cover

Htwet Toe

coverNewsFeed
coverCommunities
coverExplore
coverInbox
coverMe

Tools

coverMarket Price
Crop Suitability Checker
Weather
Fish Feed Calculator

Your Communities


All Communities

user profile image
What's on your mind?image
Back

အာဟာရပြည့်ဝသော ဆန်ပြုတ် ပြုတ်နည်း (၁၀) မျိုး (အပိုင်း - ၂)

. Health Articles
ပုံနှင့်စာ တွဲလျက် ဖော်ပြပေးလိုက်ပါသည်။
  • article
  • မုန်လာဥနီကြက်ဥဆန်ပြုတ် 

    မုန်လာဥနီကတော့ ကလေး ခြောက်လအရွယ် မှာ စကျွေးလို့ရပေမယ့် ကြက်ဥကတော့ ရှစ်လအရွယ် မှ စကျွေးသင့်ပါတယ်။ ကြက်ဥကို ကျွေးတဲ့အခါ ကလေးကို တည့်မတည့် စမ်းသပ်ပြီးမှ ကျွေးဖို့ကို ဂရုစိုက်ပါ။ မုန်လာဥနီ ရွှေဖရုံသီးတို့လို အရောင်ချယ် အစားစာကို တစ်ပတ်မှာ နှစ်ရက်သုံးရက်ထက် ပိုမကျွေးသင့်ပါဘူး။ နေ့တိုင်းကျွေးမယ်ဆို အသား ရောင်က အဝါရောင်သန်းပြီး အသားဝါနဲ့ မှားတတ်ပါတယ်။  

    ပြုလုပ်နည်း 

    ဆန်နဲ့ မုန်လာဥကို ရောပြီး ရေ သို့မဟုတ် ကြက် ရိုးပြုတ်ရည်ထည့်ပြီး pressure cooker နဲ့ ၄၅ မိနစ် ချက်ပါ။ အချိန်စေ့လျှင် ကြိတ်ခြေပါ။ သံလွင်ဆီ အနည်း ငယ်ထည့်ပြီး ပွက်လာအောင် မီးဖိုပေါ်တင်ပြန်ကျိုပါ။ပြန်ကျိုနေတုန်းမှာ မီးအားလျော့ပြီး ကြက်ဥအနှစ်ကို ခလောက်ပြီး ဖြည်းဖြည်းစီ လောင်းထည့်၍ လက်တစ် ဖက်ကနေ တစ်ပြိုင်တည်းမွှေပါ။ ကလေးအတွက် အာဟာရပြည့် ဖြည့်စွက်စာရပါပြီ။ 


  • article
  • ဆေးဘဲဥ ကြက်သားဆန်ပြုတ် 

    ပြုလုပ်နည်း 

    - ဆန်ကို ရေစင်ကြယ်စွာဆေး၍ အိုးအကြီးတစ်လုံးထဲသို့ထည့်ပါ။ 

    - ကြက်ပြုတ်ရည်နှင့် ရေနှစ်လီတာတို့ကို ထည့်ကာ ဆူပွက်အောင်တည်ထားလိုက်ပါ။ 

    - ဆူပွက်ပါက ကြက်သား၊ဟင်းချက်ဝိုင်၊ဂျင်းတို့ကိုထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ပါ။ 

    - ကြက်သားနူးညံ့ပြီး အိသွားပါက ဆေးကြက်ဥ၊ ကြက်သွန်မြိတ်၊ဆား တို့ကို ထည့်ကာ 

    သမအောင် မွှေပေးလိုက်ပါ။  

    - အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက် အရသာကောင်းမွန်တဲ့ ဆေးကြက်ဥ 

    ကြက်သားဆန်ပြုတ်လေး ရရှိပါပြီနော်။ 


  • article
  • အုန်းနို့သာကူဆန်ပြုတ် 

    ပြုလုပ်နည်း 

    -  ဆန်ကိုရေစင်စင်ဆေးပြီး ရေကို လက်၃လုံးအထက်ထားကာ ထမင်းတည်သလိုတည်ပါ။  

    - အကြာပွက်ပြီဆိုရင် စပြီး မွှေနေလိုက်ပါတယ်။ 

    - ဒီအချိန်မှာ စပြီး သာကူလေးများစထဲ့ပြီးဖြေးဖြေးမွှေပေးပါ။ သကြားနဲ့ ဆားကို ထည့်ပါ။ အုန်းနို့နဲ့ နွားနို့ကို ထည့်ပါ။

    -  ပျစ်လာပြီဆိုရင် ပူပူနွေးနွေး အုန်းနို့ဆန်ပြုတ်လေးကို သောက်နိုင်ပါပြီ။ 

    Ei thet Blog မှ ကောက်နှုတ်ချက် 


  • article
  • အုန်းနို့ဆန်ပြုတ်  

    အရင်ဆုံးရေနွေးတည်ထားလိုက်ပါတယ်။ ရေဆူလာရင် ထမင်း ဟင်းချိုပန်းကန်လုံး 

    တလုံးစာထည့်ပြီး ပြုတ်ပါတယ်။ အုန်းနို့ကိုတော့ အမှုန့် တီးစပွန်းလေးဇွန်းစာလောက် 

    ထည့်ပါတယ်။ အုန်းနို့ကတော့ မိမိတို့လိုသလောက်ချင်ပြီးထည့်နိုင်ပါတယ်။ အုန်းနို့ 

    ထည့်ပြီးလျှင် သကြား တီးစပွန်းနဲ့ လေးစွန်းလောက်ထည့်ပါတယ်။ အချိုလျှော့ချင်ရင် 

    တော့ ၂ စွန်းလောက်ပဲထည့်ပါ။ ဝေမကျအောင် မီးအေးအေးထားပြီး ချက်ပါ။ 

    ဆားလေးအနည်းငယ်ထည့်ပါ။ထမင်းစေ့လေးတွေ ပျောက်သွားတဲ့ အထိတည်ပေးပါ။ 

    ရေလိုလျှင် ရေနည်းနည်းစီထည့်နိုင်ပါတယ်။ ထမင်းစေ့လေးတွေ ကျေလုလုအချိန်မှာ 

    အိုးကိုမီးဖိုပေါ်ကချနိုင်ပါပြီ။ 

    အဆင်ပြေလွယ်ကူတဲ့ အုန်းနို့ဆန်ပြုတ် ပူပူမွှေးမွှေးလေး တခွက်အသင့်ရပါပြီရှင်။ 

    Smoke and Spice Blog  မှ ကောက်နှုတ်ချက် 


likes
8
comments
0
views
1836