cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်  (ရန်ကုန်တိုင်းဒေသကြီး)

. Weather News
ရန်ကုန်တိုင်းမှာ မိုးတွေ ဆက်လက်ရွာသွန်းအုံးမည်
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ (၂၃) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အဆိုပါ မြို့နယ်များတွင် မိုးရွာရန် ၆၁ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများဆက်လက်ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    တွံတေးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ (၂၃) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် တွံတေးမြို့နယ်တွင် မိုးရွာရန် ၆၂ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများဆက်လက်ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    သန်လျင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ (၂၃) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် သန်လျင်မြို့နယ်တွင် မိုးရွာရန် ၆၄ ရာခိုင်နှုန်းမှ ၉၈ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများဆက်လက်ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ (၂၃) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် သန်လျင်မြို့နယ်တွင် မိုးရွာရန် ၆၁ ရာခိုင်နှုန်းမှ ၉၆ ရာခိုင်နှုန်းအထိ ရှိနေတဲ့အတွက် ယခုတစ်ပတ်အတွင်း မိုအုံ့ခြင်း၊ မိုးရွာခြင်းများဆက်လက်ဖြစ်နိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    မိုးဦးကျ မြေပြင်ချိန်နှင့် စပါးကြဲပက်စိုက်ပျိုးချိန်ဖြစ်၍ ပေါင်းမြက်အန္တရာယ် သတိထားဖို့ တိုက်တွန်း လိုက် ပါတယ် ခင်ဗျာ။ ဒါကြောင့် ပေါင်းမြက်များကို နှိမ်နင်းစဉ် အသုံးပြုသည့် ပေါင်းသတ်ဆေးများကို အသုံးပြု ရာမှာ လိုက်နာဆောင်ရွက်သင့်တဲ့ အချက်တွေကို တင်ပြပေးလိုက်ပါတယ်ခင်ဗျာ။

    စပါးပေါင်းသတ်ဆေး အသုံးပြုရာတွင် လိုက်နာရမည့်အချက် ၈ ချက်

    ၁။ သီးနှံမျိုးစုံတွင် စိုက်ပျိုးပြီး တစ်လသားအတွင်း ပေါင်းမြက်မနှိမ်နင်းနိုင်ပါက သီးနှံအထွက် ၅၀% ထိ လျော့နည်းစေပါသည်။

    ၂။ စိုက်ပျိုးထားသော သီးနှံတွင် ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် ကိုက်ညီသည့် ပေါင်းသတ်ဆေးကို စနစ်တကျ ရွေးချယ်သုံးစွဲတတ်ရန်မှာ အရေးကြီးသည်။ မှားယွင်း ရွေးချယ်မိပါက စိုက်ပျိုးထားသော သီးနှံပင်များ လောင်ကျွမ်း ပျက်စီးဆုံးရှုံးနိုင်သောကြောင့်ဖြစ်သည်။

    ၃။ ပေါင်းသတ်ဆေးများကို သတ်မှတ်ထားသော တစ်ဧက ဆေးနှုန်းထား၊ ဆေးတစ်ပုံးနှုန်းထားများကိုသာ အသုံးပြုရမည်။ ပိုမိုသုံးစွဲမိပါက သီးနှံပင် လောင်ကျွမ်းမှုဖြစ်နိုင်သည်။

    ၄။ ပေါင်းသတ်ဆေးမဖျန်းမီ စိုက်ခင်းအတွင်း ရေထုတ်ခြင်း၊ ဆေးဖျန်းပြီးနောက် ၄-၅ ရက် ကြာမှ ရေပြန်သွင်းခြင်းကို သေချာစွာ ပြုလုပ်ရမည်။

    ၅။ ပေါင်းသတ်ဆေးများ ဖျော်စပ်ရာတွင် သန့်ရှင်းကြည်လင်၍ ရွှံ့၊ နွံ၊ နုံး အနယ်အမှုန်များ ကင်းစင်သော ရေကို အသုံးပြုသင့်သည်။

    ၆။ ပေါင်းသတ်ဆေးမဖျန်းမီ (၇) ရက်နှင့် ဆေးဖျန်းပြီး (၇) ရက်အတွင်း ဓာတ်မြေသြဇာ ကျွေးခြင်း၊ အပင်အားဆေး ဖျန်းခြင်းကို ရှောင်ရမည်။

    ၇။ ဆေးအာနိသင် ထိရောက်စေရန် တွယ်ကပ်ပြန့်နှံ့ဆေး နှင့် တွဲဖက်သုံးသင့်သည်။

    ၈။ ပေါင်းသတ်ဆေးဗူးပေါ်တွင် ဖော်ပြထားသော အညွှန်းစာသားများကို သေချာ ဖတ်ရှု့လေ့လာပြီးအသုံးပြုရန်မှာ အထူးအရေးကြီးသော အချက်ဖြစ်ပါသည်။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြု တိုက်တွန်းလိုပါတယ် ခင်ဗျာ။

    • ပုဇွန်ကန်များအနေဖြင့် ကန်ရေလှည့်ပေးရန်၊
    • မနက်စောစောတွင် ကန်နံဘေးတွင် ပုဇွန်များ ကပ်နေခြင်းရှိ/မရှိ စစ်ဆေးပေးရန်၊
    • မိုးရွာချိန် အပူချိန် ရုတ်တရက်ပြောင်းလဲနိုင်သဖြင့် ဂရုစိုက်ရန်၊
    • မိုးအုံ့ချိန်၊ မိုးရွာချိန်တွင် အစာကျွေးခြင်း ရပ်ထားရန်၊
    • မျိုးငါးများ ကန်အတွင်းမထည့်မီ ကန်အတွင်းရှိ ရေအနည်းငယ်ယူ၍ အဆိုပါရေဖြင့် မျိုးငါး များကို တစ်ခုခုထဲထည့်ပြီးမှ ကန်အတွင်းသို့ ထည့်ပေးရန်၊

    Weather Source: CIAT

    ------------------ 

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes9comments0
views2180