cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

Privacy Policy

user profile image
What's on your mind?image
Back

ဒုံပေါက်တဲ့မြေကို ဒီလိုပြုပြင်ပါ

. Soil Management
တောင်သူလယ်သမားဦးကြီးများကို အကြံပြုဆွေးနွေးလိုတဲ့ အချက်ကလေး ကတော့ 'မြေကျွံတဲ့မြေ လယ်သမားကြီးများအခေါ်က ဒုံပေါက်တဲ့မြေ'ကို ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ အချက်ကလေးပါဘဲ။
  • မြေကျွံတယ်ဆိုတဲ့ ပြဿနာက မြန်မာပြည်အောက်ပိုင်း မိုးကလည်းများ၊ အစို ဓာတ်ကလည်းများ၊ ရေကလည်း ဝပ်၊ မိုးရာသီအပြီး ရေသွင်းတဲ့နွေစပါးက ဆက်စိုက်တဲ့ ဒေသတွေမှာ အဖြစ်များတာတွေ့ရတယ်ဗျ။ မြေဟာ ခြောက်သွေ့ ရတဲ့ ရာသီမရှိတော့ဘဲ အမြဲရေဝပ်ခံထားရတဲ့အတွက် မြေအောက်မှာရှိတဲ့ အမာလွှာလို့ခေါ်တဲ့(Hardpan) ပေါက်သွားပြီး မြေကျွံတာ ဖြစ်ရတာပါဘဲ။ 

    တချို့နေရာတွေမှာ နွားဗိုက်တိုက်အောင်တောင် ကျွံတယ်လို့ ပြောကြပါတယ်။ ဒီလိုမြေတွေဟာ စေးကပ်မှုအားလည်း နည်းသွားတတ်ပါတယ်။ ရေအမြဲ ဝပ်ခံထားရတော့ မြေထဲမှာ အောက်စီဂျင်မဲ့ဇုန်လည်းဖြစ်သွားစေပါတယ်။

    ဒီလိုကျွံတဲ့မြေတွေဟာ ဒီရေအတက် အကျရှိပြီး ဒီရေအတက်တိုင်း ရေဝင်ခံ ရတဲ့လယ်တွေဆိုရင် ပိုဖြစ်တတ်တယ်။ ဒီလိုမြေကျွံတဲ့မြေ၊ ဒုံပေါက်တဲ့မြေကို ကုစားမယ်ဆိုရင်တော့ မြေကို မိုးသီးနှံသာစိုက်ပြီး နွေစပါးမစိုက်ဘဲ တစ်နှစ်၊ နှစ်နှစ် လောက် လှပ်ထားပြီး မြေကိုအခြောက်ခံရမယ်။ ဒါမှမြေအောက်မှာ မြေမာအလွှာ ပြန်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ 

    မြေလှန်အခြောက်ခံထားတဲ့ နှမ်းရိုး တစ်ဧက၊ တစ်တန်နဲ့ မြေဆွေးနွားချေး ၁ဝ စီးခန့်၊ ဂျစ်ပဆန်ကျောက်မှုန့် ၂၅ ကီလိုအိတ် သုံးအိတ်နဲ့ရောထည့်ပြီး ထယ်ထိုးမြေလှန် အခြောက်ခံထားရမယ်။ 

    ဒါမှမြေရဲ့ ဖွဲ့စည်းပုံလည်း ကောင်းလာပြီး ရေစီးဆင်းအားလည်း ကောင်းပါမယ်။ နောက်အဓိကအချက်ကတော့ ရေလွယ်လွယ်ထွက်သွားအောင် ရေနုတ်မြောင်း ကောင်းကောင်း တူးထားဖို့လိုတယ်ဗျ။ မြေအနားပေးပြီးလို့ နွေစပါးလည်း ပြန်စိုက် တော့မယ်ဆိုရင် မိုးစပါးနဲ့ နွေစပါး ကြားကာလမှာ မြေကိုအခြောက်ခံရမယ့် ကာလတစ်ခုထားပြီးမှ စိုက်ရမယ်ဗျ။ ကဲ .. ဒီလိုဆိုရင် ဒုံပေါက်တဲ့မြေလည်း ကောင်းသွားမှာပေါ့ဗျာ။

    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများဂျာနယ်


  • article
likes
11
comments
0
views
3779