cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

ရေလုပ်ငန်းမှတစ်ဆင့် အမျိုးသမီးများရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ကြပါစို့

. Fish Technical Guide
မွေးမြူရေး၊ ရေလုပ်ငန်းနယ်ပယ်မှာ အမျိုးသမီးများ ဦးစီး၊ ဦးဆောင်လုပ်ဆောင်နိုင်တတ်စေရန် လိုအပ်သော နည်းပညာများ၊ အသိပညာများထောက်ပံ့ပေးနိုင်ရန်အတွက် "ထွက်တိုး" မှ ကွင်းဆင်း၍ ( ဇွန်လ ၂၁-၂၂ ရက် ) နေ့များတွင် လက်တွေ့သင်တန်းများပို့ချပေးသွားမှာ ဖြစ်ပါတယ်။
  • ယနေ့ ထွက်တိုးကနေ အမျိုးသမီးများရဲ့ စီးပွားရေးအတွေးအခေါ်စွမ်းရည် မြှင့်တင်ပေးမှုအစီအစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ လက်ကြားကြီးကျေးရွာမှာ ငါးသားဖောက်မွေးမြူရေးသင်တန်းအား သင်တန်းသား/သူ ၂၅ ဦးနဲ့အတူ စတင်ပြုလုပ်ခဲ့ပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းနယ်ပယ်မှာ အမျိုးသမီးများ ဦးစီး၊ ဦးဆောင်လုပ်ဆောင်နိုင်တတ်စေရန် လိုအပ်သော နည်းပညာများ၊ အသိပညာများထောက်ပံ့ပေးနိုင်ရန်အတွက် "ထွက်တိုး" မှ ကွင်းဆင်း၍ ( ဇွန်လ ၂၁-၂၂ ရက် ) နေ့များတွင် လက်တွေ့သင်တန်းများပို့ချပေးသွားမှာ ဖြစ်ပါတယ်။

    သင်တန်းသူ/သားများအနေနဲ့ ငါးသားပေါက်မွေးမြူရေးဆိုင်ရာ စီမံခန့်ခွဲခြင်းလုပ်ငန်းအတွက် သိသင့်သိထိုက်သော အကြောင်းအရာများနဲ့ လက်တွေ့နည်းပညာများရယူကာ ကိုယ်တိုင်လုပ်ဆောင်လာနိုင်လာမှာ ဖြစ်ပါတယ်။

    ဒီလို အံ့ဖွယ် အမျိုးသမီးတွေနဲ့ အတူ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ စီးပွားရေးလုပ်ငန်း ခရီးစဥ်ရှေ့ဆက်သွားနိုင်ဖို့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပါ၀င်လိုက်ကြပါစို့။

    ကျွန်တော်တို့ရဲ့ လူမှု့အသိုင်း၀ိုင်းအတွင်း ရေရှည် တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေဖြစ်ပေါ်ဖို့ အတူတူလုပ်ဆောင်ကြပါစို့။

    #WomenEmpowerment

    #AquacultureTraining

    #sustainableliving

    #EconomicEmpowerment

    #FishNursery #WomenInAquaculture


  • article
likes8comments2
views3595