ်ပြီး လယ်ကွက်ထဲသို့ ကြဲပက်ပါ။ 

    DOA, စိုက်ပျိုးရေးဦးစီးဌာန 


  • article
  • article
  • article
likes10comments2
views2601