cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools


Your Communities


All Communities

user profile image
What's on your mind?image
Back

ရွှေဘိုပေါ်ဆန်း၊ ဧရာ၀တီပေါ်ဆန်းနှင့် ဧည့်မထ ဆန်တို့ကို သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဇွန် ၂၄ ရက်မှစတင် ရောင်းချပေးမယ်

. Market News
ရောင်းချပေးမယ့် ဈေးနှုန်းများဟာဆိုရင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ(၁၅%) တစ်အိတ်လျှင် ၇၂,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် သတ်မှတ်ထား တယ်လို့ သိရပါတယ်။
  • ရွှေဘိုပေါ်ဆန်း၊ ဧရာ၀တီပေါ်ဆန်းနှင့် ဧည့်မထ ဆန်တို့ကို သင့်တင့်မျှတသော ရည်ညွှန်းဈေးဖြင့် ဇွန် ၂၄ ရက်မှစတင်ကာ နံနက် ၉ နာရီခွဲမှ ‌ညနေ ၃ နာရီခွဲ အချိန်အထိ နေ့စဉ် ရုံးဖွင့်ရက်တွေမှာ ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF)မှ ဇွန် ၂၂ ရက် ညပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

    အဆိုပါ အစီအစဉ်ကို မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့နှင့် ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)၊ ဆန်စပါးကုန်စည်ဒိုင်(ဘုရင့်နောင်)တို့ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

    ရောင်းချပေးမယ့် ဈေးနှုန်းများဟာဆိုရင် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ်၊ ဧရာဝတီပေါ်ဆန်းတစ်အိတ်လျှင် ၁၁၀,၀၀၀ ကျပ်မှ ၁၂၀,၀၀၀ ကျပ်၊ ဧည့်မထ(၁၅%) တစ်အိတ်လျှင် ၇၂,၀၀၀ ကျပ်မှ ၇၅,၀၀၀ ကျပ် သတ်မှတ်ထား တယ်လို့ သိရပါတယ်။

    "အခုရောင်းချပေးတာက အိမ်ထောင်စုတွေကိုပဲ ရောင်းတာပါ။ ဆန်လက်လီလက်ကားအရောင်းဆိုင်တွေနဲ့ ကုန်သည်တွေမပါပါဘူး။ တစ်ပြည်ချင်းစီကတော့ အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင် မူရင်းပြစရာတော့ မလိုပါဘူး။ ၂၄ ပြည်၀င် တစ်အိတ်စီ ၀ယ်ယူမှသာ အိမ်ထောင်စုစာရင်း မိတ္တူ၊ မှတ်ပုံတင်မူရင်းတို့နဲ့၀ယ်ယူရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း လက်လီဆန်ဆိုင် ၅၈ ဆိုင်မှာပါ ရောင်းသွားမှာပါ။ ပြည်ချိန်နဲ့ပဲ ရောင်းချမှာပါ။ အိတ်လိုက်ကျတော့ ကုန်စည်ဒိုင်မှာပဲ ၀ယ်ယူရမှာ ဖြစ်ပါတယ်"လို့ ဆန်စပါးကုန်စည်ဒိုင်(ဝါးတန်း)မှ ကုန်သည်တစ်ဦးက MFN ကို ပြောပါတယ်။

    ဒါ့အပြင် ပေါ်ဆန်းတစ်ပြည် ၅,၀၀၀ ကျပ်နှုန်း၊ ဧည့်မထဆန်တစ်ပြည် ၃,၀၀၀ ကျပ်နှင့် ပေါ်ဆန်း ၁၀ ကီလို ၅ ပြည်အိတ်ကို ငွေကျပ် ၂၅,၀၀၀ တို့ဖြင့်လည်း ရောင်းချပေးသွားမှာဖြစ်သလို ၀ယ်ယူသူများမှ အိမ်ထောင်စုတစ်စုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်တစ်အိတ်နှင့် ဧည့်မထ ဆန်အမျိုးအစား ဆန်တစ်အိတ်တို့ကို အိမ်ထောင်စုစာရင်း မိတ္တူနှင့် အိမ်ထောင်စု စာရင်းမှာပါ၀င်သူတစ်ဦးရဲ့ မှတ်ပုံတင် (မူရင်း)တို့ဖြင့်၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

    ဆက်လက်ပြီး ၂၄ ပြည်၀င်အိတ်ကြီး ၀ယ်ယူလိုပါကလည်း ဝါးတန်းကုန်စည်ဒိုင်နှင့် ဘုရင့်နောင် ကုန်စည်ဒိုင်တို့တွင် လာရောက်၀ယ်ယူ နိုင်တယ်လို့သိရပါတယ်။

    ပြည်တွင်း၌ ဆန်စပါးဈေးနှုန်းများ အဆမတန်မြင့်တက်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအားခေါ်ယူ၍ လိုအပ်သည်များ မေးမြန်းဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့လည်း မနေ့က ဇွန် ၂၂ ရက် နေ့လည်ပိုင်းက ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

    Myanmar Future News မှ ကူးယူဖော်ပြအပ်ပါသည်။

    -----

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


  • article
likes7comments0
views1674