ပြည်တွင်းဆန်ဈေး အဆမတန်တက်လို့ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများအား ခေါ်ယူမေးမြန်းနေ
ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများအဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအားခေါ်ယူ၍ လိုအပ်သည်များမေးမြန်းဆွေးနွေး ဆောင်ရွက်လျက်ရှိတယ်လို့ ယနေ့ ဇွန် ၂၂ ရက်မှာ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိ ပြင်ပ လက်လီဈေးကွက်အတွင်းမှာ ဧည့်မထဆန် တစ်ပြည်ကို ၃၈၀၀ ကျပ်၊ နယ်စုံပေါ်ဆန်း တစ်ပြည် ၆၈၀၀ ကျပ်နှင့် ရွှေဘိုပေါ်ဆန်း တစ်ပြည်ကို ၇၈၀၀ ကျပ်မှာ ရှိနေတယ်လို့ ရန်ကုန်မြို့ ဆန်လက်လီလက်ကားစျေးကွက်မှ သိရပါတယ်။
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းရဲ့ ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ထားတဲ့စာရင်းများအရ ၁၀၈ ပေါင် တစ်အိတ်စျေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဟာ အနိမ့်ဆုံးစျေး ၁၄၆,၀၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ ၁၆၃,၀၀၀ ကျပ် ဖြစ်ပါတယ်။
ထို့အတူ ဖျာပုံပေါ်ဆန်းဆန်ဟာ အနိမ့်ဆုံးစျေး ၁၂၅,၀၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ ၁၃၆,၀၀၀ ကျပ် ဖြစ်ကာ ကြားပျံရှယ်ဆန်မှာလည်း အနိမ့်ဆုံးစျေး ၁၃၅,၀၀၀ ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ ၁၄၅,၀၀၀ ကျပ် ဖြစ်ပါတယ်။
ထို့အပြင် ပေါ်ကျွဲဆန်ဟာ အနိမ့်ဆုံးစျေး ၁၀၂,၀၀၀ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ ၁၀၅,၀၀၀ ကျပ် ဖြစ်သလို ဧည့်မထဆန်(၂၅ ရာခိုင်နှုန်း) အကြမ်း ဟာလည်း အနိမ့်ဆုံးစျေး ၇၀,၅၀၀ကျပ် ဖြစ်ပြီး အမြင့်ဆုံးမှာ ၇၂,၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။
အထက်ပါစျေးနှုန်းများဟာ ကုန်စည်ဒိုင်များမှ လက္ကားစျေးများဖြစ်ပြီး လက်လီစျေးနှုန်းတွင် အနည်းငယ်ကွာခြားနိုင်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ ထုတ်ပြန်ထားပါတယ်။
Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။
.......
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။