cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ပေါင်းပင်များနဲ့ ပေါင်းသတ်ဆေးများအကြောင်း

. Weeds Management
ပေါင်းအမျိုးမျိုးကြောင့် ပဲ သီးနှံအထွက်နှုန်းကို ၁၀၀ ရာခိုင်နှုန်း အထိ လျော့ကျစေနိုင်ပါတယ်။
  • ကျွန်တော်တို့တောင်သူဦးကြီးများအနေနဲ့ ပေါင်းပင်ဆိုတာနဲ့ စိတ်တထင့်ထင့် ဖြစ်နေကြမှာပါ။ သီးနှံစိုက်ခင်းတစ်ခုမှာ ပိုးမွှားရောဂါ ကျရောက်ချင်မှကျရောက်မယ် ပေါင်းပင်ကတော့သေချာပေါက် ရောက်လာစမြဲပါပဲ။ ပေါင်းအမျိုးမျိုးကြောင့် ပဲ သီးနှံအထွက်နှုန်းကို ၁၀၀ ရာခိုင်နှုန်း အထိ လျော့ကျစေနိုင်ပါတယ်။ ပေါင်းပင်များကို ကာကွယ်နှိမ်နင်းနိုင်သော နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ ပေါင်းပင်နှိမ်နင်းဖို့ရာ ပေါင်းပင်တွေက ဘယ်လိုပုံစံတွေရှိသလဲဆိုတာ ပထမဦးစွာ လေ့လာကြရအောင်ဗျာ။ 

    ပေါင်းအမျိုးအစားများ-

    (၁) မြက်မျိုးရင်းဝင်ပေါင်းများ

    (၂)ရွက်ပြန့်ပေါင်းများ

    (၃)မြက်မုန်ညင်းပေါင်းများ  ဟူ၍သုံးမျိုးရှိပါတယ်။

    (၁) မြက်မျိုးရင်းဝင်ပေါင်းများ - ဆိုသည်မှာ အရွက်များသည် သေးသွယ်ရှည်လျား၍ ထိပ်ပိုင်းတွင်ချွန်နေတက်ကြသည်။ ပင်စည်လုံးဝန်းပြီး ကန့်လန့်ဖြတ်ကြည့်ပါက အခေါင်းပေါက်ပါသည်။ အရွက်အကြောများသည်လည်း တစ်ခုနှင့်တစ်ခုအပြိုင် (ရွက်ကြောပြိုင်) ဖြစ်နေကြသည်။ ဥပမာ-စပါး၊ ကြံ၊ ဂျုံ သို့သောသီးနှံပင်များ။ မြက်သီး၊ လက်သဲခွမြက်၊ မြေဇာမြက်၊ ဆင်ငိုမြက် ကဲ့သို့သောမြက်ပေါင်းများ။

    (၂)ရွက်ပြန့်ပေါင်းများ - ဆိုသည်မှာ အရွက်များသည် ရွက်ပြားကျယ်၍ ရွက်ပြားနှင့်ရိုးတံ ပါရှိကြသည်။ အရွက်ကြောများလည်း တစ်ခုနှင့်တစ်ခု ကွန်ယက်ပုံသဏ္ဌာန်(ရွက်ကြောယှက်) ရှိနေကြသည်။ ဥပမာ- ပဲမျိုးစုံ၊ ဖရဲသခွား၊ ငရုတ်၊ ဝါ ကဲ့သို့သောသီးနှံပင်များ။ လယ်ပဒူ၊ လယ်လေးညှင်း၊ မှိုနတို၊ ကြိတ်မှန်၊ ဗေဒါ၊ ငါးရံ့ပဒူ ကဲ့သို့သောပေါင်းပင်များ။

    (၃)မြက်မုန်ညင်းပေါင်းများ - ဆိုသည်မှာ မြက်ကဲ့သို့သောအပင်များဖြစ်ပြီး ပင်စည်မှာ လုံးဝန်းမနေပဲ သုံးမြှောင့်ပုံသဏ္ဌာန် ရှိကြသည်။ ကန့်လန့်ဖြတ်ကြည့်ပါက အခေါင်းပေါက်မပါပါ။ စိုစွတ်သောမြေတွင် ပေါက်ရောက်မှုများသည်။ ဥပမာ-မြက်မုန်ညင်းဥနက်၊ မြက်မုန်ညင်းဝါ၊ မြက်ကွမ်းသီးလေး။ 

    ကာကွယ်နှိမ်နင်းနည်းများ

    ၁။တားဆီးကာကွယ်ခြင်း

    - ပေါင်းကင်းစင်သောမျိုးစေ့သုံးစွဲခြင်း။

    ၂။စိုက်ပျိုးနည်းဖြင့်ကာကွယ်ခြင်း

    - ထယ်ထိုးထွန်မွှေပြုလုပ်ခြင်း၊ မျိုးရွေးချယ်ခြင်း၊ရေသွင်းရေထုတ်ပြုလုပ်ခြင်း၊ သီးလှည့်စိုက်ခြင်း။၃။ဇီဝနည်းဖြင့်ကာကွယ်ခြင်း

    - တိရစ္ဆာန်အစာကျွေးခြင်း၊ လူများမှဆေးဝါးအဖြစ်သုံးစွဲခြင်း၄။တိုက်ရိုက်နှိမ်နင်းခြင်း

    - ကိရိယာများသုံးစွဲခြင်း၊ စက်ကိရိယာများသုံးစွဲခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ ဓာတုဆေးဝါးများသုံးစွဲခြင်း။

    သီးနှံပင်များတွင် ပေါင်းနှိမ်နင်းရန်ကာလမှာ သီးနှံစိုက်ပျိုးပြီး တစ်လအတွင်း ပေါင်းပင်အရွက်(၃-၅)ရွက်ထွက်ချိန်အတွင်း နှိမ်နင်းပေးရန်လိုအပ်ပါသည်။

    ထိုကာလကိုကျော်လွန်သွားပါက ပေါင်းနှိမ်နင်းရန်ခက်ခဲပြီး သီးနှံအထွက်နှုန်း လျော့ကျစေနိုင်ပါသည်။

    ဓာတုပေါင်းသတ်ဆေးများသုံးစွဲခြင်းမှာ နောက်ဆုံးအဆင့် ကာကွယ်နှိမ်နင်းနည်းဖြစ်ပါသည်။

    ဓာတုပေါင်းသတ်ဆေးသုံးစွဲခြင်းအကြောင်း အနည်းငယ်ပြောပြလိုပါတယ်ခင်ဗျာဓာတုပေါင်းသတ်ဆေးတွေကို ပေါင်းပင်မပေါက်မီဖျန်းသောပေါင်းသတ်ဆေးနှင့် ပေါင်းပင်ပေါက်ပြီးမှဖျန်းသောပေါင်းသတ်ဆေး ဟူ၍နှစ်မျိုးရှိပါတယ်။

    ပေါင်းမပေါက်မီဖျန်းသောပေါင်းသတ်ဆေးများ-ပန်ဒီမီသလင်း၊ မက်တယ်လာကလော၊ အီမာဇီသပြာ၊   အာထရာဇင်း၊ အောက်စီဒိယာဇွန်   ပေါင်းပင်ပေါက်ပြီးဖျန်းသောပေါင်းသတ်ဆေးများတွင်ထပ်မံခွဲခြားထားပါသေးတာက ရွေးချယ်ပေါင်းသတ်ဆေးနှင့် ရွေးချယ်မဲ့ပေါင်းသတ်ဆေး ဟူ၍နှစ်မျိုးနှစ်စားရှိပါတယ်။ 

    ရွေးချယ်မဲ့ပေါင်းသတ်ဆေးဆိုသည်မှာ မည်သည့်ပေါင်းပင်ကိုမဆိုသေစေနိုင်သောအစွမ်းရှိကြသည်။ ထို့အပြင်သီးနှံပင်ကိုပါ သေစေနိုင်သောကြောင့် ဂရုစိုက်အသုံးပြုရန်လိုအပ်ပါသည်။ သီးနှံပင်မစိုက်မီ တစ်လကြိုတင် အသုံးပြုရန်သင့်လျော်ပါသည်။ ဥပမာ- ဂလိုင်ဖိုဆိတ်၊ ပါရာကွတ် 

    ရွေးချယ်ပေါင်းသတ်ဆေးဆိုရာတွင် ပေါင်းအမျိုးအစားရွေးချယ်၍ သေစေနိုင်သောပေါင်းသတ်ဆေးနှင့် သီးနှံအမျိုးအစားကို ရွေးချယ်ပက်ဖျန်းရသောပေါင်းသတ်ဆေး ဟူ၍ထပ်ရှိပါသေးတယ်။

    မြက်ပေါင်းများကိုရွေးချယ်၍သေစေနိုင်သော ပေါင်းသတ်ဆေးတွင် များကို ရွက်ကြောယှက် သီးနှံစိုက်ခင်းများတွင် နှုန်းထားမှန်ကန်စွာဖြင့် အန္တရာယ်ကင်းစွာအသုံးပြုပေးနိုင်ပါသည်။

    ဥပမာ- ဟလိုစီဖော့အာမီသိုင်း၊ ဖလူရာဇီဖော့ပီအီသိုင်း၊ ကွတ်ဇာလိုဖော့ပီအီသိုင်းသီးနှံအမျိုးအစားအလိုက်ရွေးချယ်ပေါင်းသတ်ဆေးများကတော့ များပြားစွာရှိကြပါတယ်။

    စပါးအတွက်-ဘစ်ပိုင်ရီဘက်ဆိုဒီယမ်၊ ပရီတေလာကလော၊ တူးဖိုးဒီအေမင်း၊ ကွင်ကလိုရက်၊   ဘူတာကလော၊ အီသောက်စီဆာလ်ဖျူရန်၊ ဖီနောက်ဆာပရော့ပီအီသိုင်း၊    ဘန်ဆာလ်ဖျူရန်မီသိုင်း။

    ပဲမျိုးစုံအတွက်-ပန်ဒီမီသလင်၊ အီမာဇီသပြာ၊ အောက်စီဒိုင်ယာဇွန်၊ ဖော်မီဆာဖန်

    ဝါအတွက်- ပန်ဒီမီသလင်၊ ဒိုင်ယူရွန်

    နှမ်းအတွက်-ပန်ဒီမီသလင်၊ အောက်စီဒိုင်ယာဇွန်

    ပြောင်းအတွက်-ပန်ဒီမီသလင်၊ အာထရာဇင်း၊ တူးဖိုးဒီအေမင်း၊ 

    (A.K.Z.M-2013)


  • article
likes22comments2
views2653