cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ငါးနှင့်ကြက်တွဲဖက်မွေးမြူရေးလုပ်ငန်းအပေါ် ဗီယက်နမ် ငါးလုပ်ငန်းအဖွဲ့ ပညာရှင် မစ္စတာ လုမှ အကြံပြုချက်

. Fish Articles
ငါးမွေးတောင်သူအနေဖြင့် မိမိရင်းနှီး မတည်နိုင်သော ငွေကြေးအပေါ် (ငါးဖိုး + အစာဖိုး +လုပ်ခ) တို့ကို တွက်ချက်ပြီးမှ မိမိကန်အတွင်း ငါးမည်မျှမွေးသင့်သည်ကို ဆုံးဖြတ်စေလိုကြောင်း၊ တနည်းအားဖြင့် အစာဖိုးတတ်နိုင်သလောက်သာ ငါးမွေးလိုကြောင်းကို ဆိုလိုပါသည်။
  • မြန်မာနိုင်ငံတွင် ငါးနှင့် ကြက်တွဲဖက်မွေးမြူခဲ့သောလုပ်ငန်းတွင် ထွက်ရှိသော ငါးများသည် ဈေး ကောင်းမရခြင်း ၊အနံ့မကောင်းခြင်းများရှိကြောင်း ဆွေး‌နွေးချက်အပေါ် ဗီယက်နမ် ငါးလုပ်ငန်းအဖွဲ့ ပညာရှင် မစ္စတာ လုမှ အောက်ပါအတိုင်းအကြံပြုပါသည်။

    ငါးနှင့်ကြက်တွဲဖက်မွေးမြူသောလုပ်ငန်းတွင် ကြက်တစ်ကောင်မွေးလျှင် ကန်အတွင်းတွင် ငါး (၅-၇) ကောက်အထိမွေးမြူပါက ကြက်ချေးမှ ရေဩဇာဖြစ်မှုကို ငါးများစားသုံးခြင်း လုံလောက်ကြောင်းတင်ပြခဲ့ပါ သည်။ သို့သော် မွေးမြူထားသော ကြက်အရေအတွက်သည် သတ်မှတ်ထားသော ငါးအရေအတွက်ထက် များနေပါက ကြက်ချေးများမှ ရေဩဇာဖြစ်မှုများပြီး ကန်ရေအပူချိန်မြင့်သောအချိန်တွင် ဘက်တီးရီးယားများ ပေါက်ဖွားတတ်ပါသည်။ ဘက်တီးရီးယားမျိုးစိတ်များစွာ ရှိသည့်အနက် ဆိုက်လိုဘက်တီးရီးယားမှာ ငါးများကို အနံ့ဆိုးဖြစ်ပေါ်စေပါသည်။ အဆိုပါ ဘက်တီးရီးယားများကို ငါးများစားသုံးမိသဖြင့် ငါးများတွင် (ဒေသအခေါ် ဒိုက်နံ့) အနံ့ဆိုးများ ရှိလာပါသည်။

    အဆိုပါ အနံ့ဆိုးများရှိလာပါက၊ အဆိုပါကန်မှ ငါးများ တိုက်ရိုက်ကုန်ထုတ်လုပ်ခြင်း မပြုလုပ်ရန်နှင့် ကြက်နှင့် ငါးတွဲဖက်မွေးမြူထားသော ငါးများကို ကန်တစ်ကန်သို့ ပြောင်းရွှေ့ရပါမည်။ အဆိုပါ ကန်တွင် ကြက်မွေးမြူထားမရှိသော ကန်ဖြစ်ရပါမည်။ ၄င်းကန်တွင် ရေ(၃)ပေ အနည်းဆုံးထည့်သွင်းပြီး ဆက်လက် မွေးမြူပါ။ မွေးမြူကာလ (၃)ရက်အကြာတွင် ငါး၏ကိုယ်ခန္ဓာပေါ် မှ အနံ့များ ကင်းလာပါမည်။ ဆက်လက် ပြီး (၂၁)ရက်ကြာ အစာကျွေးပြီး မွေးပါက ငါးတစ်ကောင်လုံးရှိ အတွင်း၊ အပြင် အနံ့များ ကင်းရှင်းလာမည် ဖြစ်ကြောင်း အကြံပြုခဲ့ပါသည်။ (၂၁)ရက်မွေးသောအချိန်တွင် ဖြည့်စွက်စာအဖြစ် ဖွဲနု၊ ပဲဖတ် နှင့် အစာ တောင့်များ ကျွေးနိုင်ပါသည်။

    ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ခုနှစ်များတွင် အစာဈေးနှုန်းသည် ယခင်ဈေးထက် အဆများစွာမြင့်တက်ခဲ့သဖြင့် အချို့သော ငါးမွေးတောင်သူများသည် အစာဈေးမြင့်တက်ခြင်းအပေါ် အရှုံးပေါ်ပြီး ငါးဆက်လက်မမွေးမြူ နိုင်ကြောင်း ဆွေး‌နွေးခဲ့ပါသည်။ အဆိုပါပြဿနာသည် နိုင်ငံတိုင်း နေရာတိုင်းတွင် ကြုံတွေ့နေရသော အခက်အခဲဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါအခက်အခဲကို အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်။

    ငါးမွေးတောင်သူအနေဖြင့် မိမိရင်းနှီး မတည်နိုင်သော ငွေကြေးအပေါ် (ငါးဖိုး + အစာဖိုး +လုပ်ခ) တို့ကို တွက်ချက်ပြီးမှ မိမိကန်အတွင်း ငါးမည်မျှမွေးသင့်သည်ကို ဆုံးဖြတ်စေလိုကြောင်း၊ တနည်းအားဖြင့် အစာဖိုးတတ်နိုင်သလောက်သာ ငါးမွေးလိုကြောင်းကို ဆိုလိုပါသည်။ သို့မှသာ ငါးကို ပုံမှန်ဖြည့်စွက်စာ‌ ကျွေးနိုင်ပြီး ငါးထုတ်လုပ်မှု မြင့်မားလာပါမည်။ တဆက်တည်းပင် ကန်အတွင်းတွင် သဘာဝ အစာကို အမြဲတမ်း ရှိနေစေရန် ဖန်တီးပြီး ဖြည့်စွက်စာကို ယခင်ကျွေးနေသည့် နှုန်းထက် (၃၀)ရာခိုင်နှုန်း လျှော့ချ ကျွေးပါကလည်း လုပ်ငန်းအဆင်ပြေနိုင်ကြောင်း အကြံပြုခဲ့ပါသည်။

    နောက်ဆုံးအဆင့် အစာဖိုး လုံးဝအကုန်မခံနိုင်ပါက မိမိငါးမွေးကန်ကို ရေဩဇာရရှိစေရန် အမြဲတမ်း ဆောင်ရွက်ပြီး တစ်ဧကလျှင် ငါး (၁၀၀၀ မှ ၁၅၀၀)အထိ ထည့်သွင်းမွေးမြူထားပါ။ ရေဩဇာရရှိရေးကိုသာ အမြဲဆောင်ရွက်ပေးပါ၊ အစာမကျွေးဘဲ တစ်နှစ်လျှင် ၆၅ ကျပ်သားခန့် ရရှိနိုင်ကြောင်း အကြံပြုချက်များအား တင်ပြလိုက်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes17comments2
views3122