cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

စျေးကွက်သုံးသပ်ချက် (၁၇.၆.၂၀၂၄ မှ ၂၁.၆.၂၀၂၄)

. Market Analysis
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်မှာတော့ အမြင့်ဈေး နဲ့ ရှိနေပေမယ့် အရေအသွေးပေါ် မူတည်ပြီး ဈေးအပြောင်းအလဲတော့ ရှိနေပါတယ်။ ဈေးကွက်အတွင်း ဝယ်ယူမှုလည်း တက်နေတယ်လို့ သိရပါတယ်။
  • မတ်ပဲ

     

    ဆက်တိုက်ဈေးမြင့်တက်နေခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းလာပါတယ်။ အိန္ဒိယနိုင်ငံတွင်း မတ်ပဲ ဝယ်လိုအား ကျဆင်းနေ။ မြန်မာပြည်တွင်းဘက်ကလည်း ဆိပ်ကမ်း အဝင်ပုံမှန် ရှိနေတဲ့အတွက် ဈေးပြန်အေး/ ကျဆင်းလာတာ ဖြစ်ပါတယ်။

     

    ပြီးခဲ့တဲ့ အပတ်က အိန္ဒိယနိုင်ငံ စားသုံးရေးရာအတွင်း ရေးမှုးက လာမယ့်ဇူလိုင်လအတွင်း မတ်ပဲ အများအပြားကို တင်သွင်းထားပြီး ဈေးကွက်အတွင်း လက်လီဈေးနှုန်းကိုလည်း အစိုးရ၏ ထိန်းချုပ်မှု အောက်တွင် ထားရှိဖို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လာမယ့် ဇူလိုင်လအတွင်း မတ်ပဲ ဈေးနှုန်းများ ကျဆင်းနိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်း ပဲမျိုးစုံ တင်သွင်းမှုကို လျော့ကျသွားမယ့် အစီအစဉ်ထဲက တစ်ခု အပါအဝင် ဖြစ်ကြောင်း အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

     

    အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။ တစ်တန်ကို ရူပီး ၈၉၅၀ ရှိပြီး ပြီးခဲ့တဲ့အပတ်ယှဉ်ရင် တစ်တန်ကို ၁၅၀ ရူပီး ဈေးကျဆင်းသွားပါတယ်။

     

     ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၅၈၀၀၀ ရှိခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ တစ်တန်ကို ၃၄၃၅၀၀၀ကျပ်၊ အင်္ဂါနေ့မှာ ပိတ်ပြီး ၊ ဗုဒ္ဓဟူးနေ့မှာတော့ တစ်တန်ကို ၃၄၂၆၀၀၀ နဲ့ ကြာသပတေးနေမှာတော့ တစ်တန်ကို ၃၃၉၅၀၀၀ ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၆၃၀၀၀ ကျပ်ဈေး တက်လာပါတယ်။

     

    (SQ/RC)ကတော့ တစ်တန်ကို   ၃၆၉၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၆၀၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၅၈၀  မှ ၅၆၂၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးကျဆင်းပါတယ်။

     မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၀၅ မှ ၁၀၂၅ ဒေါ်လာ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၀ ဒေါ်လာလောက် ဈေးကျဆင်းသွားပါတယ်။

     

    ပဲတီစိမ်း

     

    ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးမြင့်တက်လာပါတယ်။ နယ်ဈေးကွက်မှာတော့ အမြင့်ဈေး နဲ့ ရှိနေပေမယ့် အရေအသွေးပေါ် မူတည်ပြီး ဈေးအပြောင်းအလဲတော့ ရှိနေပါတယ်။ ဈေးကွက်အတွင်း ဝယ်ယူမှုလည်း တက်နေတယ်လို့ သိရပါတယ်။

     

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ပဲတီစိမ်းဝါးခယ်မကတော့ တစ်ပိဿာကို ၃၅၀၀ မှ ၄၆၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၃၅ ကျပ်ဈေး မြင့်တက်လာပါတယ်။

     

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၈၅၀၀၀ မှ ၁၉၈၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ်ဈေးပြန်တက်လာပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပဲ အဝင်အထွက် ‌ပေါ် မူတည်ပြီး တစ်အိတ်ကို ၁၀၀၀ မှ ၃၀၀၀ ကြား အတက်အကျ ရှိပါတယ်။

     

    နယ်ဈေးကွက်တွေ မှာတော့ တစ်တင်းကို ၅၅၀၀၀ ကနေ ၆၅၀၀၀ ကြား ရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်လောက် ဈေးကျဆင်းသွားပါတယ်။

     

    ပြောင်းဆံ

     

    ပြောင်းကတော့ ထပ်ပြီး ဈေးမြင့်တက်လာပါတယ်။ အိန္ဒိယနိုင်ငံကို အခွန်လွတ် စနစ်နဲ့ ပြောင်းတင်ပို့က စတင်နေပြီ ဖြစ်တဲ့အတွက် ဈေးကွက်ထဲလည်း အဝယ်ပြန်သွက်လာပြီး ဈေးပြန်မြင့်တက်လာတာ ဖြစ်ပါတယ်။

     

    ဒါပေမယ့် လက်ရှိ အိန္ဒိယနဲ့ စာချုပ်သဘောတူချက်အရ ပြောင်း တစ်တန်ကို ဒေါ်လာ ၂၆၈ ဒေါ်လာ ဖြင့် စာချုပ်ချုပ်ထားပြီး တစ်ကြိမ်အတွက်သာ ချုပ်ဆိုထားတယ်လို့သိရပါတယ်။ မြန်မာဘက်က ပြောင်းတန်ချိန် ၁၀၀၀၀ ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၆၈ ဒေါ်လာ နဲ့ ကမ်းလှမ်းပေမယ့် အိန္ဒိယဘက်က ရွေးချယ်မှု မပြုခဲ့ဘူးလို့ အိန္ဒိယသတင်းစာမှာ ဖော်ပြထားပါတယ်။

     

    ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ပြောင်းလိုအပ်ချက် နှစ်စဉ် ၁၆ သန်း ရှိပြီး ကြက်မွေးမြူရေးအတွက် လိုအပ်ချက်က နှစ်စဉ် ၁ သန်းခန့် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ တတိယအကြိမ်မြောက် သီးနှံအထွက်ခန့်မှန်းချက်မှာလည်း ပြောင်း တန်ချိန် ၃၆ သန်းနီးပါး ထွက်ရှိမယ်လို့ ခန့်မှန်းထားပြီး ပြီးခဲ့တဲ့ နှစ်ကတော့ ၃၈ သန်းကျော် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

     

    ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက တင်သွင်းပါက အခွန်ကင်းလွတ်ခွင့်ရရှိမည် ဖြစ်ပြီး အခြား နိုင်ငံတွေက တင်သွင်းပါက အခွန် ၇၅ ရာခိုင်နှုန်းလောက် ‌ဆောင်ရမယ်လို့ သတ်မှတ်ထားတဲ့အတွက် ပြောင်းကတော့ ခန့်မှန်းချက်အရ ရေရှည် ဈေးကောင်းနိုင်တဲ့ အခြေအနေရှိပေမယ့် မြန်မာဘက်က လိုအပ်ချက်တွေကြောင့် ဈေးနှိမ်ဝယ်ယူတာတွေ ရှိတယ်လို့ ပြောင်းကုန်သည် အချို့ကဆိုပါတယ်။

     

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၄၃၀ မှ ၁၄၅၀ ကျပ်ရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးတက်လာပါတယ်။

     

    မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၇၀၀၀၀ မှ ၇၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၃၀၀၀ ကျပ် ရှမ်း ပြောင်းကတော့ တစ်အိတ်ကို ၇၀၀၀၀ မှ ၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ် အသီးသီး ဈေးတက်လာပါတယ်။

     

    မေမီမောင်(AMIA)


  • article
likes10comments0
views2201