cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပဲခူးတိုင်းဒေသကြီးအတွက် ၁၀ ရက်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. Weather News
ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့်ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့တွင် ၄ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
  • မိုးရွာသွန်းမှု အခြေအနေ

    မိုးရွာသွန်းမှုအ‌ခြေအနေမှာ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊

    ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ ပဲခူးတိုင်း ဒေကြီး အတွင်း ယခုတပတ်ခန့်မှန်းချက်ကတော့ မိုးရွာရန် ရာခိုင်နှုန်း (၆၀% မှ ၉၇%) ထိရှိပါနိုင်ပါတယ်။

     

    မိုးရွာရက်

    ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း) တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့်နှင့်ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) တို့တွင် ၄ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

     

    ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့

     

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့မှ (၂၈) ရက် နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်

     

    မိုးညိုမြို့နယ်မှာ မိုးရွာရန် ၉၇ရာခိုင်နှုန်း _ ၆၀ ရာခိုင်နှုန်း အထိရှိနိုင်ပြီး အပူချိန်အနေဖြင့် အမြင့်ဆုံးအပူချိန် ၃၁.၈*C မှ အနိမ့်ဆုံး အပူချိန် ၂၅*C ထိရှိနိုင်ပါတယ်။

     

    လက်ပံတန်းမြို့နယ်မှာ မိုးရွာရန် ၉၉ရာခိုင်နှုန်း _ ၆၆ ရာခိုင်နှုန်း အထိရှိနိုင်ပြီး အပူချိန်အနေဖြင့် အမြင့်ဆုံးအပူချိန် ၃၁.၇*C မှ အနိမ့်ဆုံး အပူချိန် ၂၄.၇*C ထိရှိနိုင်ပါတယ်။

     

    သာယာဝတီမြို့နယ်မှာ မိုးရွာရန် ၉၉ရာခိုင်နှုန်း _ ၆၆ ရာခိုင်နှုန်း အထိရှိနိုင်ပြီး အပူချိန်အနေဖြင့် အမြင့်ဆုံးအပူချိန် ၃၁.၇*C မှ အနိမ့်ဆုံး အပူချိန် ၂၄.၇*C ထိရှိနိုင်ပါတယ်။

     

    စပါးစိုက်တောင်သူများသို့ အကြံပြုချက်

     

    ရာသီဥတုပြောင်းလဲလာခြင်းကြောင့် မိုးစပါးသီးနှံစိုက်ခင်းများ၌ စပါးဖျက်ရွှေခရုများ အချိန် မရွေးကျရောက်လာနိုင်ပါသည်။ မိုးစပါးသီးနှံစိုက်ပျိုးမှုတွင် အရေးကြီးသော ရွှေခရုကြိုတင် ကာကွယ်နိုင်ရန် သတိအမြဲ ရှိနေရန်လိုအပ်ပါသည်။

    မိုးများတဲ့ အချိန်မှာ မှိုသတ်ဆေး၊ အားဆေးတွေ ဖျန်းမယ်ဆိုရင်တော့ မိုးအခြေအနေကြည့်ပြီးဖျန်းပေးသင့်ပါတယ်။ မဖြစ်မနေဖျန်းဖို့လိုအပ်ပါက တွယ်ကပ်ပြန့်နှံ့ဆေး ကိုထည့်ပြီး အသုံးပြုပေးဖို့လိုအပ်ပါတယ်။

    ပေါင်း နှိမ်းနင်းခြင်းများကိုလဲ စနစ်တကျပြုလုပ်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ ပေါက်ရောက်သော ပေါင်းပင်အမျိုးအစားနှင့် ကိုက်ညီသည့် ပေါင်းသတ်ဆေးကို စနစ်တကျ ရွေးချယ်သုံးစွဲရန်လိုအပ်ပါသည်။ ပေါင်းသတ်ဆေးများကို သတ်မှတ်ထားသော တစ်ဧက ဆေးနှုန်းထား၊ ဆေးတစ်ပုံးနှုန်းထားများကိုသာ အသုံးပြုပေးသင့်သည်။ ပေါင်းသတ်ဆေးဗူးပေါ်တွင် ဖော်ပြထားသော အညွှန်းစာသားများကို သေချာ ဖတ်ရှု့လေ့လာပြီးအသုံးပြုရန်မှာ အထူးအရေးပါသည်။

    ငါးပုစွန် တောင်သူများအတွက် အကြံပြုချက်

    ·      ငါးကန်သို့ စီးဝင် လာ သောမိုးရေတွင် ပတ်ဝန်းကျင်မှ အညစ်အကြေးများပါဝင်လာနိုင်သကဲ့သို့ ဩဇာ ဓါတ်များလည်း ပါ ဝင်လာနိုင်သဖြင့်သတိထားသင့်ပါတယ်။

    ·      မွေးမြူထားသောငါးများ ပုံမှန် ကြီးထွားမှုရှိရန် ရေတွင်ပျော်ဝင်အောက်ဆီဂျင်ပမာဏသည် “၅ မီလီဂရမ်/လီတာ” (5 ppm) နှင့် အထက်တွင်ရှိရန် ဂရုပြုသင့်ပါသည်။

    ·      ရာသီ၍တုအခြေအနေများဖြစ်သော မိုးတိမ်ထူထပ်ခြင်း၊ နေရောင်ခြည်ရရှိမှု ၊ လေတိုက်ခတ်မှုနှင့် လေ တိုက်ခတ်ရာလမ်းကြောင်း၊ မိုးရွာသွန်းမှု စသည်များကို နေ့စဉ်မှတ်တမ်းတင်ထားခြင်းဖြင့် ငါးကန်ရေအရည် အ သွေး ထိမ်းသိမ်းရာတွင်အထောက်အကူရရှိနိုင်ပါသည်။ 


  • article
likes7comments0
views1169